ယူကရိန်း လေယာဉ်ပျက်ကျမှုသည် အီရန် ၏ ဒုံးကျည် ထိမှန်ခဲ့ကြောင်း သက်သေ ဗီဒီယိုဖိုင်နှင့် ထွက်ပေါ်လာ

Jan 10 , 2020

အီရန်နိုင်ငံ တီဟီရန်လေဆိပ် မှ ပျံတက်ပြီးနောက် မကြာမီ ပါရန်မြို့ငယ်လေး ၏ လယ်ကွင်းများ အတွင်း ပျက်ကျသွားခဲ့ကာ လိုက်ပါလာသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ သည့် ယူကရိန်း ခရီးသည်တင် လေယာဉ်ပျက်ကျမှု့သည် အီရန် ၏ ဒုံးကျည်ထိမှန်ခဲ့ ၍ ဖြစ်ကြောင်း အမေရိကန် သတင်းဌာန New York Times က ဖော်ပြလိုက် သည် ။

New York Timesက ကြာသပတေးနေ့က ၎င်းတို့ ရရှိသည့် ဗီဒီယိုဖိုင်သက်သေနှင့် အတူ ဖော်ပြခြင်းဖြစ် သည်။ အဆိုပါဗီဒီယိုဖိုင်အရ လေယာဉ်ကို ဒုံးကျည်တစ်စင်း ထိမှန်ခဲ့သည်မှာ ထင်ရှားပေါ်လွင်နေပြီး ဗီဒီယိုဖိုင်သည်လည်း ကမ္ဘာ့ မီဒီယာ အသီးသီးနှင့် လူမှူ့ကွန်ရက်များတွင် ပျံ့နှံ့သွားပြီဖြစ်သည်။

ယူကရိန်းလေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစား Flight ၇၅၂ သည် ယူကရိန်းနိုင်ငံကိဗ်ယက် မြို့သို့သွားရန် တီဟီရန် လေဆိပ်မှပျံတက်ပြီး မကြာမီ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ဒုံးကျည် ဒလက်အပိုင်းအစရှာဖွေ့တွေ့ရှိခဲ့မှုနှင့် လေယာဉ်ပျက် အပိုင်းအစများတွင် လက်နက်ထိမှန်သည့်နေရာများရှိနေသည်ကိုလည်း မီဒီယာများက ဖော်ပြကြသည်။

ယူကရိန်းလေယာဉ်သည် ဒုံးကျည်ထိမှန်ပြီးနောက် ချက်ခြင်းပေါက်ကွဲမှု့မရှိခဲ့ကြောင်း၊ တီဟီရန်လေဆိပ် သို့ပြန်လှည့်လာရန်ကြိုးစားခဲ့သေးကာ မိနစ်အနည်းငယ် ပျံသန်းပြီးနောက် မီးလောင်ပေါက်ကွဲ၍ ပျက်ကျသွားခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲကြောင်း၊ လေယာဉ်ပျက်ကျသွားသည့် ပါရန်းဒေသမှ သက်သေများ ၏ပြောကြားမှု့အရ ကျယ်လောင်သည့်အသံ ၂ ခုကို ကြားခဲ့ရကြောင်း New York Times က ဖော်ပြသည်။

အဆိုပါယူကရိန်းလေယာဉ်တွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ ဗြိတိန်နိုင်ငံသား ၃ ဦး၊ ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဦးနှင့် ဂျာမနီနိုင်ငံသား ၃ ဦး၊စုစုပေါင်း ၁၇၆ ဦးလိုက်ပါလာခဲ့ကာ အသက်ရှင် သူတစ်ဦးမှ မရှိခဲ့ပေ။

အီရန်အာဏာပိုင်များကမူ နည်းပညာနှင့်စက်ပိုင်းဆိုင် ရာအမှားအယွင်းများကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ကနဦးသတင်းထုတ်ပြန်ခဲ့သလို လေယာဉ် ပျံသန်းမှု့ဆိုင်ရာအခြေအနေများကို မှတ်တမ်းတင်သည့် Black Box သည်လည်း ပျက်ဆီးသွားနိုင်ခြေရှိသည်ဟု ဆိုခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးများကမူ အီရန်ဘက်မှ ဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့မှုကို တွေ့ရှိခြင်းနှင့်အတူ အီရန်၏ပစ်ချမှုကြောင့် ယူကရိန်းလေယာဉ် ပျက်ကျသွားခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ လေယာဉ်ပေါက်ကွဲမှု့မဖြစ်မီ အချိန်လေးအတွင်း အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်မှ SA-15 အမျိုးအစားဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့သည်ကို တွေ့ရှိထားသည် ဟု အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူ များက ပြောကြားသည်ဟုလည်း New York Times ကဖော် ပြသည်။

ယူကရိန်းလေယာဉ်မပျက်ကျမီ နာရီအနည်းငယ်အတွင်းက အီရတ်ရှိ အမေရိကန် စစ်စခန်း ၂ ခုကိုအီရန် က ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ အမေရိကန်၏ လက် တုံ့ပြန်လာမှု့ကို အသင့်စောင့်နေသည့် အီရန်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ က ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ခတ်ခဲ့မှု့ဖြစ်နိုင်သည်ဟု အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်မှ တာဝန်ရှိသူ ၂ ဦးက Newsweek ကို မှတ်ချက်ပေးထားကြောင်းလည်း သိရသည်။

ဒုံးကျည်ထိမှန်သည့်ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် အီရန်တာဝန်ရှိသူများ ပြောကြားခဲ့သည့် စက်ပိုင်းဆိုင် ရာအမှားကြောင့် ပျက်ကျသည်ဆိုခြင်းကို သံသယ ရှိ ကြောင်း၊ တစ်စုံတစ်ဦးက အမှားအယွင်းလုပ်လိုက်ပြီဖြစ်ကြောင်း၊ ကြောက်မက်ဖွယ်ရာ များဖြစ်ခဲ့ပြီဟု ခံစားရကြောင်း အမေရိကန်သမ္မတထရန့်က အိမ်ဖြူတော် တွင် မီဒီယာများအားပြောကြားခဲ့သည်။

အီရန်နိုင်ငံသားများပြီးနောက် ဒုတိယအများဆုံးသေဆုံးခဲ့သည်မှာ ကနေဒါနိုင်ငံသား များဖြစ်သည်။ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးကလည်း သက်သေများအရ အီရန်ဒုံးကျည်ထိမှန်၍ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မပါသည့် ပစ်ချမှုဖြစ်သည်ဟု ဆိုခဲ့သည်။ ကနေဒါနှင့်မိတ်ဖက်ထောက်လှမ်းရေး အရင်းအမြစ်အစီရင်ခံစာများ အရ မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ထိမှန်ခဲ့ခြင်းဖြစ်နိုင်သည်ဟုလည်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ထိုကဲ့သို့ အမေရိကန်သမ္မတထရန့်နှင့်ကနေဝန်ကြီးချုပ် ထရူးဒိုးတို့၏ မှတ်ချက်ပေးမှု့ များထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒုံးကျည်ထိမှန်၍ ယူကရိန်းလေယာဉ် ပျက်ကျခဲ့ခြင်းမဟုတ်ကြောင်း အီရန်ကငြင်းဆန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဒီသတင်းတွေအားလုံးက အီရန်ကိုစိတ်ဓါတ်ရေးရာအရ တိုက်ခိုက်တာပါ။ လေယာဉ်ပေါ် မှာ လိုက်ပါပြီး သေဆုံးသွားတဲ့နိုင်ငံသားတွေရဲ့သက်ဆိုင်ရာနိုင်ငံ တွေနဲ့ဘိုးရင်းကုမ္ပဏီတို့ကို Black Box စစ်ဆေးဖို့ရန်အတွက် အီရန်ကို ကိုယ်စားလှယ် တွေစေလွတ်ဖို့တိုက်တွန်းပါတယ်” ဟု အီရန်အစိုးရ၏ ပြောရေးဆို ခွင့်ရှိသူ အလီရာဘီအီက အီရန်နိုင်ငံပိုင်ရုပ်သံမှကြေညာခဲ့သည်။

ယူကရိန်းသမ္မတဇီလန်စကီးကမူ လေယာဉ်ပျက်ကျမှု့အတွက် အမှန်တရား ပေါ်ပေါက်အောင်အဖြေရှာသွားမည်ဟု ပြောကြားထားသည်။ ထို့အတူ ယူကရိန်း၏ ဒုံးလက်နက်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကိုလည်း အခင်းဖြစ်သည့် နေရာ၌ စစ်ဆေးအဖြေရှာနိုင်ရန် အီရန်သို့စေလွတ်ထားပြီဖြစ်သည်။

REF – New York Times

Add a Comment

Your email address will not be published. Required fields are marked *