မဟာမြတ်မုနိ ၊ရွှေကျီးမြင် ၊ ချမ်းသာရ ဘုရား ကို တနေ့တည်းဖူး နိုင်ရမည့် မဟာကြီးပွားချမ်းသာ ဘုရားဖူးနည်း

ဆရာတော်ကြီးဘိုးပေါက်ဆိန် ညွှန်ပြခဲ့တာပါ ။ မန္တလေး မြို့တွင်းမှာပင်တည်ရှိသော….

၁ ။ မဟာမြတ်မုနိဘုရားကြီး၊

၂ ။.ရွှေကျီးမြင် ဘုရား၊

၃ ။.ချမ်းသာရဘုရား၊

တို့ိအား နေ့ချင်းသုံးဆူကိုဖူးမြှော် ရမှာဖြစ်ပါတယ် ။ ကျမသွားရောက်ဖူးမြော်စဉ် က မဟာမြတ်မုနိ ဘုရားကြီးကိုပဲ ဖူးမြော်ဖူး၍ ကျန်ဘုရား၂ဆူအား မေးမြန်းစုံစမ်းရင်း အရောက်ဖူး ခဲ့ရ ပါတယ်။ လမ်းမကျွမ်းကျင်၍ လိပ်စာကို ရေးမပေးတော့ ပါဘူးရှင့်။

ဖူးမြော်တဲ့အခါမှာ ဘယ်လိုရည်မှန်း ဖူးမြော်ရမယ်ဆိုတာကိုတော့….ဘုရားဖူးနည်းရေးသားသူထံမှ ကူးယူလာပါတယ်။

ဘုရားရှိခိုးနည်း ဘုရားအာရုံပြုနည်းရေးသား သူအား ကျေးဇူးတင်ပါတယ်။

ဘုရားရှိခိုးနည်း ဘုရားဖူးနည်း”

(၁)

ဘယ်ဘုရားက ဆုတောင်းပြည့်တယ် ဘယ်ဘုရားက အလိိုတော်ပြည့်တယ် ဘယ်ဘုရားက တန်ခိုးကြီးတယ် ဆိုပြီး ရှိခိုး ဖူးမျှော် ကြတာဟာ အဆင့်နိမ့်တဲ့ ယုံကြည်မှု သဒ္ဓါ တရားပဲ ဖြစ်ပါတယ်။ အကျိုး မရှိဘူးလို့ ပြောတာမဟုတ်ဘဲ အကျိုးရနည်းတာကို ဆိုလိုတာပါ။

(၂)

ဒီထက်အဆင့်မြင့်တဲ့ ရှိခိုး ဖူးမျှော်နည်းကတော့ ပုံတော်ကို ကျော်ပြီး ဂုဏ်တော်ကို ရည်မှန်းကာ ရှိခိုး ဖူးမျှော်နည်းပါ။ ဒါကို ရည်ရွယ်ပြီး ရှေးဆရာတော်ကြီးများက “ဂုဏ်တော်ကို ပုံတော်ဖုံးတတ် တယ်”(တစ်နည်း) “ဘုရားကို ဆင်းတု မကွယ်စေနဲ့” လို့ လမ်းညွှန်တော်မူလေ့ ရှိပါတယ်။ ဒါဟာလည်း ရုပ်တု= ဆင်းတု= ပုံတော် ကို ဖူးတာ အကျိုးမရှိဘူး လို့ ပြောတာ မဟုတ်ဘဲ ပိုပြီး အကျိုး ရှိအောင် ဂုဏ်တော်အထိ ကြည်ညိုတတ်ဖို့ လမ်းညွှန် တော်မူကြ တာပဲ ဖြစ်ပါတယ်။

(၃)

ဘုုရားရှင်ကို အဆင့်မြင့်ဆုံး ရှိခိုးဖူးမြော်နည်း ကတော့ ဝိပဿနာ ဘာဝနာ တရား အားထုတ်ခြင်းပဲ ဖြစ်ပါတယ်။

(၄)

ဒီနည်းဟာ ပစ္စယာနုဂ္ဂဟ (ပစ္စည်းဖြင့် ပူဇော်ခြင်း)၊ ဓမ္မာနုဂ္ဂဟ (တရားဖြင့် ပူဇော်ခြင်း) ဆိုတဲ့ ပူဇော်ခြင်း နှစ်မျိုးမှာ ဓမ္မာနုဂ္ဂဟနည်း ဖြစ်ပြီး အမြတ်ဆုံး ပူဇော်နည်း ဖြစ်ပါတယ်။

(၅)

အဲဒီတော့ စေတီတော် ဆင်းတုတော် ရုပ်ပွားတော် တိို့ကို ရှိခိုး ဖူးမြော်ရာမှာ သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဖြစ် ထင်မြင်အောင် အာရုံပြုပြီး ရိုရိုသေသေ (သက္ကစ္စ ဂါရဝနဲ့) ဖူးမြော်သင့် ပါတယ်။

(၆)

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ ဝေယျာဝစ္စ မလုပ်ဘဲ အပြင်းအထန် တရားကျင့်နေတဲ့ ဓမ္မာရာမ (တရားမွေ့လျော်သူ) ရဟန်းကို ပုထုဇဉ် ရဟန်း အများစုက တိုင်ကြားတဲ့ အခါ ဘုရားရှင်က ဓမ္မ ပူဇော်မှုကို သာဓု သုံးကြိမ် ခေါ်တော်မူ ခဲ့ဖူးပါတယ်။ မိမိတို့အနေနဲ့ ဝေယျာဝစ္စလည်းလုပ် တရားလည်း အားထုတ်၊ ဘုရားလည်း ရှိခိုး တရားလည်း အားထုတ် နှစ်မျိုး လုံး လုပ်ပြီး ကုသိုလ်မှန်သမျှ အရယူ ကြရမှာပါ။

(၇)

အချုပ်အားဖြင့် ဗုဒ္ဓ ဟောကြား မြတ်တရားတော်ကို ယုံကြည်စွာ ကျင့်သုံးရင်း မိမိ သိမြင်သလောက် တရားအဆင့်ဖြင့် ရှိခိုး ပူဇော် ဖူးမြော် နိုင်ကြပါ စေ။

Upload by LaMin

Add a Comment

Your email address will not be published. Required fields are marked *