မနေ့ည က ဖခင်ဖြစ်သူ ဦးလုံအေး လက်နက်ကြီး ထိမှန် သေသွားလို့ ငိုကြွေးနေတဲ့ ကိုရင်လေး

Posted on

မနေ့ည အဖေဖြစ်သူ လုံအေးက လက်နက်ကြီး ထိမှန် သေသွားလို့ ငိုကြွေးနေတဲ့ စိုင်းစံပွင့်လေး…..

မငိုပါနဲ့တော ကလေးရယ်
တပည့်တော်လည်း ဓာတ်ပုံရိုက်ရင်း ငိုမိတော့မယ်။

တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တဲ့ ကုန်းဆာရွာခံ လုံးအေးဆိုသူကို လားရှိုးမြို့ ပေးသောလက်လူမှုကူညီရေးအသင်းက ဒီနေ့မနက် ၁၁ နာရီမှာ သွားရောက် သယ်ထုတ်ခဲ့ပြီ ဖြစ်ပါတယ်။

မနေ့ သြဂုတ် ၁၈ ရက် ည ၈ နာရီဝန်းကျင်မှာ လားရှိုးမြို့ ကုန်းဆာကျေးရွာအုပ်စု ကုန်းဆာရွာထဲ လက်နက်ကြီး ကျရောက်ပီး သေဆုံးခဲ့တာဘဲဖြစ်ပြီး ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်ရွာခံတွေက ပြောပါတယ်။

Mai A Naing

Leave a Reply

Your email address will not be published. Required fields are marked *