ကျောက်ဖြူ မြို့နယ်တွင် ဓါးမြှောင်ဖြင့် လိုက်ထိုး သည့် ခင်ပွန်း အား ဇနီး ဖြစ်သူက ဓါးမဖြင့် ပြန်လည်ခုခံ ခုတ်ခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ သေဆုံး

Posted on

ရ ခိုင် ပြည် နယ် ကျောက်ဖြူ မြို့နယ် သစ်တော အုပ် စည်မော်ေ ကျးရွာတွင် သောက်စားမူး ယစ်ပြီးရောက် ရှိလာသည့်ေ ယာကျာင်္းဖြစ်သူ က ဇနီးနှင့် စကားများ ရန်ဖြစ်ပြီး ဓါးမြှောင်ဖြင့် လိုက်ထိုးသည့် အတွက် ဇနီး ဖြစ်သူကပြန်လည်ခုံခံ ကာ ဓါးမဖြင့်ပြန် ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ် စဉ်မှာ အောက်တိုဘာ ၅ ရက် ည ၈ နာရီခန့်က သူငယ်ချင်းများနှင့်အရက်သေစာသောက်စား မူးယစ်ပြီးနေအိမ်သို့ ရောက်ရှိလာသည့် ခင်ပွန်းဖြစ်သူ ဦးလှမြင့်မှာ ဇနီးဖြစ်သူ ဒေါ်တင်အေး နှင့် စကားများရန်ဖြစ်ရာ ဦးလှမြင့်က ဓါးမြှောင်ဖြင့် လိုက်ထိုးသည့်အတွက် အိမ်ကိုလှည့်ပတ်ပြေးကာ တိမ်းရှောင်ရင်း မီးဖိုချောင်အတွင်းမှ အသင့်တွေ့ရှိရသည့် ဓါးမဖြင့် ပြန်လည်ခုခံ သဖြင့် ဦးလှမြင့်လဲကျသွားခဲ့ရာ ဓါးမဖြင့်နှစ်ချက် ထပ်မံခုတ်သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

” အရက်မူးပြီးတော့ မယားနဲ့စကားများတာပေါ့၊ အဲဒီမှာ အရိုးအသွား ကိုးလက်မရှိတဲ့ ဓါးမြှောင်နဲ့ လင်က မိန်းမကို ဓါးနဲ့ထိုးဖို့လုပ်တာပေါ့၊ အဲဒီမှာ မိန်းမက အိမ်မှာတိမ်းရှောင်ထွက်ပြေးရင်း အိမ်ပေါ်မှာတွေ့တဲ့ ဓါးမနဲ့ ခုတ်လိုက်တယ်။ ပြတ်ရှ ဒဏ်ရာသုံးချက်နဲ့ အိမ်ပေါ်မှာသေသွားတာပေါ့၊ အဲဒါကို သေဆုံးသူရဲ့အစ်ကိုက တရားလို ပြုလုပ်တိုင်ကြားထားတယ်၊ ကျွန်တော်ကိုယ်တိုင် အမှုကိုစစ်ဆေးနေပါတယ်”ဟု ကျောက်ဖြူ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောကြားခဲ့သည်။ယင်းနှင့်ပတ်သက်ပြီးဒေါ်တင်အေးအား ၎င်း၏နေအိမ်၌ပင် ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်းမှ(ပ)၅၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *