အလှအပမက်မောသူတွေ အထူးသတိထားသင့်တဲ့ ဆံပင်ဆိုးဆေး ဓာတ်မတည့်မှု

Posted on

ဆံပင်ကို လှပအောင်အရောင် ဆိုးကြ တဲ့ ခေတ်ကြီး မှာ ဆံပင်ဆိုးဆေးတွေ ဟာ လူတိုင်း နဲ့ မတည့်ဘူး ဆိုတာ ကို တော်တော်များများသိကြပါတယ်။ တချို့ဆို ဦးရေပြားတွေ အနာတွေဖြစ်ကုန်တာမျိုး နဲ့ ဆံပင်တွေ ကျွတ်ကြတာမျိုးတွေ ဖြစ်ကုန် ပါတယ် ။ စတက်အိုဒယ် ဆိုတဲ့ အမျိုးသမီးကတော့ နည်းနည်း ထူးဆန်းခဲ့ ပါတယ် ။

မကြာခင် ရက်ပိုင်း မှာ ခရီးသွားဖို့ရှိနေတဲ့ အိုဒယ်တစ်ယောက် ဆံပင်ဆေးဆိုးဖို့ အလှပြင်ဆိုင်ကို သွားခဲ့ပါတယ်။ အသက် (၂၄)နှစ်ရှိနေပြီဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ရဲရဲချလိုက်ပြီး၊ အလှအပကို လုပ်ဆောင်ဖို့ပဲ ဦစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ PPD ဓာတ်ပေါင်းနဲ့ မတည့်တဲ့ သူမရဲ့ အသားအေရနဲ့ ဆံပင်ဟာ ရှိရင်းစွဲမျက်နှာထက် သုံးဆလောက်ပိုကြီးလာတယ်ထင်ရတဲ့ ဖောင်းဖောင်းကြီးဖြစ်လာခဲ့ပါတယ်။

မျက်လုံးက လုံးဝပိတ်သွားတာဖြစ်ပြီး၊ ပါးစပ်ကလွဲလဲကျန်တဲ့ မျက်နှာအရေးပြားနဲ့ ဦးခေါင်းတစ်ဝိုက်ဟာ ဖူးရောင်လာပါတယ်။ သူမက ဒီလောက်ထိဖြစ်မယ်မှန်းမသိပေမဲ့ အသက် (၁၅)နှစ်တည်းက မတည့်တာကို သိထားပါတယ်။ (၁၈)ပြည့်တုန်းကလည်း တစ်ခါလုပ်ခဲ့ပြီး၊ အဲဒီအချိန်တုန်းကလည်း ဖြစ်ဖူးခဲ့ပါသေးတယ်။ လှချင်စိတ်လေးရှိနေချိန်မှာ ဆံသားကိုဆေးဆိုးဖို့ ဆုံးဖြတ်လိုက်ပြီးထပ်လုပ်ခဲ့တဲ့ အကျိုးက မကောင်းခဲ့ပါဘူး။

ဒီဓာတ်နဲ့ မတည့်သူတွေဟာ PPD ပါဝင်တဲ့ မျက်ခုံးဆိုးဆေး၊ မျက်တောင်ဆိုးဆေးတွေနဲ့မတည့်သလို တက်တူးဆိုရင်လုံးဝထိုးဖို့ မသင့်တော်ပါဘူး။ အရေပြားကင်ဆာဦးတည်သွားနိုင်သလို အခန့်မသင့်ရင် ဒီထက်ပိုဆိုးတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဆိုးဆေးတွေဟာ ပုံမှန်အားဖြင့် ဓာတုပစ္စည်းတွေကို အခြေခံထားတဲ့ ဓာတ်ပေါင်းတွေပဲဖြစ်လို့ မတည့်ရင်လုံးဝ သုံးမရတာအမှန်ပါ။

အိုဒယ်က သူ့အတွေ့အကြုံကို နောက်လူတွေ သတိထားမိဖို့ မျှဝေခဲ့ပြီး၊ အကယ်လို့ မတည့်တာတွေရှိတယ်ဆိုရင် မလုပ်ဖို့ကို တားမြစ်ခဲ့ပါတယ်။

သူရေး (D Nae Thit)

Leave a Reply

Your email address will not be published. Required fields are marked *