လူပြတ်တဲ့ နေရာ မှာ ATM က ငွေထုတ်မယ် ဆိုရင် သတိထားကြပါ ၊ ခေတ်က မယုံရတော့ဘူး

Posted on

လူပြတ်တဲ့ နေရာမှာ ATM က ငွေထုတ်မယ် ဆိုရင် သတိထားကြပါ ၊ ခေတ် က မယုံရတော့ဘူး

၁၂ လမ်းထိပ် က စီဘီဘဏ် atm မှာပိုက်ဆံထုတ်နေတုန်း နောက်ကနေ ခါး ကို လူတယောက် လာဖက်တယ် လှည့်ကြည့် လိုက်တော့ အသက် ၃၀ ကျော်လောက်ရှိ့မဲ့ သူတယောက် ပထမတော့ ကြောင်သွားတယ် ပြီးတော့မေးလိုက်တယ် မင်းဘယ်သူလဲပေါ့ ။

အဲ့ကောင်ကပြန်ဖြေတယ် ဟျောင့်မင်းငါ့ကိုမမှတ့်မိ့ဖူးလားတဲ့ ငါ ကိုထက်လေတဲ့ ကိုယ်လဲဇဝေဇဝါဖြစ်သွားတယ် (ဆေးသမားလိုလို အရက်သမားလိုလိုပုံစံနဲ့) အေးကွာငါမမှတ်မိ့ဖူးလို့ပြောတော့ သားကြီးကလဲကွာ ငါနိုင်ဇော်ညီလေကွာ တဲ့ တကယ်လဲကျနော်နဲ့မသိ့ဖူး မင်းဘယ်မှာနေတာလဲထပ်မေးလိုက်တော့ ၆ လမ်းမှာနေတာတဲ့ ငါအခုအိမ်ပေါ်က ဆင်းလာတာတဲ့

ဟျောင့်လို့ မင်းကိုငါတကယ်လဲမသိ့ဖူး ငါ့သူငယ်ချင်းလဲမဟုတ်ဖူး မင်းဘာဖြစ်ချင်လို့လဲမေးတော့ လူကို မိုက်ကြည့် ပြန်ကြည့်နေတယ် အဲ့အချိန် atm စက်ကလဲ ထုတ်မဲ့ပိုက်ဆံကထွက်လာပြီ ငတိ့ကရှေ့နဲနဲတိုးလာပြီး ငါကိုကူညီပါကွာတဲ့ ဆိုပြီး ပိုက်ဆံတောင်းရော..အဲ့တော့မှ ဟျောင်လို့ငါမကူညီနိုင်ဖူးလို့ ငါ့သူငယ်ချင်းလဲမဟုတ်ဖူးလို့ ပြောတော့

သားကြီးရာကူညီပါကွာဆိုပြီး လုမဲ့ပုံစံနဲ့ ကျနော့်လဲ ဟျောင် မင်းသွာတော့ဆိုပြီး တွန်းပြီးလှည့်ထွက်လာရော နောက်ကနေ ထပ်လိုက်လာတယ် ငတိ့က ..အဲ့တော့ ၁၃ လမ်းထိပ်မှာရှိ့တဲ့ ရဲစခန်းဘက်ကို ကျနော်လဲဖြတ်ကူးလိုက်ရော ဆက်မလိုက် တော့ ဘဲကျန်ခဲ့တယ်…ပြောချင်တာက ဘယ်နေရာဘယ်သွားသွား သွားသတိလာသတိလေးရှိ့ဖို့ လုံခြုံမှု့ဆိုတာ ပြောမရတဲ့ခေတ်ကြီးဖြစ်သည်။

Min Thura (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *