သုသာန်စောင့် နတ်သမီး မဖဲဝါအကြောင်း

Posted on

သုသာန်စောင့် “ မဖဲဝါ နှင့် တစ်ပွဲစား အင်းသရဲပိုင်ကြီး ဘိုးစံဖဲ .” အကြောင်း…. ။

ကျွန်တော် လူကြီးမင်းဟာ တစ္စေ သရဲအကြောင်း ရေးထာ အလွန်ဝါသနာပါ ၍ ၊ ဘယ်လောက်ထိ စပ်စု သလည်း ဆိုရင် …………
ကျွန်တော်တစ်လောက ဧရာဝတီတိုင်း ငသိုင်းချောင်း ရေဘေးပရဟိတ ရုပ်သံမှတ်တမ်း သွားရိုက်ကူးခဲ့တာအားလုင်္းလည်း သိကြမှာပါ ။
နေရာဒေသကလည်း ဧရာဝတီ တတိုင်းထဲဆိုတော့  ကျုံပျော်ဘက် လည်းဖြစ်ပြန် စပ်စုခြင်တဲ့  လမ်းကြောင်းကသင့်တာပေါ့  ၊
ဘာပြောပြော ဒီအကြောင်းကို ရေချို အင်းလုပ်သား တွေတော်များများသိကြတယ် ၊ ရေးဘေးပရဟိတ လုပ်ဆောင်ရင်း ၊ ရွာကိစ္စလိုက်လံရှင်းလင်းပြောပြသော ၊
လှေသမား ကိုမြ ကိုမေးကြည့်ရာ ၊ ကျုံပျော်ဘက်မှာပါ ၊

“ရွှေသူဌေးဆိုသော” ၊ အင်းသရဲခေါ်သော အင်းကြီးရှိတယ် ၊ ထောင်ကျသူတွေ ရဲဘက်စခန်းလည်းခေါ်ပါတယ် ၊
“အင်းရဲကြီး” လို့ လည်း ခေါ်သေးတယ်…
ဟိုးကမြင်နေရတဲ့  ကန်တွေဆိုရင် ယနေ့ မြန်မာနိုင်ငံ အတွက် ရေချို ငါး ၊ ပုဇွန် အဓိက ထုတ်လုပ်ပေးနေတဲ့  ကန်တရာ စီမံကိန်းတွေပေါ့  ၊ ဒီအထဲမှာ ခေတ်အဆက်ဆက်က ၊ အင်မတန်ကြီးမားသော ၊ နွေမိုးဆောင်း ရေမခန်းနိုင်သော ၊ အင်းကြီးတွေလည်းရှိတယ် ။
ဘာပဲဖြစ်ဖြစ် ဒီကလူတွေကတော့  ရှေးရိုးရာမပျက် ငါးဖမ်းရေလုပ်ငန်းတွေ လုပ်ရင် ၊ ခုနက
…တပွဲစား အစိမ်းသရဲ ကြီး” ဘိုးစံဖဲ “ကို အုန်းဌက်ပျောပွဲတင်ပြီး အရက် ကြက်သားနဲ့  တင်မြှောက်ပူဇော်ကြတယ် ။
အကြောင်းကတော့  ၊ အန္တရယ်ကင်းစေလို ၊ ရေထွက်ငါးများများရစေလိုပေါ့ ၊
အဘိုးးး မပါစပါ သားတော်တို့ ရေလုပ်ငန်းတွင် အောင်မြင်အောင်မစတော်မှုပါ ၊ အဘိုးကိုလည်း ရိုးရာမပျက် ဆက်သတော်မူပါတယ်….စသဖြင့်  အင်းလုပ်သားတို့  ရိုးရာ ။
————-
ဇတ်လမ်းက ဒီလိုပါ …………….
…အထက်မြန်မာပြည်မှ မင်းပြစ် မင်းဒဏ်ကြောင့် ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရှိသူငယ်ချင်းထံသို့ 
ဘိုးစံဖဲတို့  မောင်နှမ နှစ်ယောက် ထွက်ပြေးလာတယ် ၊
ဒီကိုရောက်တော့  သူငယ်ချင်းဖြစ်သူက ၊ ငါကတော့ ရေလုပ်ငန်းလုပ်တယ် ၊ မင်းလည်လုပ်စားခြင်ရင် ၊ ရော့ဒီမှာ အင်းကြီးမင်းလုပ်စားပေတော့ အင်းသရဲကြီးနာမည် အင်းကြီးပေး၍ ။
“ဘိုးစံဖဲ တို့  မောင်နှမမှာ “ ရိုးသားကျိုးစားမှု့ ကြောင့် မကြာခင်မှာပဲ စီးပွားရေးကောင်းလာတယ် ၊ ငါးကြင်းရွှေဝါ ငါးမြစ်ချင်းတွေဆို ရင်သူ့ အင်းက အကျဆုံး အထွက်ဆုံးပါ ။
ဘိုးစံဖဲဟာ တော်ရုံအိမ်မပြန်ဘူး သူပိုင်တဲ့  အင်းသရဲကြီးကန်စောင်းထိပ်မှာ ကန်လည်းစောင့် ရင်းတဲထိုးနေတယ် ၊
စာရေးသောက်ရေး ဆန် ဆီ ဆား ဆေးလိပ်ကို နှမဖြစ်သူ မဖဲဝါက တစ်ပါတ်တစ်ခါလာပို့ တယ်၊ ဒီလိုနဲ့ နေရင်း တစ်နေ့ ဝါခေါင်ကာလမှာ ၊ သူ့ အင်းက ရေတွေလျှံပြီး ၊ တစ်ဘက်အင်းထဲ ငါးတွေကျော်ဝင်သွားထာတွေ့ လိုက်ရလို့  ၊ တစ်ဘက်က အင်းပိုင်ရှင်အား မင်းထဲကို ငါ့ငါးတွေ ရာချီမကဝင်သွားတယ်ကွာ ၊
တစ်ဘက်အင်း ပိုင်ရှင်ကလည်း ၊ ပေါ့ ပေါ့တန်တန် တွေးပြီး ငါ့အင်းထဲ ငါးတွေ ဝင်တာ ၊ သူမြင်တယ်ဆိုတာမဖြစ်နိင်ဘူး ၊။
တွေး၍…
… ဟုတ်လား …ဒါဆိုရင် မင်းငါးတွေဝင်လာတယ်ဆိုရင် ခေါ်လို့ ရရင်ခေါ်သွာပေါ့  .. ခတ်ပေါ့ ပေါ့ ပြောလိုက်ရာ ။
ဘိုးစံမဲ မှငါ့ ငါးတွေဒီဘက်ကို ပြန်လာခဲ့ဆိုပြီး ခေါ်ပြီးပြန်ထည့်တာရှိခဲ့တယ် ၊ ဘယ်လောက်ထိ စွမ်းနေသလည်းဆိုရင် ၊ ဘယ်အင်းက ငါးအချိန် ဘယ်လောက်မှထွက်နိုင်တယ်ဆိုတာ ၊ အတိကျပြောနိုင်ပြီး ၊
သာမာန် ဟင်းစား ရောင်းစားလုပ်သူကတော့  အဘိုးစံမဲ ကျွန်တော်တို့  ငါးဟင်းစားလိုနေလို့  ငါးပေးပါလို့ ပြောရင် ရော့ ငါ့ခေါင်းပေါင်း ပုဆိုးပဲ ဖြစ်ဖြစ် ယူသွား မင်းလှေမှာထား ၊ ပေးလိုက်ထာနဲ့ 
ခနလေးအတွင်း ရလိုက်တဲ့ ငါးတွေ ၊ မသိပဲခိုဖမ်းရင်တော့  ၊ ခိုးဖမ်းတဲ့ လူရဲ့  လှေနံဘေးမှာ အံ့မခန်း ငါးတွေများစွာတွေ့ ရပြီး ၊ တစ်ကောင်မှမရဘူး ။
တခါက ဘိုးစံဖဲဟာ လက်ထောက်တပည့် ဖိုးတာနဲ့  အင်းဘေးလမ်းလျှောက်ရင်း ၊
ဘိုးစံဖဲဟာ သူ့ တပည့်အား..ဟေးကောင် ဟိုမှာတွေ့ လား ငါးဘတ်ကြီး အချိန်၁၀ ကျော်တယ် မြင်လား ၊
ဘယ်မှာလည်း သူကြီး ကျွန်တော်မမြင်ပါဘူး ၊….
ပေးစမ်းမင်းလက်ထဲက မှိန်းတံဆိုပြီး … ဘိုးစံဖဲ ရေထဲကို ဝုန်းကနဲဆို မှိန်းတံနှင့် ခုန်ဆင်းလိုက်ရာ ၊ ၈တောင်ခန့် လောက်ရှိသော ရေအနက်ထဲမှ ငါးဘတ်ကြီးအား မှိန်းတံတန်းလန်းကြီးနှင့် ပါလာ၍ ၊ ထိုငါးဘတ်ကြီးအား ဂုတ်အားဓါးဖြင့်လှီး၍ သွေးကိုစုတ်ပြီး ၊ ရော့ငါးဟု ၊ အခုမှပဲ ဗိုက်အဆာပြေတော့တယ်ဟုပြောဘူးတယ် ။
ဘိုးစံဖဲ ဟာ အင်းလုပ်ငန်း ကြီးပွားတိုးတက် နေတော့ ၊ ရွှေအတုံးခဲများ ဝယ်ပြီးစုထားလေသည် ၊
ညီမလေး မဖဲဝါရေ ။ ငါတို့ ရန်ကုန်က ရွှေတိဂုံဘုရား သွားဖူးခြင်တယ် ၊ဘုရားမှာ ရွှေသင်္ကန်းကပ်မယ် ရွှာကလိုက်မဲ့ ဘုရားဖူးတွေလည်းခေါ်ပေါ့ ၊
ဒီလိုနဲ့  အင်သူကြီး ဘိုးစံဖဲ တို့  မောင်နှမတစ်စု ရွှေတိဂုံ ဘုရားခြေရင်းရောက်လာပြီး ၊ အားလုံးက ဘုရားကိုမြင်ရနေပြီး ၊ ဘိုးစံဖဲ တစ်ဦးတည်းသာ ကျန်ထာအကုန်မြင်နေရပြီး ၊
သူ၏ရှေ့ တွင် ဘုရားစောင့် ဘီလူးကြီး ၂ကောင် ကာဆီးထားတာကြောင့် ၊ ရွှေတိဂုံ ဘုရားအား မမြင်ရချေ ၊ ထိုကြောင့် အားလုံးမြင်ရပြီး ဘိုးစံဖဲဟာ လွန်စွာစိတ်တိုသွားပြီး ၊ ရွှာကိုပြန်သွား၍ မိမိ အင်းရှိ ဆည်တိုင်တွေ အား ထိုရွှေများ အားလုံး ၊ သုတ်လိမ်း ရွှေချပစ်သည် ။
အကျွတ်တရား မရပဲ ပါဏာတိပါတာ အကုသိုလ်ကံ များနေသော တပွဲစားကြီးဖြစ်လာသည် ၊ထိုအင်းထဲမှာနေရင်း ၊ အင်းထဲမှာကိုယ်တိုင် ချက်ပြုတ်စားသောက်ရာမှ ကြာလာသောအခါ …
အရက်အမှုးလွန်သောအခါကျရင်………….
ဒီထဲကငါးတွေပဲ အစိမ်းလိုက် ဖမ်းစားတယ် ၊
ချက်ပြုတ်စားထားတလည်းမတွေ့ ၊ ဘေးမှာ ငါး အရိုးပုံတွေ အကြေးခွံတွေသာမြင်ရ၍ သွေးသံရဲရဲ အစိမ်းလိုက်စားနေတာတစတစ ဖြစ်နေတယ် ၊
ရန်ဖန်ခါ တောထဲတွင် ဂျီ ဆတ် စိုင် သမင် တွေကိုလိုက်ဖမ်း တတ်ပြီး အမဲကောင်တွေအား အရက်မှုးနေသော ဘိုးစံဖဲဟာ မီးမကင်မဖုတ်ပဲ သွေးသံရဲရဲ အစိမ်းလိုက်စားနေတာဖြစ်ကုန်တယ် ၊
ထိုကိစ္စကို သူ၏တပည့်ဖြစ်သူ ဖိုးတာ …မှလွဲပြီး ဘယ်သူမှမသိချေ ၊
တကယ်တော့  ဘိုးစံဖဲမှာ အသက်ရှင်လျှက် လူတစ်ပိုင်း အင်းသရဲကြီးတပိုင်းဖြစ်နေသည်

တစ်နေ့ တွင် အင်းကတော်ကြီး မဖဲဝါ မြို့ မှပြန်လာ၍ ၊ သူ၏အကိုယ် အခြေနေအကျိုးကြောင်းကို ဖိုးတာမှပြောပြရာ ….။
မဖဲဝါမှ လည်း အကိုဖြစ်သူ အင်းထဲရောက်နေထာကြာပြီ ဘာသတင်းမှလည်း မကြားရဘူး အစာရိက္ခာ ပြတ်လတ်လောက်နေပြီဖြစ်သဖြင့်  ၊ ရိက္ခာနှင့် ထ္မင်းထုတ် တထုပ်ပို့ ခိုင်းလိုက်လေသည် ။
သုသာန်စောင့် မဖဲဝါ ဖြစ်သွားသူ မဖဲဝါမှာ …
အကျီ လုံခြည် ဗြောင် အဝါရောင်ဝမ်းဆက်ကိုဝတ်ပြီး ၊
ထ္မင်းထုတ်ကလေး ခေါင်းပေါ်တင် ဆေးလိပ်နှင့်  မီးချစ်ကို ထ္မင်းထုတ်လေးမှာထည့် ပြီး ၊ အကိုရှိရာအင်းသရဲကြီး ဘက်ဆီရောက်သွားခဲ့ သည် ၊။
ထိုနေ့ မှာ မြန်မာ ပြက္ခဒိန်အလိုအရ ၊ ပြသဒါးနေ့ ၊ အနောက်တိုင်း အင်္ဂလိပ် ပြက္ခဒိန်အရ (၁၃) ရက်နေ့  ၊ သောကြာနေ့ များနှင့် လည်းတိုက်ဆိုင်နေပြန်သည် ၊ ထိုနေ့ မျိုးအား ကြမ္မာဆိုးနှင့် တိုးတတ်၍ လူအများ ရှောင်ရှားသွားကြသည် ။
သို့ သော်မဖဲဝါမှာ သူ့ ကြမ္မာကိုမသိရှာပေ…
သစ်ပင် ဝါး ပင်ထူထပ်လှသော တောအုပ်ကိုဖြတ်၍ မဖဲဝါတစ်ယောက် သူအကို အင်းသရဲကြီးထံ ထ္မင်းထုတ် စားသောက်ဖွယ်ရာ ရိက္ခာများ ခေါင်းပေါ်တင်ပြီးသွာေးရာက်ပို့ ခဲ့ သည် ။
လမ်းမှာ ရွှာမှကိုကြိးသာဝနှင့် တွေ့ ပြီး … ဘယ်လည်းမဖဲဝါ ။
ကျွန်မ အင်းသရဲကြီးဘက်သွားပြီး အကို့ ဆီရိက္ခာသွားပို့ မလို့ ပါ ..
“ အေး ကောင်း၂သွားဟ နင့်အကို ရန်ကုန်ကပြန်လာပြီးတည်းက အရက်တွေ နေ့ ညသောက်ပြီးသွေးဆိုးနေတာ…
ရွှေတိဂုံဘုရားသွားတာလည်း မမြင် တားမြစ်တဲ့  လက်မဲမဲကြီးတွေသာမြင်… အင်းတိုင်တွေကြည့်ပြန်တော့ လည်း ရွှေရောင်တွေ တဝင်းဝင်း ။
လူကြမ်းတော့  နတ်မခံသာ ဆိုသလို … အကုသိုလ် စရိုက်ကြီးလွန်းတော့ …ရွှေတိဂုံ ဘုရားကိုစောင့်ရှောက် နေတဲ့  သမ္မာ နတ်ဒေဝါတွေက ဖူးခွင့်မပြုထာနေမှာဟု မဖဲဝါပြောလေသည် ၊
မဖဲဝါလည်း …သူ၏ရိက္ခာတောင်းကလေးကို ခေါင်းပေါ်တင်ပြီး တမိုင်ကျော်ကျော်ခန့် တောအုပ်ကိုဖြတ်မိသောအခါ ၊ ……….
အရှေ့ ဆီမှ အရိပ်မည်းမည်း ထွားထွား ကြိုင်းကြိုင်းသဏ္ဍန်ကြီးတစ်ခု မဖဲဝါ လှမ်းမြင်တွေ့ လိုက်ရပါသည် ။
ထိုအချိန်တွင် မဖဲဝါ၏ အကိုဖြစ်သူ အင်းသူကြီး ဖိုးစံဖဲ မှာ လူသားစင်စစ်ဘဝမှ တပွဲစားကွင်းပိုင်ကြီးဖြစ်နေလေပြီ ၊
အင်းသရဲကြီး အနီးရှိ…………..

မဖဲဝါလဲကျသွားသောအခါ…
နာနာဘာဝ တစ္စေ သရဲများက အခေါင်းတလားကြီးတစ်ခုကို ထမ်းပြီးပြေးထွက်လာသည် ဆိုသော……………..
အင်းသရဲကြီးကွင်းပိုင် ဖိုးစံဖဲ နှင့်  မြန်မာတစ်နိင်ငံလုံးင်္သချိုင်း သုသာန်စောင့် နတ်သမီး မဖဲဝါ အပိုင်း(၂)ဇာတ်သိမ်းပိုင်းလေးဖတ်ရအောင်…
##################################
…တောင်ကောင်သဘာဝ၏ လှည့်စားမှု့ ကြောင့် အကျီ ထမီ အ၀ါရောင်ဝမ်းဆက် ဝတ်ဆင်ထားသူ မဖဲဝါကို တောကောင်ဟုပင်ထင်မှတ်ပြီး (ထို့ ကြောင့်တောထဲ တောင်ထဲသွားလျှင် အဝါရောင်ကို ဝတ်ဆင်ရန် အချို့ဒေသခံများက ရှောင်ရှားကြသည် ။
တောမှောင်ခြင်း သို့  တောခြောက်ခြင်းပင်ဖြစ်လျှင် ကျားသတ္တဝါက မယ်သီလှရှင် အသွင်သဏ္ဍန်ဆောင်တတ်လာခြင်း ၊ သာဓက အဖြစ်ပျက်အမျိုး၂ ရှိတတ်သောကြောင့်ဖြစ်သည် ။
ယခု တပွဲစားကွင်းပိုင်ကြီးမှာ အကုသိုလ်စိတ်တွေ ဖိစီးလွမ်းမိုးနေသဖြင့် ညီမအရင်း မဖဲဝါကို ၊ မဖဲဝါဟုမမြင်တော့ ၊တောကောင်သာထင်မှတ်ပြီး မဖဲဝါနောက်ကို အကိုဖြစ်သူအင်းသူကြီးမှာ အတင်းဝင် ဓါးကြီးကြီးဆွဲကိုင်ကာ ပြေးလိုက်လာတော့သည် ။
မဖဲဝါလည်း အကိုဖြစ်သူ စိတ်ဖေါက်ပြန်ပြီး သူ့ နောက်ကို ဒရောသောပါးနဲ့ ပြေးလိုက်နေတာ တွေ့ ရတော့  ကြောက်အားလန့် အား နဲ့ ထွက်ပြေးရင်း …
” အကိုလူမှားမယ် .. ၊ ညီမလေးမဖဲဝါလေ ၊အကိုသတိထားဦးမှပေါ့ .” ဟုသတိပေးစကား အော်ပြီးပြောကြားနေသော်လည်း ။ ဂရုမစိုက်ချေ ။ အကိုဖြစ်သူ တပွဲစားကွင်းပိုင်ကြီးမှာ..
သူ၏ မန္တစက္ခုအမြင်မှာ ညီမဖြစ်သူမဖဲဝါကို တောသမင်တကောင် အမှတ်နှင့်  အမြင်မှား အထင်မှားစွာ အတင်းပြေးလိုက်နေပါတော့သည် ။
” အမ်မလေး.. ကယ်တော်မှုကြပါအုန်းရှင့် ” ဟုဆိုပြီး … မဖဲဝါတစ်ယောက် တကျော်ကျော် အော်နေပါသော်လည်း လူသူရပ်ရွှာ မနီးတောအုပ်ကြီးထဲတွင်ဖြစ်နေပါသဖြင့်  ကူညီမည့်သူမပေါ်ပဲ ဖြစ်နေရှာသည် ။
ကြောက်အားလန့် အားနှင့်  ခြေဦးတည့်ရာထွက် အပြေးမှာ မဖဲဝါလည်းရွာက သုသာန် သချိုင်းကုန်းဘက်ဆီသို့ ရောက်သွားသည် ။
ထိုအခါ နာနာဘာဝ တစ္စေ သရဲများက အခေါင်းတလားကြီးတစ်ခုကို ထမ်းပြီးပြေးထွက်လာသည် ကို မဖဲဝါမြင်တွေ့ လိုက်ရသဖြင့်  လန့် ဖျပ်သွားသည် ။
ကြောက်ကြောက်နှင့်  ပြေးနေရဆဲ မဖဲဝါလည်းလယ်ကန်သင်းရိုးနှင့် ခလုပ်တိုက်မိပြီး..လဲအကျမှာ အမောဆို့  အသက်ပါသွားကာ နတ်စိမ်းဘဝကို တမဟုတ်ခြင်းရောက်သွားသည် ။
————–
ထိုကဲ့သို့ မဖဲဝါ တစ်ယောက် နတ်စိမ်းဘဝရောက်သွားချိန်မှာ ၊ ဆိုင်ရာပိုင်ရာ နတ်ထိမ်းကြီးများကို အပိုင်စားနေရာတစ်ခုကို တောင်းခဲ့သည် ။
အပိုင်စားပေးရန်မှာလည်း ၊ သူ့ နေရာနှင့် သူ ပြည့်လျှံ နေသောကြောင့် မရှိသလောက်ပင်ဖြစ်နေပြန်သည် ။
ထို့ ကြောင့် မဖဲဝါကို မိစ္ဆာနတ်မင်းကြီးတစ်ပါးက—-
မြန်မာတစ်ပြည်လုံးရှိ ### သချိုင်း သုသာန်စောင့် ##‪#‎အဖြစ်တာဝန်ပေးပြီး‬ .
.. ” လူသေအခေါင်းပေါ်က စမြိန်ထ္မင်းထုတ်ကို စားသောက်စေဟု ” ဆိုကာ အမိန် ချမှတ်ခဲ့ပါသည် ။
————–
ထိုသို့  မဖဲဝါဖြစ်ရပ်မှန်ကို မသိသူများက သချိုင်းသုသာန်စောင့် အစိမ်းသရဲမဟု ထင်မှတ်နေကြသည် ။
အမှန်တစ်ကယ်မှာ အစိမ်းသရဲ မ မဟုတ်ချေ ။ အင်းသရဲ တစ်ပွဲစားကွင်းပိုင်ကြီး၏ ညီမအရင်းခေါက်ခေါက်သာဖြစ်ပေသည် ။
မြန်မာတစ်ပြည်လုံးရှိ သချိုင်းတွေကို စောင့်ရှောက်နေသော နတ်ဖြစ်သည်ဟု မဖဲဝါကို ပြောဆိုနေကြပေသည် ။
အကိုဖြစ်သူ တစ်ပွဲစားကွင်းပိုင်ကြီးမှာလည်း ..သူ့ ညီမ မဖဲဝါတစ်ယောက် ၊ ရွှာသချိုင်းကုန်းအနီး လယ်ကန်သင်းစပ်ရိုးမှာ.. လဲကျသေဆုံးသွားစဉ် ကတည်းက သူနေခဲ့ သော အင်းသရဲကြီး ဆီသို့ မရောက်တော့ချေ ………..
အလှူမဏ္ဍပ် ဆောက်ထားပြီးဖြစ်သောရွာကိုလည်း မလာတော့ချေ ၊
### ဘယ်ဘဝရောက်၍ ဘယ်ပျောက်သွားပြီလည်း?
ဖိုးစံဖဲ ၏ဇနီး အင်းသူကြီးကတော်မှာလည်း ၊ ရွာထဲမှလူများစုဝေး၍ လိုက်ရှာကြလေသည် ။
အင်းသရဲ ကြီးနှင့်  မနီးမဝေး မြစ်ကြီး၏ ချောင်ကျလှသည့် ရေစပ်တွင် .. အဝတ်ပုံတစ်ပုံ လူတစ်ယောက်မြင်သဖြင့်  လှမ်းအော်လိုက်သည် ။…
ထိုရေစပ်နှင့် မနီးမဝေးတွင် ၊ အင်းသူကြီး၏ စွတ်ကျယ် အကျီနှင့်  အဖြူပေါ်အနက်ကွက်လုံချည်သည် ။မလှုပ်မယှက်နှင့်  စုပုံနေသည် ။ ချေရာများမှာ ကမ်းစပ်မှရေထဲ ဆင်းသွားကြောင်းကို ဖြူဖွေးနေသော သဲသောင်ပြင်တွင် ထင်ရှားစွာပေါ်လွင်နေသည် ။
ကိုဘိုးသာဝမှာ က်ြသေသေနေရာမှ ” ဝုန်းကနဲ ” မြစ်ရေထဲပြေးဆင်း၍ ရေထဲတွင် ငုတ်ချည် ဖေါ်ချည်လုပ်ကာ မိမိဆရာသမားကိုလိုက် လံရှာဖွေရာ ၊ သို့ သော်လည်း မိုးသာ စင်စင်လင်းထိ တိုင်အောင် ရှာဖွေပါသော်လည်း အစနပင် မတွေ့ ကြပါတော့ချေ……….
ဆက်စပ်နေသော ကွင်းပိုင်ကြီး ဖိုးစံဖဲ ဘယ်လိုလုပ်ပြီးအစ ပျောက်သွားတယ်ဆိုတာ စာဖတ်သူတို့  စဉ်းစားကွက်တစ်ရိပ်ရိပ်ပေါ်နေပေမည် ။
မဖဲဝါ ကွင်းဆက် စာအုပ်တစ်အုပ် တွင်ဖတ်လိုက်ပါသည် ။
ဒီလိုပါချင်ဗျာ.
.အဲဒီ အင်းသရဲကြီး ဖိုးစံဖဲတွင် သားထက်မကချစ်ရသော လက်ရုံးတစ်ပည့်ကြီး ဦးဘိုးသာဝ ၏ ဇနီးသည် ဒေါ်ဆား ဆိုသူ မျက်ရည်စတွေဖြင့်  အမယ်အိုကြီး ပြောပြချက်အရ ..
… ဒီလိုကွဲ့ ငါ့မြေးတို့ ရဲ့ ….အဘွားယေက်ကျား ဘိုးသာဝကလည်း ..သူ့ ဆရာ ဖိုးစံဖဲ အင်းသူကြီးမြစ်ထဲဆင်းပြီး သေပြီလို့ မှတယ် မကြာသေးဘူး..တစ်လလောက်ပဲကြာအုန်းမယ် ။
အိပ်နေရာကနေ သူ့ ဆရာ အင်းသူကြီးခေါ်သံ ကြားတယ်ဆိုပြီး ၊ ထသွားတယ်..
ဒီလိုနဲ့ အင်းစပ်ကိုရောက်သော်…သူ့ ဆရာက ကိုယ်တီးလုံးကြီးနဲ့  လက်ယပ်ခေါ်နေပြီး ၊
” ဟဲ့ … ဘိုးသာဝ ၊ ငါ့ဆီလာခဲ့ ၊ ငါနဲ့ အတူလိုက်နေလို့ ” ပြောတယ် ၊ သူထသွားတာလည်း အဖွားမသိလိုက်ပါဘူး ။
ဒါ့ ကြောင့် အပြင်မှာ တစ်ကယ်ဖြစ်တာမျိုး ဆိုလည်း ဟုတ်ခြင်ဟုတ်မှာပါ .. စိတ်စွဲလမ်းပြီး အိမ်မက်တွေ မက်တာလည်းဖြစ်ခြင်ဖြစ်မှာပေါ့  ၊
ဒါပေမဲ့ …..
အဲဒီလိုပြောပြီး ၃ ရက်လောက်အကြာမှာ ဘိုးသာဝ တစ်ယောက် အပြင်းဖျားလိုက်တယ် ။
အိမ်ရှေ့ ကိုလည်း ” ခေါင်းတလားကြီး တစ်ခု ထူးဆန်းစွာရောက်လာတယ်ဆိုပြီး ”
ဒီလိုနဲ့  မကြာခင်မှာသေသွားရှာပါတယ်…..ထိုဇတ်လမ်း အဆက်ကိုပြောပြနေသော တပွဲစား အင်းပိုင်ကြီး၏ တပည့် သေဆုံးသွားသူ ဦးဘိုးသာဝ ဇနီး အမယ်အို ဒေါ်ဆားသည် ၊
မနီးမဝေးတွင်ရှိသော ထိုဖြစ်ပျက်ခဲ့သည့် အင်းကြီးကိုကြည့်ကာ ..ငိုင်နေရှာသည်…အတိတ်မှ အဖြစ်ပျက်တွေကို မျက်စေ့ထဲပြန်လည် မြင်ယောင်လာဟန် တူပေသည် ။
စာဖတ်သူများ.. က္ကုစိတံ လိုရာဆန္ဒပြည်ဝပါစေ ….
ရှာဖွေတင်ပြရေးသူ
လူကြီးမင်းပါ..****ကီးဘုတ်ကလေးပေါ်မှာ လက်ချောင်းလေးတွေ ပြေးလွှား ခဲ့တာ … ပင်ပန်းရကျိုးလေးနပ်အောင်..***%%%% စာဖတ်သူများ နှလုံးသားထဲက ချေရာကလေးများ ကွန့် မက်ထဲရေးခဲ့ပါအုန်းလို့ %%%%
ဆက်လက်ရှာဖွေရေးသားပါအုန်းမည်……….

Credit-အလင်းရောင်ကြယ်များ ( လေးစားစွာဖြင့် )

Leave a Reply

Your email address will not be published. Required fields are marked *