အကြော် ဆရာတွေ ” ဒယ် နှင့်် ဆီ ” ကို ရေလိုကြည်သွားအောင် သန့််စင်နည်းလေးပါ

လက်ဖက်ရည်ဆိုင်က အကြော်ဆရာများဆီ ဒီနည်းကို ရောက်အောင်ပို့ပေးလိုက်ကြပါ…။ကျနော်တို့နိုင်ငံမှာ လဘက်ရည်ဆိုင်( ၁၀ )ဆိုင်ဝင်ကြည့် (၉ ) ဆိုင် လောက် က အီကြာကွေး /စမူဆာ / အကြော်စုံ ကြော်တဲ့ ဆီတွေက အပူလွန်ပြီး ဆီရဲ့ အရည် အသွေး ကုန်ဆုံး နေတဲ့ဲ အပြင် သေးငယ်တဲ့ အမှုန်လေးတွေ က မီးလောင်ကျွမ်းပြီး ဆီတွေက မဲတူးနေတာပဲ ဆီထဲမှာပါနေတဲ့ အမှုန် လေးတွေက ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်စေနိုင်ပါတယ် ။

ကျနော် ပြောတဲ့ဲ ” ဆီတစ်ပိဿ ကို ကော်မှုန့် နို့ဆီဗူး တစ်ဗူး နှုံး ” နဲ့” ကော်မှုန့် နဲ့ ရေ ကို မပျစ်မကျဲ ( ကြွက်မြီးတန်းရုံ ) ဖျော်ပြီး ဆီ အနေတော်ပူမှာ အပေါ ်ကနေ တဖြေးဖြေးချင်း ဆီထဲ လောင်းချပါ ”

မွှေပေးပါ ( ကော်မှုန့်ဆိုတာ ပြောင်းဖူး / အာလူး နဲ့ ပီလောပီနံ အမှုန့်ကို ခေါ်တာပါ )..

ကော်ရေခေါက်ဆွဲ ချက်တဲ့အခါမှာ ထည့်တဲ့ဲ ကော်မှုန့်ကို ပြောတာပါ မွှေတဲ့ ဂေါ်ကို အပျစ်ခဲကြီး လာကပ်ပါမယ်..

ဂေါ်နဲ့ ကြော်တဲ့ အိုးရဲ့ အတွင်းသား ဖင်နဲ့ အတွင်း နံရံတွေကို ပွတ်တိုက်ပါ..

ဆီထဲက အမှုန်တွေက ကော်မှုန့်ကို အကုန် ပြေးကပ် ပါတယ် မဲနေတဲ့ ကော်မှုန့်အခဲကြီးကို ဆယ်ပြီး လွှင့်ပစ်ပါ..

ဒုတိယ အကြိမ် ထပ်လုပ်ပါက ဆီတွေဟာ ရေလို ကြည်လင်သွား ပါတော့တယ်…

လုပ်နည်း သိနေတာပဲ အများပြည်သူ ကျန်းမာအောင် လိုက်နာကြပါလို့ မေတ္တာ ရပ်ခံပါတယ်…

ကိုယ်တစ်ယောက် လိုက်နာလို့ လူ အယောက် ၁၀၀ ကျန်းမာရင် ကုသိုလ်လဲရ ဝမ်းလဲ ဝ ပါတယ်…

ဒါကို ဆော်သြနေတာ ဒါရောဆို ၅ ခါရှိနေပါပြီ…

ကျနော့်ကို ခင်ရင် လိုက်နာကြပါ ဆိုင်ရှင်တွေ သိအောင် / ဝန်ထမ်းတွေသိအောင်လို့…

( ဒါလဲ သွေးအေး လူသတ်သမားပဲ)

Kyaw Thura

Min Min

Add a Comment

Your email address will not be published. Required fields are marked *