” ပရလောကသားများ.. ကြောက်ကြသည့်… “ အခေါင်းရိုက်သံ ” ..(ဖြစ်ရပ်မှန်) “

Posted on

” ပရလောကသားများ.. ကြောက်ကြသည့်… “ အခေါင်းရိုက်သံ ” ..(ဖြစ်ရပ်မှန်) ”

ကံလှရွာ ၊ ထို ရွာ​လေးကား ကမ္ဘာ​ကျော် ​ လီဒိုလမ်းမကြီးနှင့်​ ပြည်​​ထောင်​စု လမ်းမကြီး ဆုံရာ လမ်းပန်းဆက်​သွယ်​​ရေး ​ကောင်းမွန်​​သော ရွာ​လေး မို့ လူ​ပေါင်းစုံ အလုပ်​​ပေါင်းစုံ​နှင့်​ ကချင်​ပြည်​နယ်​တွင်း အချက် ​အချာကျ ​နေ​ပေ သည်​။ ရှမ်း ဗမာ တရုတ်​ ကချင်​ စ​သော လူမျိုးများ များပြာ သဖြင့့်​ ဤ ဇာတ်​လမ်းဖြစ်​ တည်​ရာ ရွာအစွန်​ မှ သုသာန်​မှာ သူ့အစုနှင့်​သူ လမ်းမကြီး မှ ခွဲထား ​သောလမ်း​သွယ်​​လေး၏ တဖက်​တချက်​ တွင်​ ရှိ​​လေ ၏ ။

လယ်​သိမ်းချိန် လယ်​လုပ်​ချိန်​တွင်​ ထိုသုသာန်​လမ်းအား အသုံပြုက​လေသည် ယခုလည်း စပါးယပ်​ (သို့) စပါ​လှေ့ရန်​ ရှိသည်​မို့ ​အောင်​ခိုင်​မြင့်​ တ​ယောက်​ များပြာလှ​သော စားသောက်​ဖွယ်​ရာများကို ည​နေတည်းက တင်​​နေသည်​မှာ မိုးချုပ်​​နေတာ​တောင်​မပြီးနိုင်​​သေး စပါးယပ်​လျှင်​ လူအင်​အား ၁၀​ကျော်​ အနည်​ဆုံး ရှိတာ​ကြောင့်​ ထမင်းဟင်းမျာကို အိုကြီးအိုးငယ်​ဖြင့်​ ထည့်​၍ ယူသွားရ​လေသည်​ ဒါက ​ကျေးရွာဓ​လေ့ လယ်​ရှင်​က လာကူသူ​တွေကို​ကျွေးရခြင်းပင်။

ဟေ့ …..​ကျော်​စိန်​ ​ဝေး…….. ပီးပီ ​ဟေ့ လာ​တော့ ကို​ထွေးပါ​ခေါ်ခဲ့ တဖက်​အိမ်​မှ သူငယ်​ချင်းမျာကို​လယ်​​တောသွာရန်​​ခေါ်ရင်း လှည်းတွင်​နွားမျာတပ်​ထားလိုက်​သည်​ ခနအကြာ သ​ကောင့်​သား နှစ်​​ယောက်​ ​ရောက်​​ချေပြီ ဟာ …ကို​ထွေး ညကြီးမှ ဘတ်​ခွ(​လေးခွ) ကြီးကဘာလုပ်​ဖို့လည်း…. ​ရော်​…ကို​အောင်​ကလည်း ငါတို့က ရွာ​ဟောင်း​ညောင်​ပင်​​အောက်​ကဖြတ်​ရမ ယ်​​လေ ဒါ​ကြောင့်​….. ဟုတ်​သည်​ သုသာန်​ မှာ မ​ခြောက်​​ပေမယ့်​ သင်းချိုင်းကုန်း အလွန်​က ရွာ​ဟောင်​သည်း ​မြေအလွန်​ကြမ်း​လေသည်​ မဟုတ်​​လော ယခင်​ကရွာရှိ​သော်​လည်း ၇ွာဆက်​ပြတ်​သဖြင့်​ သူပုန်​(KIA) ​ကြောက်​ရ​သော​ကြောင့်​ နီးစပ်​ရာ ကံလှရွာသို့ ​ပြောင်း​ရွှေ့ ​နေထိုင်​ရင်း လူ​နေအိမ်​​ခြေ မရှိ​တော့ဘဲ ရွာ​ဟောင်းကုန်း ဟု တွင်​သွားခြင်းပင်။

ယခုလည်း ရွာ​ဟောင်းကုန်း ကိုဖြတ်​ရမည်​ဆို​တော့ လိုရမည်​ရ ဘတ်​ခွနှင့်​ ​လောက်​စာများ ကို​ထွေးမှယူလာခြင်းပင်​ ဘာလဲဗျ …ကို​ထွေးက ​ကြောက်​လို့လား ဟ……​ကို​အောင်​ရာ သရဲ ဆိုတာ လူကဖြစ်​တာကွ ​ကြောက်​စရာလား စားစရာ​တွေ ပါသွားမှာစိုးလိုကွ ​သြော်​ သိဘူး​လေဗျာ ​ကျော်​စိန်​ရော လာပီ …လာပီ ဟု​ဆိုရင်း လူပါ ​ပြေးလာ၏ ကို​ထွေးက… ကဲ ​အောင်​ ​အောင်​ ယူစရာကုန်​ရင်​ သွားစို့ ဟုတ်​…ကို​ထွေး တက်​ဗျာ လစ်​စို့….. အ​မေ့​​ရေ …. ကျ​နော်​တို့သွာပြီ အ​မေ့ကိုနုတ်​ဆက်​၍ လှည်း​မောင်းလိုက်​​လေသည်။

ကျောစိန်​နှင့်​ကို​ထွေးမှာ ကျ​နော်​၏ အိမ်​နားနီးချင်းများ ဖြစ်​ကြပြီး မ​ကြောက်​မရွံ့တတ်​သူများပင်​ ကို​ထွေးမှာ ကျ​နော်​တို့သုံး​ယောက်​ထဲတွင်​အကြီးဆုံးဖြစ်​သည်​ ကျ​နော်​တို့သုံး​ယောက်​မှာကား ငါးရှာဖက်​ ဖာရိုက်​ဖက်​များပင်​ သူများ မသွား​သော​ကြောက်​​သော​နေရာများကို ​ရွေး၍ သွားတတ်​သူများပင်​ဖြစ်​​လေသည်​ ကျ​နော်​တို့ သုံး​ယောက်​ကို ရွာက သုံး​ယောက်​​ပေါင်း​လောင်း​ကျော်​ဟု ကင်​ပွန်းတပ်​ကြ၏ စကားတ​ပြော ​ပြောနှင့်​ ​​မောင်းလာရာ သုသာန်​ ပင်​ ​ကျော်​၍ ရွာ​ဟောင်းသို့ပင်​ ၀င်​စပြု​လေပြီ ကျ​နော်​တိုလယ်​မှာ ရွာ​ဟောင်းအလွန်​တွင်​ရှိ​သော​ကြောင့်​ အလွန်​ အ​ခြောက်​ကြမ်း နာမည်​ကြီး​သော ရွား​ဟောင်း​ညောင်​ပင်​​အောက်​မှ ဖြတ်​ရ​ပေမည်​ သို​သော်​ သုံး​ယောက်​လုံး မ​ကြောက်​တတ်​ကြ လာမယ့်​​ဘေး ​ပြေး​တွေ့ယုံသာ သရဲ ​ခြောက်​ခံရတာ မထူးဆန်းတော့

သို့နှင့်​ ​….. ကို​ထွေးက ​အောင်​​အောင်​နဲ့ ​ကျော်​စိန်​ ​ညောင်​ပင်​ကြီးနီးလာပီ တခုခုဆို အသင့်​ပြင်​ထားကြ ဟု အကြီး ပီပီ သတိ​ပေး​လေရာ ကျ​နော်​နှင့်​ ​ကျော်​စိန်​မှ ဟုတ်​ကဲ့ဟု ​ဖြေရင်း အသင့်​ပါလာ​သော ဘတ်​ခွနှင့်​ ​လောက်​စာလုံးများအား လက်​တွင်းကိုင်​၍ လှည်းကို ပုံမှန်​သာ​မောင်း​လေ၏။ ကျ​နော်​တို့ ယခုလိုဖြစ်​​နေခြင်​မှာ အ​ကြောင်းမဲ့မဟုတ်​ပါ ​နေခင်းပင်​လျင် ရွာ​ဟောင်းတွင်​ အိပ်​မိပါက ​ခြေ​ထောက်​ဆွဲခြင်း တဲများအား ခါခြင်း ဖြစ်​ဖူးထာ​သော​ကြောင့်​ ဖြစ်​သည်​ သုံးယောက်​သား စကားမ​ပြောဘဲ ​ကျောစိန်​ကဘယ်​ဘက်​ ကို​ထွေးက ညာဘက်​ကို ကြည့်​ကာ ကျ​နော်​က လှည်း​မောင်း ရင်း ဘတ်​ခွ အသင့်​ပြင်​ကာ ​ညောင်​ပင်​ကြီးနားသို့ ​ရောက်​လာ​လေပြီ ည ၉နာရီ​ကျော်​လည်ြးဖစ်လကွယ်​ညလည်းဖြစ်​​နေ သဖြင့်​ ပတ်​၀န်းကျင်​တွင်​ ကြယ်ေ၇ာင်​မှအပ ​အ​မှောင်​ အတိပင်​။

ထိုစဉ်​ …. နွားနှစ်​​ကောင်​မှာ တစုံတရာ ​တွေ့သလို တုန့်​၍ ရပ်​သွား​လေ၏ ​မောင်း​သော်​ ရိုက်​​သော်​လည်း မ​ရွေ့ ခါတိုင်းတုတ်​ပင်​မကိုင်​ရ​သောနွား ဘယ်​လိုရိုက်​ရိုက်​ မသွား​ပေ ​လေးဘက်​ကျဲ၍ အမြီးနှင့်​ နားရွက်​များ ​ထောင်​၍ ​ပေရပ်​​နေ​တော့သည်​ ကို​ထွေး …ဟု ကျ​နော်​ အသံပြုရာ ကို​ထွေးမှ ငါသိတယ်​ဟူ​၍ ​ပြော၏ ​ညောင်​ပင်​ကြီးအစမှာပင်​ ​တွေ့​ချေပီ ​ကျော်​စိန်​ ​ရှေ့တည့်​တည့်​ပစ်​ကွာ ဟုကို​ထွေး​ပြောရာ ကျ​နော်​​ရော ​ကျော်​စိန်​ပါ ဘတ်​ခွကို မနားတမ်း ပစ်​​ကြ၏ ထိုအခါနွားသည်​ ကြိုးပြတ်​သလို ကဆုန်​​ပေါက်​ကာ​ပြေး​တော့၏ ​ညောင်​ပင်​ကြီး အလည်​တည့်​တည့်​​ရောက်​​သော်​ အကိုင်းကြီးသည်​ ​လေမတိုက်​ဘဲ အိကျလာပြီး မဲမဲ သဏ္ဌာန်​ တခု ဆင်း၍ လိုက်​လာရာ ကို​ထွေးနှင့်​ ​ကျော်​စိန်​ ​လောက်​စာများကို တရစပ်​ ပစ်​​လေ​တော့သည်​ နွားများလည်းဝရုန်း​သုန်းကား ဆွဲ​ပြေး​သော​ကြောင့်​ ပစ္စည်း မျာမကျ​အောင်​ ထိန်းရင်း ​ညောင်​ပင်​ကြီးအား ​ကျော်​လာ​တော့မှ ဟင်း… ခြနိုင်​​တော့သည်​။

လယ်​ကို​ရောက်​​တော့ စပါးပုံပင်​ ထူပြီး​လေပြီ စပါးယပ်​စရာ ရှိသ်မို့ ​စော​စောကအ​ကြောင်း မ​ပြော​သေး ဘဲ စပါးအရင်​ယ​​ပ်​ကြ၏ ပြီးမှ စားရင်း ​သောက်​ရင်း ​စော​စောကအ​ကြောင်းကို ​ပြောပြ​လေသည်​ ထိုအခါ အဘတို့ဝိုင်းမှ အဘိုးညွန့်​ ထလာပြီး ​အောင်ေ​အာင်​ မင်းတို့ ​ညောင်​ပင်​ကြီးမှာ ​ခြောက်​ခံရလို့ဆို ဟုတ်​ကဲ့ အဖိုး ​အေကွယ့်​ အဖိုးက ရွာ​ဟောင်​ကုန်းသား ဆို​တော့ သိထားတယ်​ ​ညောင်​ပင်​ကြီးဟာ အရင်​က သူပုန်​​တွေ မသင်​ကာတိုင်း ရွာသား​တွေကိုသတ်​တဲ့ လူသတ်​ကုန်းကြီးကွ ဒါဆို မ​ခြောက်​​အောင်​ ဘယ်​လိုလုပ်​မလည်းအဖိုး ဟ…​ကျော်​စိန်​ရ မင်းသတ္တိ ရှိလို့လား အာ .. ရှိတာ​ပေါ့ အဖိုးရ မ​ခြောက်​​အောင်​ ခုပလို့ရလို့လား ရတယ်​ကွ မင်းတို့လုပ်​ရဲရင်​ ​ပြောပြမယ်​ ကျ​နော်​တို့က.. ဟုတ်​ကဲ့ ​ပြောပြပါအဖိုး ကျ​နော်​တိုစမ်းကြည့်​မယ်။

အေး ဒါဆို ဘယ်​လ ဖြစ်​ဖြစ်​ လဆုပ်​ ၉ ရက်​ကို သုသာန်​ က ​မသာ​ခေါင်းရိုက်​သံ ၉​ချောင်း ယူပြီး ​ညောင်​ပင်​ကို ၉နာရီမှာ သွာရိုက်​ထားလိုက်​ ရိုက်​ပီးရင်​ ​နောက်​လှည့်​မကြည့်​နဲ့ ​နောက်​ပီး ဘာမြင်​မြင်​ ဂရုမစိုက်​နဲ့ တ​ယောက်​တည်း​သွားလုပ်​ရမှာ ဒါဆို ရပီ.. ကျ​နော်​တို့သုံး ​ယောက်​က ​သေချာရင်​လုပ်​မယ်​အဖိုးရာ လူတိုင်းခြေါက်​ခံ ​နေရတာ မ​ခြောက်ရရင် ​ပြီး​ရော ​အေးသွားမယ်​ဆို ဒီ​နေ့လဆုပ် ​၈ ရက်​ မနက်​ဖန်​လုပ်​လို့ရပြီ သွားမယ်​သူ အ​သေအချာ ဆုံးဖြတ်​ စိတ်​ခိုင်​မှလုပ်​ မနက်​ဖန်​ အဖိုးအိမ်​ကို လာခဲ့ အဖိုး အ​ဆောင်​တခု​ပေးမယ်​ ဟုတ်​ကဲ့ အဖိုး ဟုကျ​နော်​တို့ ကတိပြု လိုက်​ကြ၏ ။

နောက်​တ​နေ့ မနက်​​စော​စောတွင်​ သုံး​ယောက်​သား အတွဲညီစွာ အဖိုးညွန်​အိမ်​သို့ သွားကြ​လေ၏ အဖို့းညွန့်​ က ကဲ မင်းတို့ထဲက ဘယ်​သူသွားမလည်း ​ကျော်​စိန်​က သူလုပ်​ချင်​သည်​ဟုဆိုရာ ကို​ထွေလည်းလုပ်​ချင်​၏ ကျ​နော်​လည်း လက်​မလွတ်​ချင်​ သို့နှင့်​ မဲချရာ ကျ​နော်​ ကံ​ကောင်းခြင်း​လော ကံဆိုး ခြင်း​လော မခွဲခြားပဲ မဲ​ပေါက်​သဖြင့်​ ​ပျော်​ရွှင်​မိ၏ ထိုအခါအဖိုးမှ ​အေး.. ​အောင်​​အောင်​​ရေ မှာစရာ​တော့ မ​နေ့ကအကုန်​မှာပီးပြီ ဒီကြိုး​လေးကို ညာဖက်​လက်​မှာစည်းသွား ဘာအန္တရာယ်​မှ မဖြစ်​​စေရဘူး အဓိကက ​နောက်​လှည့်​ မုကြည့်​မိ​စေနဲ့ ဟုအ​သေအချာမှာကြား​နေသည်​။

ကျော်​စိန်​နှင့်​ကို​ထွေးက ရွာအ၀င်​၀တွင်​​စောင့်မ​ည်​​ဟု​ပြောကာ အိမ်​ပြန်​ခဲ့​လေ၏ လဆုပ်​၉ရက်​ညသို့ ​ရောက်​​လေပြီ ကျ​နော်​ အဖိုး​ပေး​သော အ​ဆောငိကြိုး​လေးကို လက်​​မောင်းတွင်​စည်းလိုက်​၏ ည၈နာရီ ထိုး​သောအခါ အသင့်​​စောင့်​​နေ​သော ​ကျော်​စိန်​နှင့်​ကို​ထွေး တို့နှင့်​အတူ သုသာန်​သို့ သွားကြမည်​ ကို​ထွေးတို့က ရွာအ၀င်​၀တွင်​ ​စောင့်​မည်​ဟုဆိုကာ ကျန်​ရစ်​​နေကြ၏ ကျ​နော်​တ​ယောက်​တည်း အကာလ ညအ​မောင်​တွင်​ မီး​ရောင်​ လ​ရောင်​မရှိဘဲ ကြယ်​​ရောင်​ဖြင့်​ မသဲမကွဲ အလင်း​ရောင်​ ​အောက်​တွင်​ ဂူများကို ကြည့်​ရင်း သုသာန်​ တွင်းသို့ လှမ်​၀င်​လာ​ခဲ့​လေပြီ ​ခေါင်း ရိုက်​သံကို​တော့ ခက်​ခက်​ခဲခဲ ရှာစရာ မလိုပါ​ချေ။ လမ်း​ဘေး ​မြေပြိုထား​သေား ​ခေါင်း အ​ဆွေးတစ်​ခု ​နေ့လည်​က ​တွေ့ထားပြီးသားမို့ နုတ်​ယူလိုက်​ယုံ အချိန်​မဆွဲ​တော့ဘဲ ​အခ​ခေါင်း မှသံများကို နုတ်​ယူ​တော့သည်​ အ​ခေါင်းမှာ မိုးဒါဏ်​ ​လေဒါဏ်​ ​ကြောင့်​ ​ဆွေး​နေသဖြင့်​ အားပင်​စိုက်​စရာမလို တစ​ချောင်း နှစ်​​ချောင်း … ၇ ​ချောင်း ၈​ချောင်း ​ဟော ​ခွေးများ အူလာ ​လေပြီ မ​ကြောက်​​သော်​လည်း ကြက်​သီး​တော့ထ​နေ​လေပြီ ​နောက်​တ​ချောင်း ကိုင်းကွာ…. သံကိုး​ချောင်း​တော့ ရ​လေပြီ။

သုသာန်​ အလွန်​ ရွာ​ဟောင်​​ညောင်​ပင်​ကြီးဆီသို့ ခပ်​သွက်​သွက်​ လှမ်း​နေရင်း ​ခွေးများ အလွန်​အမင်းအူတာကိုသတိထား မိ​လေ ကြက်​သီးထ​လေ​လေပင်​ ​ညောင်​ပင်းကြီးနားသို့ ​ရောက်​​သော်​ ရွာထဲမှ ၉ နာရီသံ​ချောင်​​ခေါက်​​လေပြီ ကျ​နော်​လည်း ကဗျာကယာ ထုစရာ​ကျောက်​ခဲရှာပြီး ​ညောင်​ပင်​ကြီးနားသွားကာ ပထမသံ​ချောင်းကိုရိုက်​သွင်းလိုက်​၏ အရိပ်​များ ဟိုမှဒီမှ ထွက်​လာသလို အပင်​ကြီးတခုလုံး ယိမ်းထိုးလာ​လေ၏ သို့​သော်​ကျ​နော့်​နားကို​တော့ မကပ်​လာကြ ၂​ ချောင်း ညောင်ရွက်များ လေမတိုက်ဘဲ အလွန် လှုပ်ခတ်လာ၏

၃ ချောင်း ညောင်ကိုင်းများ အချင်းချင်း ရိုက်ခတ်လာသော တဖြောင်းဖြောင်း အသံများကို ကြားရ၏။ ၄ ချောင်း ကျွန်တော့်ခေါင်းပေါ်ရှိ ညောင်ကိုင်း ၂ ခုသည် အချင်းချင်းရိုက်ခတ်ပြီး အရွက်များ တဖြုတ်ဖြုတ် ကြွေကာ လက်တံများ လှုပ်ရှားသကဲ့သို့ ဖြစ်လာ၏။ ၅ ချောင်း ၊ ၆ ချောင်း ညောင်ကိုင်း လက်တံများက ကျွန်တော့်ကို လှမ်းဆွဲသည့် ပုံစံဖြစ်လာ၏။ ၇ ချောင်း လက်တံကဲ့သို့ ဖြစ်နေသော သစ်ကိုင်းအချွန်များက ကွေးညွှတ်လာက သံရိုက်နေသော ကျွန်တော့ကို လှမ်းထိုးသောကြောင့် အလျင်အမြန် ခုန်ရှောင်လိုက်ရ၏။

၈​ချောင်း အပင်​ကြီးတပင်​လုံး ရမ်းခါ​နေသလို ငိုငြီးသံများ ​အော်​ဟစ်​သံများကြာလာရပြီ ၉​ချောင်း ကျ​နော်​လည်း ​ဇော​ချွေး​တွေပျံ​နေပြီ အပင်​ကြီးမှလည်း အရိပ်​​ယောင်​များ ကျ​နော့အနားတွင်​ပတ်​​နေသလိုခံစားလာရသည်​ ကိုင်း ၉​ချောင်​လုံး ရိုက်​ပြီး​သောအခါ ၀ု​န်း..၀ုန်း ..၀ုန်း.. ဟူ​သော ​ကြောက်​မက်​ဖွယ်​အသံကြီးကို ကြားရပြန်​သည်​ ကျ​နော်​လည်း လှည့်​မကြည့်​တမ်းပင်​ ရွာအ​ရောက်​ ဒုန်းစိုင်းခဲ့ရာ ​ကျော်စိန်​တို့ကိုမြင်​မှပင်​ အ​ပြေးရပ်​​တော့သည့်​ ​နောက်​၁လခန်​ကြာ​သောအခါ ​ညောင်​ပင်​ကြီးသည်​ တဖြည်းဖြည်း ညိုး​ချောက်​ကာ ​သေဆုံးသွာသလို သရဲ​ခြောက်​သံလည်း ယခုတိုင်​မကြာရ​တော့​ပေ။

မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *