သိန္နီမြို့ တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်စီးနင်းမှုဖြစ်ပွား

Posted on

သိန္နီမြို့ တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်စီးနင်းမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန်းနီမြို့ထဲ ကို TNLA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် စီးနင်းဖို့ကြိုးစားရာတွင် နယ်မြေ လုံခြုံရေးယူထားသော တပ်မတော် နဲ့ အပြန်အလှန် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

TNLA အကြမ်းဖက်သောင်းကျန်း သူများသည် မနက်ဝေလီဝေလင်း အချိန်တွင် ဘဏ်ကို ဝင်လုဖို့ကြိုးစားတယ် လို့လည်း ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။ နေအိမ်အချို့ သောင်းကျန်းသူများ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်လျက်ရှိကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသ သိန်းနီမြို့၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် နေအိမ်အချို့ လက်နက်ကြီး ထိမှန်ပြီး ကုန်တင်ယာဉ်များ ပိတ်မိဆဲ ဖြစ်ကြောင်း ယာဉ်မောင်းများက ပြောဆိုသည်။

လောလောဆယ် TNLA အကြမ်းဖက်သောင်းကျန်းသူများ ၏ ဝင်ရောက်တိုက်ခတ်မှုကြောင့် ကားလမ်းများ ပိတ်ထားလျက်ရှိပြီး ခရီးသွား ကားသမားများ စောင့်ဆိုင်းလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်

Leave a Reply

Your email address will not be published. Required fields are marked *