ဒီေန႔ေတာ့ အမွန္ကို အမွန္အတိုင္း ဖြင့္ေျပာဖြင့္ေမး ဖို႔ အခ်ိန္တန္ၿပီ မို႔ ဒီ Post ကို တင္ပါတယ္ …ဒီ Post ေၾကာင့္ ထိခိုက္ နစ္နာသြားသူမ်ားရွိလွ်င္လည္း တခါထဲ ေတာင္းပန္ထားပါမယ္

အမ်ား သိေအာင္ share ေပးၾကပါ ။ က်ေနာ္ေမးတာေတြလည္းေျဖႏိုင္သူမ်ားေျဖေပးၾကပါခမ်ာ။

ဒီေန႔ေတာ့ အမွန္ ကို အမွန္ အတိုင္းဖြင့္ေျပာဖြင့္ေမး ဖို႔ အခ်ိန္တန္ၿပီမို႔ ဒီ Post ကိုတင္ ပါတယ္… ဒီ Post ေၾကာင့္ ထိခိုက္နစ္နာသြားသူမ်ား ရွိလွ်င္လည္း တခါထဲေတာင္းပန္ထားပါမယ္….

ျမန္မာႏိုင္ငံ ရဲ႕ ပထမဦးဆုံး Covid-19 positive လူနာကို ခ်င္းျပည္နယ္၊တီးတိန္ၿမိဳ႕နယ္၊ကပ္တဲလ္ေက်း႐ြာတြင္ က်ေနာ္ ေဒါက္တာၿဖိဳးေက်ာ္ ​၏ UHC clinic မွ 19/3/2020 ရက္ေန႔တြင္စတင္ေတြ႕ရွိ ခဲ့ ပါတ ယ္ ။

၎ ၁၉ ရက္ေန႔တြင္ ပဲ တီးတိန္ TMO ထံသတင္းပို႔ေပးခဲ့ပါတယ္ ။ တီးတိန္ TMO ​၏ ၫႊန္ၾကားခ်က္အတိုင္း လူနာကို Home Quarantine ထားခဲ့ပါတယ္။21/3/2020 တြင္ တီးတိန္ေဆး႐ုံ သို႔ လႊဲေျပာင္းေပး ခဲ့ၿပီး ေဆးစစ္မႈျပဳလုပ္ခဲ့ရာ 23/3/2020 က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန​၏ အေျဖအရ လူနာတြင္ Covid-19 ပိုးေတြ႕ရွိရေၾကာင္းသိရွိရ ပါ သည္ ။

Photo-Credit

ထိုလူနာ Positive ျဖစ္ၿပီဆိုတာနဲ႔ က်ေနာ္ ကိုယ္တိုင္လည္း Home Q. (၁၄) ရက္ကို ကေလးၿမိဳ႕ေနအိမ္တြင္ ျပဳလုပ္ခဲ့ပါသည္။ ထို႔အတူ ကပ္တဲလ္ေက်း႐ြာ ကိုလည္း အစိုးရက Lock down ခ်မွတ္ၿပီး ႐ြာကိုအဝင္အထြက္ပိတ္ထားလိုက္ ပါသည္ ။ Positive လူနာႏွင့္ထိေတြ႕ခဲ့သူမ်ားကိုလည္း က်န္းမာေရးဌာန မွ Home Q. (၁၄) ရက္စီခ်မွတ္ေပးခဲ့ပါသည္။

Photo-Credit

ထို Home Q. (၁၄) ရက္စီ ခ်မွတ္ၿပီးေသာ္လည္း က်ေနာ္အပါအဝင္ Positive လူနာႏွင့္ထိေတြ႕ခဲ့သူ Closed contact မ်ားအား swab test လုပ္ျခင္းတစုံတရာမျပဳလုပ္ေပးခဲ့ပါ။ က်ေနာ္သည္ Home Q. (၁၄) ျပည့္ၿပီး အိမ္အျပင္ ထြက္ခြင့္ရေနေသာ္လည္း က်ေနာ့ကို မည္သည့္ ေဆးစစ္ေဆးမႈကိုမွ်မျပဳလုပ္ေပးထားေသာေၾကာင့္ မိမိ မိသားစုထံကိုေတာင္ မျပန္ရဲေသးပါ။ ထို႔နည္းတူပဲ ႐ြာမွ Home Q. ယူေနသူ (၃၆) ေယာက္ ကိုလည္း ေဆးစစ္မႈတစုံတရာမျပဳလုပ္ထားပါဘဲ ေရာဂါကင္းရွင္းသည္ဟုဆိုကာ မနက္ဖန္ 7/4/2020 ေန႔တြင္ Home Q. ျဖဳတ္ေပးပါေတာ့မည္။ ထိုသူမ်ားသည္ က်ေနာ္ကဲ့သို႔ ေရာဂါအေၾကာင္းနားလည္ ၍ အိမ္တြင္ ဆက္လက္ေနေနလွ်င္ကိစၥမရွိ၊ အျပင္ထြက္ခြင့္ရၿပီဆိုကာ နယ္တကာလွည့္လွ်င္မည္သူတာဝန္ယူမည္နည္း။

Photo-Credit

swab ယူရန္က်ေနာ္ေျပာတိုင္း criteria ႏွင့္ညီမွ ယူမည္ဟုသာအေျဖရရွိခဲ့ ပါသည္ ။ ထို criteria သည္ တနယ္ႏွင့္တနယ္မတူတာလား။ swab ယူမယူ မည္သူဆုံးျဖတ္သလဲ သိခ်င္လွပါသည္။ ေပါက္ေခါင္းမွ မိသားစု ၊ မႏၲေလးမွ မီနီအိုးေဝ ညီေလးတို႔ကိုစစ္ေဆးေပးျခင္း မ်ားသည္ မည္သည့္ criteria ႏွင့္စစ္ေဆးေပးျခင္းကိုသိလိုလွပါသည္။ တီးတိန္လူနာ​၏ မိခင္သည္ closed contact မဟုတ္ဘူးလား။ တီးတိန္လူနာ​၏ လက္ထပ္မည့္အမ်ိဳးသမီးသည္ closed contact မဟုတ္ ဘူးလား ။ Case (16) ႏွင့္ contact ျဖစ္ခဲ့ေသာ က်န္းမာေရးဝန္ထမ္း (၂၅)ေယာက္သည္ တီးတိန္လူနာကိုရွာေဖြကုသခဲ့ေသာ က်ေနာ္ႏွင့္ဘာမ်ားကြာျခားသလဲ သိပ္ကိုသိခ်င္လွ ပါသည္ ။ ေျဖႏိုင္သူမ်ားေျဖေပးၾကပါ ။ ေျဖႏိုင္မည္ထင္သည့္သူမ်ားထံကိုလည္း share ေပးၾကပါ။ က်ေနာ္တင္ထားတဲ့ပုံထဲမွ Special consideration ဆိုသည္မွာ ဘာကိုဆိုလို တာလဲ ေျပာျပေပးၾက ပါ။

Photo-Credit

ဒီေန႔ ၆ ရက္ေန႔ျဖစ္ေနၿပီမို႔ ဒီ Post ကိုတင္ရတာပါ။ မနက္ဖန္ 7/4/2020 တြင္ ကပ္တဲလ္႐ြာမွ Home Q. ယူေနသူ (၃၆) ေယာက္အိမ္ျပင္ထြက္လာၾကပါေတာ့မည္။ ေဆးစစ္မႈတစုံတရာမလုပ္ဘဲ ဒီ႐ြာ ကို ေရာဂါ ကင္းရွင္းသည္ဟု ဘယ္သူအာမခံၿပီး Lock down ျဖည္ေပးမလဲေစာင့္ၾကည့္ရပါေတာ့မည္။ ႐ြာကို ဆက္လက္ပိတ္ထားလွ်င္လည္း တ႐ြာလုံးကူးစက္ခံရေတာ့မည္။ ထို႔အတြက္ Facebook က ျပည္သူမ်ားကို အားကိုးပါသည္ ။ အမ်ား သိေအာင္ share ေပးၾကပါ ။ က်ေနာ္ေမးတာေတြလည္းေျဖႏိုင္သူမ်ားေျဖေပးၾကပါခမ်ာ။

Photo-Credit

From PhyoKyaw’s FB

Unicode

အများ သိအောင် share ပေးကြပါ ။ ကျနော်မေးတာတွေလည်းဖြေနိုင်သူများဖြေပေးကြပါခမျာ။

ဒီနေ့တော့ အမှန် ကို အမှန် အတိုင်းဖွင့်ပြောဖွင့်မေး ဖို့ အချိန်တန်ပြီမို့ ဒီ Post ကိုတင် ပါတယ်… ဒီ Post ကြောင့် ထိခိုက်နစ်နာသွားသူများ ရှိလျှင်လည်း တခါထဲတောင်းပန်ထားပါမယ်….

မြန်မာနိုင်ငံ ရဲ့ ပထမဦးဆုံး Covid-19 positive လူနာကို ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ကပ်တဲလ်ကျေးရွာတွင် ကျနော် ဒေါက်တာဖြိုးကျော် ၏ UHC clinic မှ 19/3/2020 ရက်နေ့တွင်စတင်တွေ့ရှိ ခဲ့ ပါတ ယ် ။

၎င်း ၁၉ ရက်နေ့တွင် ပဲ တီးတိန် TMO ထံသတင်းပို့ပေးခဲ့ပါတယ် ။ တီးတိန် TMO ၏ ညွှန်ကြားချက်အတိုင်း လူနာကို Home Quarantine ထားခဲ့ပါတယ်။21/3/2020 တွင် တီးတိန်ဆေးရုံ သို့ လွှဲပြောင်းပေး ခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ရာ 23/3/2020 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဖြေအရ လူနာတွင် Covid-19 ပိုးတွေ့ရှိရကြောင်းသိရှိရ ပါ သည် ။

ထိုလူနာ Positive ဖြစ်ပြီဆိုတာနဲ့ ကျနော် ကိုယ်တိုင်လည်း Home Q. (၁၄) ရက်ကို ကလေးမြို့နေအိမ်တွင် ပြုလုပ်ခဲ့ပါသည်။ ထို့အတူ ကပ်တဲလ်ကျေးရွာ ကိုလည်း အစိုးရက Lock down ချမှတ်ပြီး ရွာကိုအဝင်အထွက်ပိတ်ထားလိုက် ပါသည် ။ Positive လူနာနှင့်ထိတွေ့ခဲ့သူများကိုလည်း ကျန်းမာရေးဌာန မှ Home Q. (၁၄) ရက်စီချမှတ်ပေးခဲ့ပါသည်။

ထို Home Q. (၁၄) ရက်စီ ချမှတ်ပြီးသော်လည်း ကျနော်အပါအဝင် Positive လူနာနှင့်ထိတွေ့ခဲ့သူ Closed contact များအား swab test လုပ်ခြင်းတစုံတရာမပြုလုပ်ပေးခဲ့ပါ။ ကျနော်သည် Home Q. (၁၄) ပြည့်ပြီး အိမ်အပြင် ထွက်ခွင့်ရနေသော်လည်း ကျနော့ကို မည်သည့် ဆေးစစ်ဆေးမှုကိုမျှမပြုလုပ်ပေးထားသောကြောင့် မိမိ မိသားစုထံကိုတောင် မပြန်ရဲသေးပါ။ ထို့နည်းတူပဲ ရွာမှ Home Q. ယူနေသူ (၃၆) ယောက် ကိုလည်း ဆေးစစ်မှုတစုံတရာမပြုလုပ်ထားပါဘဲ ရောဂါကင်းရှင်းသည်ဟုဆိုကာ မနက်ဖန် 7/4/2020 နေ့တွင် Home Q. ဖြုတ်ပေးပါတော့မည်။ ထိုသူများသည် ကျနော်ကဲ့သို့ ရောဂါအကြောင်းနားလည် ၍ အိမ်တွင် ဆက်လက်နေနေလျှင်ကိစ္စမရှိ၊ အပြင်ထွက်ခွင့်ရပြီဆိုကာ နယ်တကာလှည့်လျှင်မည်သူတာဝန်ယူမည်နည်း။

swab ယူရန်ကျနော်ပြောတိုင်း criteria နှင့်ညီမှ ယူမည်ဟုသာအဖြေရရှိခဲ့ ပါသည် ။ ထို criteria သည် တနယ်နှင့်တနယ်မတူတာလား။ swab ယူမယူ မည်သူဆုံးဖြတ်သလဲ သိချင်လှပါသည်။ ပေါက်ခေါင်းမှ မိသားစု ၊ မန္တလေးမှ မီနီအိုးဝေ ညီလေးတို့ကိုစစ်ဆေးပေးခြင်း များသည် မည်သည့် criteria နှင့်စစ်ဆေးပေးခြင်းကိုသိလိုလှပါသည်။ တီးတိန်လူနာ၏ မိခင်သည် closed contact မဟုတ်ဘူးလား။ တီးတိန်လူနာ၏ လက်ထပ်မည့်အမျိုးသမီးသည် closed contact မဟုတ် ဘူးလား ။ Case (16) နှင့် contact ဖြစ်ခဲ့သော ကျန်းမာရေးဝန်ထမ်း (၂၅)ယောက်သည် တီးတိန်လူနာကိုရှာဖွေကုသခဲ့သော ကျနော်နှင့်ဘာများကွာခြားသလဲ သိပ်ကိုသိချင်လှ ပါသည် ။ ဖြေနိုင်သူများဖြေပေးကြပါ ။ ဖြေနိုင်မည်ထင်သည့်သူများထံကိုလည်း share ပေးကြပါ။ ကျနော်တင်ထားတဲ့ပုံထဲမှ Special consideration ဆိုသည်မှာ ဘာကိုဆိုလို တာလဲ ပြောပြပေးကြ ပါ။

ဒီနေ့ ၆ ရက်နေ့ဖြစ်နေပြီမို့ ဒီ Post ကိုတင်ရတာပါ။ မနက်ဖန် 7/4/2020 တွင် ကပ်တဲလ်ရွာမှ Home Q. ယူနေသူ (၃၆) ယောက်အိမ်ပြင်ထွက်လာကြပါတော့မည်။ ဆေးစစ်မှုတစုံတရာမလုပ်ဘဲ ဒီရွာ ကို ရောဂါ ကင်းရှင်းသည်ဟု ဘယ်သူအာမခံပြီး Lock down ဖြည်ပေးမလဲစောင့်ကြည့်ရပါတော့မည်။ ရွာကို ဆက်လက်ပိတ်ထားလျှင်လည်း တရွာလုံးကူးစက်ခံရတော့မည်။ ထို့အတွက် Facebook က ပြည်သူများကို အားကိုးပါသည် ။ အများ သိအောင် share ပေးကြပါ ။ ကျနော်မေးတာတွေလည်းဖြေနိုင်သူများဖြေပေးကြပါခမျာ။

From PhyoKyaw’s FB

Add a Comment

Your email address will not be published. Required fields are marked *