အိပ်ပျော်နေသည့် ဖခင်ကို အဝတ်လျှော်သည့် သစ်သားတုတ်နှင့် ရိုက်သတ်တဲ့သား

Posted on

မိုးကောင်းမြို့နယ် အတွင်း ယမန်နေ့က အိပ်ပျော်နေသည့် ဖခင်ကို သားဖြစ်သူမှ အဝတ်လျှော်သည့် သစ်သား တုတ်နှင့် ရိုက်သဖြင့် ဖခင်ဖြစ်သူမှာ သေဆုံးသွားကြောင်း မိုးကောင်းမြို့ မှ ရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွား သည့်နေ့တွင် သေဆုံးသူ၏ ဇနီးဖြစ်သူ မစိမ်းစိမ်းလေးသည် သားဖြစ်သူ အပြစ်ဖြစ်မည် စိုးရိမ်သဖြင့် ခင်ပွန်း ဖြစ်သူကို မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မိုးကောင်းမြို့မရဲစခန်းတွင် အမည်မသိသူများက ရိုက်နှက်သွားသည်ဟု လိမ်လည်၍ မဟုတ်မမှန် သတင်းပေး တိုင်တန်းခဲ့သော်လည်း အဖြစ်မှန် စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့၊မြို့ဦးရပ်ကွက်တွင် စက်တင်ဘာ (၉)ရက် ည(၉)နာရီခန့်က မစိမ်းစိမ်းအေး(ခ)အန်းချော၊ (၃၆)နှစ်သည် ခင်ပွန်းဖြစ်သူဇော်လင်းထွန်း၊ (၃၉)နှစ် စကားများရန်ဖြစ်ပြီး မစိမ်းစိမ်းအေးသည် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ အိပ်ပျော်သွားစဉ် နာရီဝက်ခန့်အကြာတွင် ခင်ပွန်းဖြစ်သူ ဇော်လင်းထွန်း၏ “အား” ဟု အော်ဟစ်သံကြားရ၍ အိပ်ယာမှ လန့်နိုးကာ ခင်ပွန်းဖြစ်သူ အခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာခင်ပွန်းဖြစ်သူတွင် ဦးခေါင်းဝဲဘက်စောင်းတွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် တွေ့ရပြီး သားဖြစ်သူ ဇော်ဟိန်း၊ (၁၆)နှစ်ခန့်လက်ထဲတွင် အဝတ်လျှော်သည့် သစ်သားတုတ်အား ကိုင်လျှက်တွေ့ရပြီးသားဖြစ်သူမှ “အမေအေးဆေးနေ”ပြန်ပြောပြီး နေအိမ်ပေါ်မှ ဆင်းသွားခဲ့သည်။

မစိမ်းစိမ်းလေးသည် အိပ်ယာတွင် မှောက်လျက်လဲနေသည့် ခင်ပွန်းအား ဒဏ်ရာများကို ရေဖြင့် ဆေးကြောပေးပြီး ကြမ်းခင်းပေါ်တွင် ပေကျံနေသည့် သွေးများကိုလည်း ရေဖြင့်ဆေးကြောကာ ခဲအိုဖြစ်သူအား သွားရောက်ခေါ်ဆောင်၍ ခင်ပွန်း ဖြစ်သူကို မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သားဖြစ်သူ အပြစ်ဖြစ် မည်စိုးရိမ်သဖြင့် မိုးကောင်းမြို့မ ရဲစခန်းတွင်လိမ်လည်၍ မဟုတ်မမှန် သတင်းပေးတိုင်တန်းခဲ့ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှမဟုတ်မမှန် သတင်းပေးတိုင်တန်းသူ မစိမ်းစိမ်းအေး(ခ)အန်းချောနှင့် ပြစ်မှုကျူးလွန်သူ ဇော်ဟိန်း၊ (၁၆)နှစ် တို့အား အမှုကြီးအမှတ်စဉ် ၃/၂၀၁၉ (ပ) ၉၈/၂၀၁၉၊ ရာဇသတ်ကြီး – ၃၀၂/ ၁၁၄/ ၂၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ချိုမောင်

Leave a Reply

Your email address will not be published. Required fields are marked *