အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

အဖြားနာမည္က ေဒၚတင္တင္လွ တဲ့…ရဲမႉးကေတာ္ႀကီးေပါ့…ကေတာ္ပီပီ ႐ုပ္ေခ်ာ အေျပာေကာင္း ေပါင္းတတ္ သင္းတတ္… ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ႏွစ္လုံးေတာင္ ပိုင္တာရယ္ သားသမီး မထြန္းကားခဲ့ေတာ့ အဖြားအမ်ိဳးသား ရဲမႉးႀကီးဆုံးေတာ့ အဖြားက တူေတြ ၊ တူမေတြနဲ ႔ေနတာ ရယ္…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ဒီ လိုနဲ႔ အဖြား ေခ်ာ္လဲ ေပါင္က်ိဳးေတာ့ အဖြား ရဲ႕ တူေတြ တူမေတြက အဖြားကို အခန္းတစ္ခုထဲ ထည့္ထားၿပီး ထမင္းေတာင္ အဝကေန ခြက္ေခါက္ေကြၽးတာရယ္…အဲ့ေလာက္ ထိေတာ္တာ…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ဒီလိုနဲ႔ ပုံ႔တို႔နဲ႔ အဖြား ေရစက္စဆုံခဲ့ၾကတာက ၂၀၁၆ ခုႏွစ္…ပုံ႔ ခိုကိုးရာမဲ့ အဘိုးအဖြားေတြကို အိမ္ေလးငွားၿပီး ေစာင့္ေရွာက္မယ္လို႔ fb တင္႐ုံရွိေသး အဖြားတူမေတြက ပုံ႔ကို ဆက္သြယ္လာတယ္ ပို႔ခ်င္လို႔ပါေပါ့…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ပုံ႔ကလဲ အိမ္မငွားရေသးေတာ့ ခဏေစာင့္ပါေပါ့…ဒါနဲ႔ ခဏေစာင့္ၾကတယ္… အိမ္ငွားၿပီးၿပီဆိုတဲ့ ပိုစ့္တင္႐ုံရွိေသး ပို႔ေတာ့မယ္ လုပ္တယ္အိမ္မွာ ေနဖို႔ ထိုင္ဖို႔ ဘာမွ အဆင္မေျပေသးလို႔ အလႈခံရအုံးမယ္ ခဏေတာ့ ထပ္ေစာင့္ပါအုံး ဆိုေပမဲ့……ပုံ႔တို႔ ရန္ကုန္တက္ၿပီး သူေတာင္းစားလို အလႈခံေနတဲ့အခ်ိန္ အဖြားရဲ႕ တူေတြ၊

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

တူမေတြက ခိုလႈံရာကို ဇြတ္လာပို႔ၾကတယ္…တိုက္ႀကီးႏွစ္လုံးေတာ့ ဘယ္ေရာက္တယ္ မသိေပါ့…အဖြားကို ေျခေထာက္ေဆး႐ုံျပေပးမယ္လို႔ ညာေခၚလာၿပီး ပုံ႔တို႔ဆီ လာပစ္သြားၾကတာပါ…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

သူတို႔ ထြက္သြားၿပီး တရက္ ႏွစ္ရက္ေလာက္ေတာ့ ေဆး႐ုံျပဖို႔ ျပန္လာေခၚမယ္ အထင္နဲ႔ ေမွ်ာ္ရွာေသးတယ္…ေနာက္ေတာ့ သိပ္ပါးနပ္တဲ့ အဖြားဟာ ေရာက္တဲ့ေနရာမွာ ေပ်ာ္ေအာင္ ေနရွာေတာ့တယ္…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ပုံ႔တို႔ကိုဘဲ သူ႔ေျမးေတြ အမွတ္နဲ႔ ေနရွာတယ္…ရိပ္သာေလး စခ်ိန္မို႔ ဝန္ထမ္းလဲ မငွားႏိုင္ခ်ိန္ အဖြားကို ပုံ႔တို႔ ကိုယ္တိုင္ျပဳစုတယ္…သိပ္ စိတ္မာတဲ့အဖြား၊ သိပ္ေပ်ာ္တတ္တဲ့အဖြား၊

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

သိပ္အလိုက္သိတဲ့အဖြား ေနတတ္ေအာင္ေနတယ္…လာသမွ် အလႈရွင္ အၿပဳံးေတြ ရီစရာေတြ ေျပာၿပီး ဒိုင္ခံ ဧည့္ခံတယ္…လာသမွ်လူ အဖြားကို မခ်စ္သူ မရွိဘူးရယ္….

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ဒီလိုနဲ႔ သူ႔ေနာက္မွ ေရာက္တဲ့သူ၊ သူ႔ထက္ငယ္တဲ့သူေတြသာ ေသသြားၾကတယ္…အဖြားကေတာ့ ခိုလႈံရာ ဘိုးဘြားရိပ္သာရယ္လို႔ ျဖစ္လာၿပီး လူေပါင္း ရာခ်ီ ေစာင့္ေရွာက္ႏိုင္တဲ့အထိ ပုံ႔တို႔နဲ႔အတူ အေကာင္းအဆိုးေတြ အတူတူခံစားရင္ ဒီေန႔ထိ ေနခဲ့တယ္….

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

အဖြားကေလ သူ႔မွာ ရည္းစား ၁၆ ေယာက္ရွိေၾကာင္း၊ တစ္ေယာက္ထဲဘဲ သူယူခဲ့ေၾကာင္း စတဲ့ ငယ္ဘဝေတြ သိပ္ေျပာတတ္တာ…အလႈအတန္းလဲ ရက္ေရာ၊ အသန္႔အျပန္႔၊

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

အလွအပကလဲ သိပ္ႀကိဳက္တတ္တာ၊ သူေနမေကာင္းမွာစိုးလို႔ ဝန္ထမ္းေတြက ေရခ်ိဳးမေပးရင္ ပုံ႔ပုံ႔နဲ႔ ဥာဏ္ဥာဏ္နဲ႔ ျပန္တိုင္မွာဆိုၿပီး သိပ္ၿခိမ္းေျခာက္တာ…..

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ပုံ႔တို႔ကို မေတြ႕ရင္ ေမးေနေရာ၊ အေဝးက မမအိဆိုရင္လဲ မမအိမလာဘူးလား ေမွ်ာ္ေနတာဆို ေမးေနေရာ၊ သူနဲ႔ မေတာ္တဲ့အဝတ္ေတြ၊ သူမႀကိဳက္တဲ့ မုန္႔ေလးေတြဆို ပုံ႔ပုံ႔ဖို႔ဆို ေပးရွာတယ္…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

သူ ငွက္ေပ်ာေၾကာ္စားခ်င္ရင္လဲ အၿမဲပူဆာတတ္တာရယ္….ခုေတာ့ အဲ့လို ဆိုးမယ့္ ႏြဲ႕မယ့္ ဧည့္ခံတတ္တဲ့ အဖြားမရွိေတာ့ပါဘူး…လြန္ ခဲ့တဲ့ ၄ ရက္ေလာက္က ၾကပ္လို႔ ညတြင္းခ်င္းေဆး႐ုံတင္လိုက္ရတယ္အဲ့ေန႔ကစလို႔ ေအာက္ဆီဂ်င္နဲ႔ဘဲ မေသ႐ုံေနရရွာတယ္…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ပုံ႔တို႔ ေဆး႐ုံသြားၾကည့္ေတာ့ အဖြားက သူ မေနရေတာ့ဘူး ဥာဏ္ဥာဏ္ဆိုၿပီး…သူေျပာခ်င္တဲ့ ေနာက္ဆုံး စကားေလးေတြ ေျပာရွာတယ္သူ႔လက္ကေလးနဲ႔ ပုံ႔လက္ကေလးကိုဆြဲ လက္အုပ္ေလးခ်ီၿပီး ပုံ႔ပုံ႔တို႔ ဥာဏ္ဥာဏ္တို႔ ေက်းဇူးေတြ ႀကီးလွပါတယ္တဲ့…ပုံ႔လဲ ကုတင္ေျခရင္းထိုင္ခ်ၿပီးငိုေတာ့ ပုံ႔ေခါင္းေလးကို ပြတ္ၿပီး၊

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ဘုရားကေပးတဲ့ သားနဲ႔သမီးပါတဲ့ဆိုၿပီး အဖြားလဲ ငိုရွာတယ္…ပုံ႔ပုံ႔တို႔ ဥာဏ္ဥာဏ္တို႔ကို ခ်စ္ပါတယ္တဲ့အဖြား စေရာက္ခ်ိန္ကစၿပီး ခုခ်ိန္ထိ ပုံ႔ပုံ႔တို႔ကို မေကာင္းတခါမွ အျပစ္မေျပာဖူးဘူးတဲ့…ခုလဲ သူျပန္လိုက္ပါရေစ ပုံ႔ပုံ႔တို႔နဲ႔ ျပန္ေနခ်င္တယ္တဲ့အဲ့ည အဖြားကို တညလုံးေစာင့္ၾကတယ္…အဖြားတတြတ္တြတ္ေျပာေနတာက အဖြားကို ပုံ႔တို႔နဲ႔အတူ ခိုလႈံရာကို ျပန္ေခၚသြားပါ…မထားခဲ့နဲ႔ေနာ္တဲ့…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

ပုံ႔တို႔ ဒီေန႔ Special Nurse တေယာက္ငွားၿပီး ေဆး႐ုံက ေတာင္းဆင္းခဲ့တယ္…ခိုလႈံရာလဲ ေရာက္ေရာ စိတ္ေလ်ာ့လိုက္တယ္ထင္ပါတယ္…၂ နာရီေလာက္ပဲေနၿပီး ဆုံးပါးသြားရွာတယ္…ညင္ညင္သာသာ တိုးတိုး တိတ္တိတ္ေလးပါဘဲ…

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

အဖြားကို ေရမိုးခ်ိဳး၊ ပုံ႔ကိုယ္တိုင္ ပုံ႔လိမ္းသလို သနပ္ခါးေတြလူးေပး၊ ပုံ႔ စိုက္တဲ့ အပင္က ပန္းေလးေတြ ပန္ေပးၿပီး ျပင္ေပးျဖစ္တယ္အဖြားေသဆုံးခ်ိန္ကစၿပီး အဖြားလက္ကေလးကိုကိုင္ၿပီး ေနာက္ဆုံး မီးခိုးအျဖစ္လြင့္ျပယ္သြားခ်ိန္အထိ ပုံ႔ အဖြားရဲ႕ သံသရာခရီးအတြက္ထပ္ကာ ထပ္ကာ ေတာင္းေပးျဖစ္တဲ့ ဆုေလးကအဖြားတစ္ေယာက္ ဘဝဆက္တိုင္း မိေကာင္းဖေကာင္း၊ ဘိုးေကာင္းဖြားေကာင္း၊ သားေကာင္းသမီးေကာင္း၊ ေဆြေကာင္းမ်ိဳးေကာင္းမ်ားနဲ႔သာ ဆုံရၿပီး ယခုလို စြန္႔ပစ္ခံဘဝ ဘယ္အခါမွ မေရာက္ရပါေစနဲ႔….

အဖြား နာမည္က ေဒၚတင္တင္လွတဲ့ ရဲမႉးကေတာ္ႀကီးေပါ့ ျပည္ၿမိဳ႕လယ္ မွာ တိုက္ႀကီး ၂ လုံးေတာင္ ပိုင္တာရယ္….

သံသရာအဆက္ဆက္ စိတ္ရွိတိုင္း ေပးလႈႏိုင္သူျဖစ္ရပါေစ…သံသရာမွာ ပုံ႔တို႔ ျပန္ဆုံခဲ့ရင္ ေက်းဇူးခံ ေက်းဇူးစားအျဖစ္ မဆုံဘဲ…ေရစက္ေၾကာင့္သာ ဆုံရၿပီး သာသနာ အတူျပဳၾကတဲ့ မိတ္ေဆြေကာင္းေတြအျဖစ္ ျပန္ဆုံပါရေစ​​ေနာက္ဆို ခိုလႈံရာကို လာလႈရင္ အၿပဳံးေလးနဲ႔ ရီစရာေတြ ေျပာၿပီးႏႈတ္ဆက္မယ့္အဖြား မရွိေတာ့ဘူး…အလြမ္းေျပသြားၾကည့္ဖို႔ အုတ္ဂူေလးေတာ့လုပ္ထားတယ္…ပုံ႔ ျပဳသမွ် အမွ်…အမွ်…အမွ် ပါ အဖြားေရ…

ေဒၚတင္တင္လွ (၉၉) ႏွစ္ 13.2.2020၊ ၾကာသပေတးေန႔၊ ညေန ၄:၂၀ တြင္ ကြယ္လြန္သည္….

From Thin Shwe Sin Hlaing FB

Unicode

အဖွားနာမည်က ဒေါ်တင်တင်လှ တဲ့…ရဲမှူးကတော်ကြီးပေါ့…ကတော်ပီပီ ရုပ်ချော အပြောကောင်း ပေါင်းတတ် သင်းတတ်… ပြည်မြို့လယ် မှာ တိုက်ကြီး နှစ်လုံးတောင် ပိုင်တာရယ် သားသမီး မထွန်းကားခဲ့တော့ အဖွားအမျိုးသား ရဲမှူးကြီးဆုံးတော့ အဖွားက တူတွေ ၊ တူမတွေနဲ့နေတာ ရယ်…

ဒီ လိုနဲ့ အဖွား ချော်လဲ ပေါင်ကျိုးတော့ အဖွား ရဲ့ တူတွေ တူမတွေက အဖွားကို အခန်းတစ်ခုထဲ ထည့်ထားပြီး ထမင်းတောင် အဝကနေ ခွက်ခေါက်ကျွေးတာရယ်…အဲ့လောက် ထိတော်တာ…

ဒီလိုနဲ့ ပုံ့တို့နဲ့ အဖွား ရေစက်စဆုံခဲ့ကြတာက ၂၀၁၆ ခုနှစ်…ပုံ့ ခိုကိုးရာမဲ့ အဘိုးအဖွားတွေကို အိမ်လေးငှားပြီး စောင့်ရှောက်မယ်လို့ fb တင်ရုံရှိသေး အဖွားတူမတွေက ပုံ့ကို ဆက်သွယ်လာတယ် ပို့ချင်လို့ပါပေါ့…

ပုံ့ကလဲ အိမ်မငှားရသေးတော့ ခဏစောင့်ပါပေါ့…ဒါနဲ့ ခဏစောင့်ကြတယ်… အိမ်ငှားပြီးပြီဆိုတဲ့ ပိုစ့်တင်ရုံရှိသေး ပို့တော့မယ် လုပ်တယ်အိမ်မှာ နေဖို့ ထိုင်ဖို့ ဘာမှ အဆင်မပြေသေးလို့ အလှုခံရအုံးမယ် ခဏတော့ ထပ်စောင့်ပါအုံး ဆိုပေမဲ့……ပုံ့တို့ ရန်ကုန်တက်ပြီး သူတောင်းစားလို အလှုခံနေတဲ့အချိန် အဖွားရဲ့ တူတွေ၊

တူမတွေက ခိုလှုံရာကို ဇွတ်လာပို့ကြတယ်…တိုက်ကြီးနှစ်လုံးတော့ ဘယ်ရောက်တယ် မသိပေါ့…အဖွားကို ခြေထောက်ဆေးရုံပြပေးမယ်လို့ ညာခေါ်လာပြီး ပုံ့တို့ဆီ လာပစ်သွားကြတာပါ…

သူတို့ ထွက်သွားပြီး တရက် နှစ်ရက်လောက်တော့ ဆေးရုံပြဖို့ ပြန်လာခေါ်မယ် အထင်နဲ့ မျှော်ရှာသေးတယ်…နောက်တော့ သိပ်ပါးနပ်တဲ့ အဖွားဟာ ရောက်တဲ့နေရာမှာ ပျော်အောင် နေရှာတော့တယ်…

ပုံ့တို့ကိုဘဲ သူ့မြေးတွေ အမှတ်နဲ့ နေရှာတယ်…ရိပ်သာလေး စချိန်မို့ ဝန်ထမ်းလဲ မငှားနိုင်ချိန် အဖွားကို ပုံ့တို့ ကိုယ်တိုင်ပြုစုတယ်…သိပ် စိတ်မာတဲ့အဖွား၊ သိပ်ပျော်တတ်တဲ့အဖွား၊

သိပ်အလိုက်သိတဲ့အဖွား နေတတ်အောင်နေတယ်…လာသမျှ အလှုရှင် အပြုံးတွေ ရီစရာတွေ ပြောပြီး ဒိုင်ခံ ဧည့်ခံတယ်…လာသမျှလူ အဖွားကို မချစ်သူ မရှိဘူးရယ်….

ဒီလိုနဲ့ သူ့နောက်မှ ရောက်တဲ့သူ၊ သူ့ထက်ငယ်တဲ့သူတွေသာ သေသွားကြတယ်…အဖွားကတော့ ခိုလှုံရာ ဘိုးဘွားရိပ်သာရယ်လို့ ဖြစ်လာပြီး လူပေါင်း ရာချီ စောင့်ရှောက်နိုင်တဲ့အထိ ပုံ့တို့နဲ့အတူ အကောင်းအဆိုးတွေ အတူတူခံစားရင် ဒီနေ့ထိ နေခဲ့တယ်….

အဖွားကလေ သူ့မှာ ရည်းစား ၁၆ ယောက်ရှိကြောင်း၊ တစ်ယောက်ထဲဘဲ သူယူခဲ့ကြောင်း စတဲ့ ငယ်ဘဝတွေ သိပ်ပြောတတ်တာ…အလှုအတန်းလဲ ရက်ရော၊ အသန့်အပြန့်၊

အလှအပကလဲ သိပ်ကြိုက်တတ်တာ၊ သူနေမကောင်းမှာစိုးလို့ ဝန်ထမ်းတွေက ရေချိုးမပေးရင် ပုံ့ပုံ့နဲ့ ဉာဏ်ဉာဏ်နဲ့ ပြန်တိုင်မှာဆိုပြီး သိပ်ခြိမ်းခြောက်တာ…..

ပုံ့တို့ကို မတွေ့ရင် မေးနေရော၊ အဝေးက မမအိဆိုရင်လဲ မမအိမလာဘူးလား မျှော်နေတာဆို မေးနေရော၊ သူနဲ့ မတော်တဲ့အဝတ်တွေ၊ သူမကြိုက်တဲ့ မုန့်လေးတွေဆို ပုံ့ပုံ့ဖို့ဆို ပေးရှာတယ်…

သူ ငှက်ပျောကြော်စားချင်ရင်လဲ အမြဲပူဆာတတ်တာရယ်….ခုတော့ အဲ့လို ဆိုးမယ့် နွဲ့မယ့် ဧည့်ခံတတ်တဲ့ အဖွားမရှိတော့ပါဘူး…လွန် ခဲ့တဲ့ ၄ ရက်လောက်က ကြပ်လို့ ညတွင်းချင်းဆေးရုံတင်လိုက်ရတယ်အဲ့နေ့ကစလို့ အောက်ဆီဂျင်နဲ့ဘဲ မသေရုံနေရရှာတယ်…

ပုံ့တို့ ဆေးရုံသွားကြည့်တော့ အဖွားက သူ မနေရတော့ဘူး ဉာဏ်ဉာဏ်ဆိုပြီး…သူပြောချင်တဲ့ နောက်ဆုံး စကားလေးတွေ ပြောရှာတယ်သူ့လက်ကလေးနဲ့ ပုံ့လက်ကလေးကိုဆွဲ လက်အုပ်လေးချီပြီး ပုံ့ပုံ့တို့ ဉာဏ်ဉာဏ်တို့ ကျေးဇူးတွေ ကြီးလှပါတယ်တဲ့…ပုံ့လဲ ကုတင်ခြေရင်းထိုင်ချပြီးငိုတော့ ပုံ့ခေါင်းလေးကို ပွတ်ပြီး၊

ဘုရားကပေးတဲ့ သားနဲ့သမီးပါတဲ့ဆိုပြီး အဖွားလဲ ငိုရှာတယ်…ပုံ့ပုံ့တို့ ဉာဏ်ဉာဏ်တို့ကို ချစ်ပါတယ်တဲ့အဖွား စရောက်ချိန်ကစပြီး ခုချိန်ထိ ပုံ့ပုံ့တို့ကို မကောင်းတခါမှ အပြစ်မပြောဖူးဘူးတဲ့…ခုလဲ သူပြန်လိုက်ပါရစေ ပုံ့ပုံ့တို့နဲ့ ပြန်နေချင်တယ်တဲ့အဲ့ည အဖွားကို တညလုံးစောင့်ကြတယ်…အဖွားတတွတ်တွတ်ပြောနေတာက အဖွားကို ပုံ့တို့နဲ့အတူ ခိုလှုံရာကို ပြန်ခေါ်သွားပါ…မထားခဲ့နဲ့နော်တဲ့…

ပုံ့တို့ ဒီနေ့ Special Nurse တယောက်ငှားပြီး ဆေးရုံက တောင်းဆင်းခဲ့တယ်…ခိုလှုံရာလဲ ရောက်ရော စိတ်လျော့လိုက်တယ်ထင်ပါတယ်…၂ နာရီလောက်ပဲနေပြီး ဆုံးပါးသွားရှာတယ်…ညင်ညင်သာသာ တိုးတိုး တိတ်တိတ်လေးပါဘဲ…

အဖွားကို ရေမိုးချိုး၊ ပုံ့ကိုယ်တိုင် ပုံ့လိမ်းသလို သနပ်ခါးတွေလူးပေး၊ ပုံ့ စိုက်တဲ့ အပင်က ပန်းလေးတွေ ပန်ပေးပြီး ပြင်ပေးဖြစ်တယ်အဖွားသေဆုံးချိန်ကစပြီး အဖွားလက်ကလေးကိုကိုင်ပြီး နောက်ဆုံး မီးခိုးအဖြစ်လွင့်ပြယ်သွားချိန်အထိ ပုံ့ အဖွားရဲ့ သံသရာခရီးအတွက်ထပ်ကာ ထပ်ကာ တောင်းပေးဖြစ်တဲ့ ဆုလေးကအဖွားတစ်ယောက် ဘဝဆက်တိုင်း မိကောင်းဖကောင်း၊ ဘိုးကောင်းဖွားကောင်း၊ သားကောင်းသမီးကောင်း၊ ဆွေကောင်းမျိုးကောင်းများနဲ့သာ ဆုံရပြီး ယခုလို စွန့်ပစ်ခံဘဝ ဘယ်အခါမှ မရောက်ရပါစေနဲ့….

သံသရာအဆက်ဆက် စိတ်ရှိတိုင်း ပေးလှုနိုင်သူဖြစ်ရပါစေ…သံသရာမှာ ပုံ့တို့ ပြန်ဆုံခဲ့ရင် ကျေးဇူးခံ ကျေးဇူးစားအဖြစ် မဆုံဘဲ…ရေစက်ကြောင့်သာ ဆုံရပြီး သာသနာ အတူပြုကြတဲ့ မိတ်ဆွေကောင်းတွေအဖြစ် ပြန်ဆုံပါရစေနောက်ဆို ခိုလှုံရာကို လာလှုရင် အပြုံးလေးနဲ့ ရီစရာတွေ ပြောပြီးနှုတ်ဆက်မယ့်အဖွား မရှိတော့ဘူး…အလွမ်းပြေသွားကြည့်ဖို့ အုတ်ဂူလေးတော့လုပ်ထားတယ်…ပုံ့ ပြုသမျှ အမျှ…အမျှ…အမျှ ပါ အဖွားရေ…

ဒေါ်တင်တင်လှ (၉၉) နှစ် 13.2.2020၊ ကြာသပတေးနေ့၊ ညနေ ၄:၂၀ တွင် ကွယ်လွန်သည်….

From Thin Shwe Sin Hlaing FB

Add a Comment

Your email address will not be published. Required fields are marked *