ျမန္မာနယ္စပ္ ကို ၀င္ေရာက္လာျပီးမွ ေပ်ာက္ေနတဲ့ ဝူဟန္သံသယ ရွိ တ႐ုတ္လူမ်ိဳး ၅ ဦးထဲက ႏွစ္ဦးရွာေတြ႔ျပီဟုဆို

ကူးစက္ျမန္ အဆုတ္ေယာင္ ေရာဂါ ျဖစ္ပြါး ေနႏိုင္တယ္လုိ႔ ယူနန္အစိုးရ သံသယရွိတဲ့ ေပ်ာက္ဆံုးေနတဲ့ ဝူဟန္ၿမိဳ႕သား ၅ ေယာက္ ထဲက ေနာက္ထပ္ တေယာက္ကို တရုတ္ႏုိင္ငံထဲမွာပဲ ျပန္ေတြ႔ၿပီလို႔ တရုတ္အာဏာပိုင္ေတြက မူဆယ္ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့ပါတယ္။

က်န္ေနေသးတဲ့ သုံးဦးဟာလည္း တ႐ုတ္ႏိုင္ငံထဲမွာပဲ ရွိႏိုင္တယ္လို႔ ယူဆေၾကာင္း မူဆယ္ခ႐ိုင္ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း စုံးစမ္းေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေနတဲ့ တ႐ုတ္ဝူဟန္ၿမိဳ႕က လူငါးဦးဟာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ကို ေရာက္ရွိေနေၾကာင္း တ႐ုတ္ရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီ ၅ရက္မွာ အေၾကာင္းၾကားလာၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီ ၆ရက္မွာ ပထမ တေယာက္ကို ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး အခု ေနာက္ တေယာက္ ကေတာ့ တရုတ္ႏုိင္ငံထဲမွာပဲ ျပန္ေတြ႔ခဲ့တာ ျဖစ္ပါတယ္။ ဒုတိယေျမာက္ ဝူဟန္ၿမိဳ႕သား ဟာ တ႐ုတ္ရဲ တပ္ဖြဲ႕ဆီသြားၿပီး ကိုယ္တိုင္အစစ္ေဆး ခံခဲ့တာ ျဖစ္ၿပီး သူ႔ကို ျပန္ေတြ႔ ေၾကာင္း ေဖေဖၚဝါရီလ ၁၂ ရက္မွာ တရုတ္ရဲက အေၾကာင္းၾကားခဲ့တယ္လုိ႔ မူဆယ္ခ႐ိုင္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးဥကၠာက ေျပာပါတယ္။

“ ဒီေန႔ တ႐ုတ္ဘက္ကေန သတင္းေပးပို႔ခ်က္အရေတာ့ မေန႔က အမ်ိဳးသားတေယာက္က တ႐ုတ္ျပည္ ရဲတပ္ဖြဲ႕မွာ လာေရာက္ၿပီးေတာ့ အစစ္အေဆးခံပါတယ္ခင္ဗ်။ စစ္ေဆးေတာ့ သူတို႔မွာ ေရာဂါပိုး မေတြ႕ပါဘူးဆိုၿပီး တ႐ုတ္က က်ေနာ္တို႔ ရဲတပ္ဖြဲ႕ ကို အေၾကာင္းၾကားေပးပါတယ္။ ဆိုေတာ့ က်န္တဲ့သုံးေယာက္ကလည္း မိေတာ့ မမိေသးဘူး၊ တ႐ုတ္ဘက္ကလည္း သူတို႔ႏိုင္ငံထဲမွာပဲ ရွိမယ္လို႔ သုံးသပ္ပါတယ္။”

ျမန္မာနယ္စပ္ ကို ၀င္ေရာက္လာျပီးမွ ေပ်ာက္ေနတဲ့ ဝူဟန္သံသယ ရွိ တ႐ုတ္လူမ်ိဳး ၅ ဦးထဲက ႏွစ္ဦးရွာေတြ႔ျပီဟုဆို

သူတို႔ေပ်ာက္ဆုံး ငါးဦးထဲက ပထမဆုံးတေယာက္က ေတာ့ မူဆယ္ခ႐ိုင္၊ ပန္ဆိုင္းၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၆ရက္က ရွာေတြ႕ခဲ့တာ ျဖစ္ၿပီး ၂ႏိုင္ငံညႇိႏႈိင္းမႈနဲ႔ တ႐ုတ္အစိုးရကို ျပန္အပ္ခဲ့တာ လို႔လည္း ေျပာပါတယ္။

အခုလို ျဖစ္ရပ္ေတြေ ႀကံဳေနရတာ ေၾကာင့္ ျမန္မာႏုိင္ငံ တြင္းကို နယ္စပ္ဝင္ေပါက္ေတြကေန ေရာဂါပိုးကူးစက္ခံရသူေတြ ဝင္ေရာက္လာမွာ စိုးရိမ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေဖေဖာ္ဝါရီ ၁၁ရက္မွာ လုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ တင္ျပခဲ့တာပါ။

အခု အခါမွာေတာ့ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက အဓိက တာဝန္ယူ၊ ေစာင့္ၾကည့္၊ စစ္ေဆးေနတဲ့ တ႐ုတ္၊ ထိုင္းနဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ ကခ်င္နဲ႔ ရွမ္းျပည္နယ္ နယ္စပ္ဂိတ္ ေတြမွာ ဝင္လာသူ တေယာက္ခ်င္းစီရဲ႕ အလုပ္သြားလုပ္တဲ့ေနရာ၊ မူလေနရပ္၊ ဖုန္းနံပတ္၊ ႏိုင္ငံကူးလက္မွတ္ စတဲ့ ကိုယ္ေရး အခ်က္အလက္ေတြကို မွတ္တမ္းယူဖို႔ စီစဥ္ေန ၿပီ ျဖစ္ပါတယ္။

ဒီလိုအခ်က္အလက္ေတြယူဖို႔ လုပ္မယ္ ဆိုရင္ေတာ့ ေစတနာ့ဝန္ထမ္းေတြ လိုအပ္လာႏိုင္ တယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးမႉး ေဒါက္တာတင္ေမာင္ၫႊန႔္က VOA ကို ေျပာပါတယ္။

“ တေန႔ကို မူဆယ္လိုမ်ိဳးမွာ နန္းေတာ္ဝင္ေပါက္တို႔၊ ဆင္ျဖဴေပါက္တို႔မွာ တေန႔ကို ေထာင္နဲ႔ခ်ီရွိတာေလ အဝင္ကေလ။ ဆရာတို႔ တေယာက္ကိုပဲ ငါးမိနစ္ပဲ (စာရင္း) ျဖည့္ဦးေတာ့ ငါးမိနစ္၊ ငါးမိနစ္ဆို မနည္းဘူးေလ သူတို႔ေစာင့္ရမွာေလ။ အဲက်ရင္ ဝိုင္းကူဖို႔ လိုလာမွာေပါ့ေနာ္။ လိုတဲ့အခါက် ဆရာတို႔ အကူအညီေတာင္းမွာပါ ပရဟိတေတြ၊ ေနာက္ က်န္တဲ့အဖြဲ႕အစည္းေတြကို။”

ေဆးပစၥည္းေတြကေတာ့ အလုံအေလာက္ရွိတယ္လို႔လည္း သူကေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၁ရက္ ညေန ၆နာရီအထိ ျပည္နယ္နဲ႔ တိုင္းေဒသအသီးသီးက သက္ဆိုင္ရာ ေဆး႐ုံေတြမွာေစာင့္ၾကည့္ ခံေနရတဲ့ လူနာ ၁၆ ေယာက္ရွိတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ WHO က Covid 19 ေရာဂါလို႔ သတ္မွတ္ထားတဲ့ ေရာဂါပိုး အကူးစက္ခံရမႈက တ႐ုတ္ျပည္မွာ အမ်ားဆုံး ျဖစ္ၿပီး အကူးစက္ခံရသူ ၄၅၀၀၀ ေက်ာ္လာၿပီျဖစ္ပါတယ္။ အေမရိကန္အပါအဝင္ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံမွာ ကူးစက္ခံရသူ အနည္းအက်ဥ္းရွိၿပီး ေသဆုံးသူကေတာ့ တ႐ုတ္မွာ ၁၂၀၀ ေက်ာ္၊ ေဟာင္ေကာင္နဲ႔ ဖိလစ္ပိုင္မွာေတာ့ တေယာက္စီ ေသဆုံးခဲ့ပါတယ္။ Crd; VOA

Unicode

ကူးစက်မြန် အဆုတ်ယောင် ရောဂါ ဖြစ်ပွါး နေနိုင်တယ်လို့ ယူနန်အစိုးရ သံသယရှိတဲ့ ပျောက်ဆုံးနေတဲ့ ဝူဟန်မြို့သား ၅ ယောက် ထဲက နောက်ထပ် တယောက်ကို တရုတ်နိုင်ငံထဲမှာပဲ ပြန်တွေ့ပြီလို့ တရုတ်အာဏာပိုင်တွေက မူဆယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

ကျန်နေသေးတဲ့ သုံးဦးဟာလည်း တရုတ်နိုင်ငံထဲမှာပဲ ရှိနိုင်တယ်လို့ ယူဆကြောင်း မူဆယ်ခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း စုံးစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ တရုတ်ဝူဟန်မြို့က လူငါးဦးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ကို ရောက်ရှိနေကြောင်း တရုတ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ရက်မှာ အကြောင်းကြားလာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၆ရက်မှာ ပထမ တယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပြီး အခု နောက် တယောက် ကတော့ တရုတ်နိုင်ငံထဲမှာပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် ဝူဟန်မြို့သား ဟာ တရုတ်ရဲ တပ်ဖွဲ့ဆီသွားပြီး ကိုယ်တိုင်အစစ်ဆေး ခံခဲ့တာ ဖြစ်ပြီး သူ့ကို ပြန်တွေ့ ကြောင်း ဖေဖေါ်ဝါရီလ ၁၂ ရက်မှာ တရုတ်ရဲက အကြောင်းကြားခဲ့တယ်လို့ မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောပါတယ်။

“ ဒီနေ့ တရုတ်ဘက်ကနေ သတင်းပေးပို့ချက်အရတော့ မနေ့က အမျိုးသားတယောက်က တရုတ်ပြည် ရဲတပ်ဖွဲ့မှာ လာရောက်ပြီးတော့ အစစ်အဆေးခံပါတယ်ခင်ဗျ။ စစ်ဆေးတော့ သူတို့မှာ ရောဂါပိုး မတွေ့ပါဘူးဆိုပြီး တရုတ်က ကျနော်တို့ ရဲတပ်ဖွဲ့ ကို အကြောင်းကြားပေးပါတယ်။ ဆိုတော့ ကျန်တဲ့သုံးယောက်ကလည်း မိတော့ မမိသေးဘူး၊ တရုတ်ဘက်ကလည်း သူတို့နိုင်ငံထဲမှာပဲ ရှိမယ်လို့ သုံးသပ်ပါတယ်။”

သူတို့ပျောက်ဆုံး ငါးဦးထဲက ပထမဆုံးတယောက်က တော့ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ ဖေဖော်ဝါရီ ၆ရက်က ရှာတွေ့ခဲ့တာ ဖြစ်ပြီး ၂နိုင်ငံညှိနှိုင်းမှုနဲ့ တရုတ်အစိုးရကို ပြန်အပ်ခဲ့တာ လို့လည်း ပြောပါတယ်။

အခုလို ဖြစ်ရပ်တွေေ ကြုံနေရတာ ကြောင့် မြန်မာနိုင်ငံ တွင်းကို နယ်စပ်ဝင်ပေါက်တွေကနေ ရောဂါပိုးကူးစက်ခံရသူတွေ ဝင်ရောက်လာမှာ စိုးရိမ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီ ၁၁ရက်မှာ လုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။

အခု အခါမှာတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဓိက တာဝန်ယူ၊ စောင့်ကြည့်၊ စစ်ဆေးနေတဲ့ တရုတ်၊ ထိုင်းနဲ့ နယ်ချင်းထိစပ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ် နယ်စပ်ဂိတ် တွေမှာ ဝင်လာသူ တယောက်ချင်းစီရဲ့ အလုပ်သွားလုပ်တဲ့နေရာ၊ မူလနေရပ်၊ ဖုန်းနံပတ်၊ နိုင်ငံကူးလက်မှတ် စတဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းယူဖို့ စီစဉ်နေ ပြီ ဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေယူဖို့ လုပ်မယ် ဆိုရင်တော့ စေတနာ့ဝန်ထမ်းတွေ လိုအပ်လာနိုင် တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာတင်မောင်ညွှန့်က VOA ကို ပြောပါတယ်။

“ တနေ့ကို မူဆယ်လိုမျိုးမှာ နန်းတော်ဝင်ပေါက်တို့၊ ဆင်ဖြူပေါက်တို့မှာ တနေ့ကို ထောင်နဲ့ချီရှိတာလေ အဝင်ကလေ။ ဆရာတို့ တယောက်ကိုပဲ ငါးမိနစ်ပဲ (စာရင်း) ဖြည့်ဦးတော့ ငါးမိနစ်၊ ငါးမိနစ်ဆို မနည်းဘူးလေ သူတို့စောင့်ရမှာလေ။ အဲကျရင် ဝိုင်းကူဖို့ လိုလာမှာပေါ့နော်။ လိုတဲ့အခါကျ ဆရာတို့ အကူအညီတောင်းမှာပါ ပရဟိတတွေ၊ နောက် ကျန်တဲ့အဖွဲ့အစည်းတွေကို။”

ဆေးပစ္စည်းတွေကတော့ အလုံအလောက်ရှိတယ်လို့လည်း သူကပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ရက် ညနေ ၆နာရီအထိ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက သက်ဆိုင်ရာ ဆေးရုံတွေမှာစောင့်ကြည့် ခံနေရတဲ့ လူနာ ၁၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ WHO က Covid 19 ရောဂါလို့ သတ်မှတ်ထားတဲ့ ရောဂါပိုး အကူးစက်ခံရမှုက တရုတ်ပြည်မှာ အများဆုံး ဖြစ်ပြီး အကူးစက်ခံရသူ ၄၅၀၀၀ ကျော်လာပြီဖြစ်ပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ကူးစက်ခံရသူ အနည်းအကျဉ်းရှိပြီး သေဆုံးသူကတော့ တရုတ်မှာ ၁၂၀၀ ကျော်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာတော့ တယောက်စီ သေဆုံးခဲ့ပါတယ်။

Crd; VOA

Add a Comment

Your email address will not be published. Required fields are marked *