ယောက်ျားလေးတိုင်းသိထားသင့်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မများ – ( ၃၇၅, ၃၇၆, ၃၇၇ )

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၇၅

” မုဒိမ်းမှု ”

ယောက်ျားသည် မိန်းမနှင့် ကာမစပ်ယှက်သည့်အခါ အောက်ပါတစ်ချက်ချက်နှင့် အကျုံးဝင်လျှင် မုဒိမ်းမှုဖြစ်သည် –

(၁) မိန်းမက အလိုမတူငြင်းဆန်ခြင်း ။

(၂) မိန်းမက ခွင့်မပြုခြင်း ။

(၃) မိန်းမက ခွင့်ပြုသော်လည်း ခွင့်ပြုရခြင်း အကြောင်းခြင်းရာမှာ

– သေစေမည်

-နာကျင်စေမည်ဟု ကြောက်ရွံ့၍ ခွင့်ပြုရခြင်း ။

(၄) မိန်းမက ခွင့်ပြုသော်လည်း ဖြစ်ခြင်းအကြောင်းခြင်းရာကို အယူအဆလွဲ၍ ခွင့်ပြုရခြင်း ။

(၅) ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက် (၁၆) နှစ်အောက် ငယ်ခြင်း ။

ကင်းလွတ်ချက်။ ။ယောက်ျားသည် အသက်(၁၅)နှစ်အောက်မဟုတ်သော မိမိ၏ မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှု မဟုတ် ။

# လူပိန်းမှတ်နည်းမှတ်လိုက် ? မိန်းမကအလိုမတူပဲ လုပ်ရင် မုဒိမ်းမှုပဲ ” ??

မိန်းမ ဆိုတာ…..မိမိဇနီးလည်းပါသလို…. တခြားမိန်းကလေးတွေလည်း ပါတယ် ?? ok ?

ရှင်းလင်းချက်

ယောကျာ်း၏ အင်္ဂါစပ်သည် မိန်းမ၏ အင်္ဂါစပ်တွင် သွင်းဝင်မိလျှင် ၊ မုဒိမ်းမှုကျူးလွန်ခြင်း အတွက် လိုအပ်သော ကာမစပ်ယှက်မှု မြောက်ရန် လုံလောက်သည် ။? ဆိုလိုတာက မုဒိမ်းမှုမြောက်တယ် ဆိုတာပါပဲ?

{ဒီဥပဒေမသိတဲ့ ယောက်ျားတချို့ကပြောကြတယ်….ကိုယ်တရားဝင် မင်္ဂလာဆောင်ပီးယူထားတဲ့ မိန်းမကိုတောင် “ကိုယ့်ဇနီးပဲ / ကိုယ့်မိန်းမပဲ/ကိုယ့်မယားပဲ” ကိုယ် လုပ်ချင်သလို လုပ်လို့ရတယ်….ကိုယ့်မိန်းမကို ကိုယ်လုပ်တာ ဘာဖြစ်လဲ? ဘယ်သူ့ကို စောက်ခရုစိုက်စရာလိုလို့လဲတဲ့… ဒါမဲ့…ကိုယ့်မိန်းမ အလိုမတူတဲ့အခါ…”}

ရှင်းပြမယ်

နံပတ် (၁)

> မိန်းမက သဘောမတူပဲ ငြင်းနေရဲ့သားနဲ့လုပ်ရင် …ဒါ မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…

နံပတ် (၂)

> မိန်းမက ခွင့်မပြုဘူး….မလုပ်ဖို့တားတဲ့ကြား လုပ်ရင်မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..

နံပတ် (၃)

> မိန်းမက ခွင့်ပြုတယ် ….ဒါပေမဲ့ သူစိတ်ထဲမှာတော့ သဘောမတူဘူး….မင်းကို ကြောက်လို့တာ ခွင့်ပြုလိုက်ရတယ်ဆိုရင်လည်း မုဒိမ်းမှု ကျူးလွန်တာပါပဲ…..

# ဥပမာ….

ဟိုက သဘောမတူဘူးလို့ ငြင်းတော့ မင်းက ပြောပီလေ….

?ပြောသလို လုပ်မလား မလုပ်ဘူးလား..?

?မလုပ်ရင် သတ်မယ်/ ဖြတ်မယ်…

?မင်းခန္ဒာကို အရိုးတွေ ချိုးပစ်မယ်….

?ဓား/သေနတ် လက်နက်တွေ သုံးပီး ချိန်းခြောက်ပီးမရရအောင် သူမကို ကြံစည်ရင် ဒါမုဒိမ်းမှုကိုကျူးလွန်နေတာပါပဲ….

နံပတ် (၄)

မိန်းမက ခွင့်ပြုတယ်….ဒါပေမဲ့ လူမှားပီး ခွင့်ပြုတယ်ဆိုရင် မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….

#ဥပမာ….(ထိုနာမည်များသည် အပြင်လူတဦးတယောက်ကို မရည်ရွယ်ပါ…?)

“ထွေးညို နဲ့ သာဒင် လင်မယား (၂)ယောက်ဆိုပါတော့”

” ထွေးညို”က နေ့မှာ ပင်ပန်းထားတဲ့ အလုပ် ကိစ္စတွေကြောင့် မောမောပန်းပန်းနဲ့ အိပ်နေတယ်…..

“သာဒင်”ကလည်း အဲညမှာ အလုပ်ကိစ္စကြောင့် အိမ်ပြန်မလာဘူး…..

“အဲဒီအချိန်မှာ “မြမောင် ” က “သာဒင်”ဟန်ဆောင်ပီး

“ထွေးညို”ကို လုပ်နေတယ်ဆိုပါတော့….

” ထွေးညို” ကလည်း သူခင်ပွန်း “သာဒင်” လို့ ထင်မှတ်ပီးခွင့်ပြုတယ်ဆိုပါတော့….

“ကိစ္စတွေလည်း ပီးရော “ထွေးညို” မျက်စိဖွင့်ကြည့်လိုက်တော့ သူ့ခင်ပွန်း ” သာဒင်” မဟုတ်ဘဲ “မြမောင်” ဖြစ်နေတယ်….(ကိစ္စမပီးခင်သိရင်လည်း မုဒိမ်းမှုပဲ)

ဒါဆို “မြမောင်”က မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….

“သူ့လင်ထင်မှတ်လို့ သူခွင့်ပြုလိုက်တာလေ….”

နံပတ် (၅)

ခွင့်ပြုပြု မပြုပြု….မိန်းမက အသက် (၁၆)နှစ်အောက်ဖြစ်နေရင် မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..

#”မိန်းကလေးတွေကို လိုရင်း ပြောလိုက်မယ်…..”

“မင်းတို့ခွင့်မပြုပဲ အတင်းအဓမ္မလုပ်တဲ့ ယောက်ျားကို မင်းတို့ သဘောမတူဘူးဆိုရင် ရဲစခန်းလာတိုင်ပါ…..”

Welcome ! ကြိုဆိုလျက်ပါ….?‍♂️?‍♂️

?ယောက်ျားဖြစ်ဖြစ် ၊ ချစ်သူဖြစ်ဖြစ် ၊ ဘယ်သူ ဖြစ်ဖြစ်သဘောမတူပဲလုပ်ရင် လာခဲ့ ရဲစခန်း?‍♂️?‍♂️

ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆

“မုဒိမ်းမှုအတွက် ပြစ်ဒဏ် ”

မည်သူမဆို စုံစမ်းစစ်ဆေး၍ မုဒိမ်းမှုကျူးလွန်ကြောင်းပေါ်ပေါက်ပါက

# တစ်သက်တစ်ကျွန်းဒဏ်ဖြစစေ

# ထောင်ဒဏ် (၁၀) နှစ် အပြင်

# ငွေဒဏ် လည်းချမှတ်နိုင်သည်။

မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက် (၁၂)နှစ်အောက် မဟုတ်လျှင် မုဒိမ်းကျင့်သော ထိုလင်ကို

# ထောင်ဒဏ် (၂) နှစ်

# ငွေဒဏ် ချမှတ်ရမည် ။

ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၇

“ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု”

မည်သူမဆို (ကျား/ မ)

> ယောက်ျားနှင့်ဖြစ်စေ….

> မိန်းမနှင့် ဖြစ်စေ….

> တိရိစ္ဆာန်နှင့် ဖြစ်စေ….

မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင်

# တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ

# ထောင်ဒဏ် (၁၀) နှစ် အပြင်

# ငွေဒဏ် လည်း ချမှတ်နိုင်သည် ။

# ဒဏ် (၂) ရပ်စလုံး ချမှတ်နိုင်သည် ။

ရှင်းလင်းချက်

အင်္ဂါစပ်တစ်ခုသည် အခြားအင်္ဂါစပ် တစ်ခုအတွင်းသို့ ဝင်မိလျှင် ဤပုဒ်မ၌ ဖော်ပြထားသောပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သော ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှု မြောက်ရန် လုံလောက်သည်။ ဆိုလိုတာက ပြစ်မှုမြောက်တယ်ဆိုတာပါပဲ

မှတ်ချက် ။ ။ နှစ်ဦးစလုံး တရားခံအဖြစ် တရားစွဲတင်ရမည် ။

သတိထား!

?”ကျား”အချင်းအချင်း ပူးတဲ့လူတွေ / “မ”အချင်းချင်းပူးတဲ့လူတွေ….

?ဖော်ပြပါ ဆန့်ကျင်ဖက် ပူးတဲ့လူတွေ….

?ဖော်ပြပါ….၃၇၇နဲ့ ဆွဲစိမှာပါ….??

စုံစမ်းစစ်ဆေးလို့ ပြစ်မှုပေါ်ပေါက်ရင်

# ကျွန်းဒဏ်

# ထောင်ဒဏ်(၁၀)နှစ်ပဲ…..??

” လုပ်ချင်တိုင်း လုပ်ရအောင် ဒါဖာနိုင်ငံမဟုတ်ဘူး”

“ဒါ မြန်မာနိုင်ငံ”

“မြန်မာပြည်မှာ မှီတင်း နေထိုင်တဲ့ လူတွေအားလုံးမြန်မာနိုင်ငံက ချမှတ်တဲ့ ဥပဒေကို လိုက်နာရမှာပဲ…”

” မလိုက်နာချင်ရင် တခြားနိုင်ငံသွားနေ ”

#” မြန်မာနိုင်ငံဆိုတာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ”

” တခြားနိုင်ငံနဲ့ နှိုင်းယှဉ်ပီး တခြားနိုင်ငံရဲ့ အကျင့်ဆိုး/အမြင်ဆိုးတွေနဲ့ လာလုပ်လို့မရဘူး…”

?နောက်ဆုံးစကား ” မုဒိမ်းမှုတွေ ပပျောက်ချင်ရင်ဒီ Postကို Shareခြင်းဖြင့် ကူညီပါ….

? ဒါတွေ လူတိုင်း မသိလို့ “မုဒိမ်းမှုတွေ” ထူထပ်များပြားနေတာ….ဒါကြောင့် ကူညီပါ…..

? “မင်းသာ နိုင်ငံကြီးသားပီသရင်ပေါ့??

{{{{စကားမစပ်…..ကြော်ငြာဝင်ပါရစေ…??

?ဒီဥပဒေနဲ့ပတ်သက်ပီး မိန်းကလေးတွေလည်း ယောက်ျားတွေကို “ဂျင်း” ထည့်လို့ မရပါဘူး…. ဟုတ်မဟုတ် သေချာစစ်ဆေးပါတယ်…မဟုတ်ဘဲ စွတ်စွဲရင် ဂုဏ်သရေ ညိုးနွမ်းစေမှု /အသားရေဖျက်မှုနဲ့ တရားပြန်လည်းစွဲဆိုခြင်း ခံရမှာပါ??}}}}}

“ဒီပြစ်မှုတွေ မကျူးလွန်မိအောင် ငါတို့ ရဲတပ်ဖွဲ့လည်းကြိုးစားပီး ကာကွယ်နေတာပဲ”

“ဒါမဲ့ လိုသည်ထက် မကာကွယ်နိုင်ဘူး….ပြည်သူတစ်ဦးချင်းစီရဲ့ ပါဝင်ကူညီမှု လိုအပ်နေတယ် ။

?ဒီဥပဒေအကြောင်းကို တယောက်နဲ့တယောက် မသိတဲ့လူတွေကို ပြန်လည် နားချခြင်းဖြင့်ကူညီပါ….

?”အားလုံးကို ကျေးဇူးတင်ပါတယ်….☺???”

Add a Comment

Your email address will not be published. Required fields are marked *