တက္ကသိုလ်ကျောင်းသူအား သတ်ပြီး ဆိုင်ကယ်လုယူ ရောင်းစားခဲ့သော တပ်ကြပ်ကြီး ဈန်မင်းထက်အား အမှုစွဲချက်တင်

Jan 11 ,2020

ကလေးမြို့ တွင် တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန် အားသတ်ဖြတ် အလောင်းဖျောက်ဖျက်ပြီး မအေးချမ်းမွန် ၏ scoppy ဆိုင်ကယ်အား ယူဆောင်ရောင်းစားခဲ့သော တပ်ကြပ်ကြီး ဈန်မင်းထက် (Kwee Zingyi) အား ယနေ့ ကလေးခရိုင် တရားရုံးတွင် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း သိရပါသည် ။

လူသတ်တရားခံဈန်မင်းထက်သည် တပ်မတော်သားတဦးဖြစ်သည့်အတွက် စစ်ခုံရုံးတွင်အရင်စစ်ဆေးခဲ့ရပြီး နိုင်ဟိန်းထက်စက်သုံးဆီဆိုင်မှ ဆိုင်ကယ်အားခိုးယူရောင်းစားမှုဖြင့် စစ်ထောင်နှစ်နှစ်ချမှတ်ခဲ့ပြီး အရပ်ဖက်တရားရုံးသို့အမှုဆက်လက်စွဲဆိုနိုင်ရန် လွှဲအပ်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်တရားရုံးတွင် မအေးချမ်းမွန်အားသတ်ခဲ့မှု အလောင်းဖျောက်ဖျက်ခဲ့မှု ဆိုင်ကယ်ခိုးယူရောင်းစားမှုတို့ဖြင့်စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ ရက်နေ့တွင်သတ်ဖြတ်ခဲ့သည့်အတွက် ဈန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ထားခဲ့ကြောင်းသိရပါသည်။

မိန်ကလေးတဦး အားရက်စက်စွာသတ်ဖြတ်ခဲ့သော ဈန်မင်းထက်အား လာမည့် ၁၆.၁.၂၀၂၀ ရက်နေ့တွင် အမှုစတင်စစ်ဆေးရုံးထုတ်မည်ဖြစ်ကြောင်းလည်းသိရပါသည်။

ကလေးတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *