ေဆး႐ုံဝန္ထမ္းမ်ား ၊ က်န္းမာေရးဝန္ထမ္းမ်ားအား အေဆာင္မ်ားႏွင့္ ေနအိမ္မ်ား မွ ေမာင္းထုတ္ ၊ ဖယ္ထုတ္ ခံေနရ ဟု ေျမာက္ဥကၠလာ ေဆး႐ုံအုပ္ႀကီးေျပာ

လက္ရွိ အခ်ိန္မွာေတာ့ ကိုဗစ္-19ေၾကာင့္ အဲဒီလို ျပဳမူခံရတဲ့ ဝန္ထမ္းေတြ ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးနဲ႔ ပူးေပါင္းၿပီး ေနစရာ စီစဥ္ေပးထား တယ္ လို႔ သူကဆိုပါတယ္။ ေျမာက္ဥကၠလာပ ေဆး႐ုံက ေဆး႐ုံအုပ္ ေဒါက္တာ ဝင္း သႏၲာျဖဴက Covid-19 case ေတြေပၚလာၿပီးေနာက္ ေဆး ႐ုံက ဝန္ထမ္းေတြ အိမ္ကေနေမာင္းခ်ခံတာ၊ House Surgeon တခ်ိဳ႕ အေဆာင္ေတြက ဖယ္ခိုင္းခံရနဲ႔ နယ္ကလာတဲ့ ဆရာဝန္ အခ်ိဳ႕ အိမ္‌ငွား လက္မ ခံေတာ့တာ ႀကဳံေနၾကရ တဲ့ အတြက္ ကူညီေစာင့္ေရွာက္ေပးၾကဖို႔ သူ႔ ရဲ႕ေဖ့စ္ဘြတ္ခ္ကေန တဆင့္ ပန္ၾကားခဲ့တာျဖစ္ ပါတယ္ ။

“ကြၽန္မတို႔ ကေတာ့ ေဆး႐ုံကိုလာသူ ေရာဂါရွိသူမရွိသူမေ႐ြးဘဲ ေစာင့္ေရွာက္ေပး ပါလ်က္ ကြၽန္မတို႔ေတြကို အခုလို ေမာင္းထုတ္ ၊ ဖယ္ထုတ္ ခံရတာ ေနစရာ မရွိေတာ့ တာထက္ ရင္ထဲနင့္ေနေအာင္ ခံစားရ ပါတယ္ ။ အခုလည္း လက္ေထာက္ ဆရာဝန္ ေလးေတြ အေယာက္ ၃၀ ေလာက္ ေနဖို႔ ေဆး႐ုံနား နီးနီးနားနားစီစဥ္ေပးခ်င္လို႔ ေနရာေပးသူကေပး Aircon တပ္ေပးသူက တပ္ေပးေပမယ့္ ပတ္ဝန္းက် င္က ကန႔္ ကြက္ေနလို႔ အဆင္မေျပျဖစ္ ရတယ္လို႔ သိရပါတယ္ ။ ကိုယ့္အိမ္က ကိုယ့္သား ၊ ကိုယ့္သမီးေလးေတြသာဆို ဘယ္လိုခံစားရမလဲ။

Photo-Credit

အသက္စြန႔္လည္း ကုေပးေနပါလ်က္၊ တလြဲ အယူေတြနဲ႔ ကြၽန္မတို႔ေတြအေပၚ အရမ္း မရက္စက္ၾကပါ နဲ႔။ ကြၽန္မတို႔အေပၚ ကူညီေစာင့္ ေရွာက္ေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္။” လို႔ ေဒါက္တာ ဝင္းသႏၲာျဖဴက ပန္ၾကားထားတာျဖစ္ပါတယ္။မေန႔ကေတာ့ ရန္ကုန္တိုင္း လွ်ပ္စစ္ စက္မူလက္မူႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က က်န္းမာေရးဝန္ထမ္းေတြအတြက္ေနစရာစီစဥ္ေပးခဲ့သလို နံနက္ ၊ ေန႔လည္ ၊ ည စာေတြပါစီစဥ္ေပးသလို Ferry အႀကိဳအပို႔ စီစဥ္ေပးဖို႔ရွိတယ္လို႔လည္း ေဒါက္တာ ဝင္းသႏၲာျဖဴက ဆိုပါတယ္။

COVID -19 ကပ္ေ ရာဂါေဘးႀကဳံေနရတဲ့ ခက္ခဲတဲ့ ကာလေတြ မွာ ေရွ႕တန္းကေန အစြမ္းကုန္ႀကိဳးစားေပးေနတဲ့ က်န္းမာေရးဝန္ထမ္း ေတြ ေနအိမ္ေတြနဲ႔ အေဆာင္ကေန ဖယ္ရွားခံရတာနဲ႔ ပတ္သက္လို႔ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေျမာက္ဥကၠလာပ အေထြေထြေရာဂါကု ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။ COVID -19 ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ရန္ကုန္ၿမိဳ႕မွာ က်န္းမာေရးဝန္ထမ္းေတြ အိမ္ေပၚကေမာင္း ခ်ခံရတာ၊ အေဆာင္က ဖယ္ခိုင္းခံရတာ နဲ႔ နယ္ကလာတဲ့ ဆရာဝန္ တခ်ိဳ႕ အိမ္ငွား မရတာေတြႀကဳံေတြ႕ေနရတာပါ ။

လက္ရွိအခ်ိန္ဟာ ျပည္သူလူထုက်န္းမာေရးအတြက္ ခက္ခဲတဲ့ကာလႀကီးျဖစ္သလို က်န္းမာေရး ဝန္ထမ္းေတြကလည္း အစြမ္းကုန္ႀကိဳးစား လုပ္ကိုင္ေနၾကရတာျဖစ္ၿပီး ျပည္သူလူထုအေနနဲ႔ နားလည္ေပးဖို႔ ေျမာက္ဥကၠလာပအေထြေထြေရာဂါကု ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္ စိုးက တိုက္တြန္းပါတယ္ ။က်ေနာ္ တို႔ကေတာ့ က်ေနာ္တို႔ ဝန္ထမ္းေတြကို အဲဒီလိုလုပ္တာ စိတ္မေကာင္းဘူး။ က်ေနာ္တို႔ဝန္ထမ္း အဆင္ ေျပေအာင္ အားလုံးအဆင္ေျပေအာင္ႀကိဳးစားၿပီးလုပ္ေပးေနပါတယ္။ ျပည္သူလူထု ကလည္း ဒါေတြကိုနားလည္ေပးဖို႔ ေျပာခ်င္ပါတယ္။

က်ေနာ္တို႔ ဝန္ထမ္းေတြဟာ ဒီလိုခက္ခဲတဲ့ ကာလႀကီးမွာ အစြမ္းကုန္ႀကိဳးစားၿပီးလုပ္ေနၾကတာ။PPE ဝတ္ၿပီးလုပ္ရတဲ့ အလုပ္မ်ိဳး တစ္ သက္မွာ ေတာ္ေတာ္ရွားပါတယ္။ အားလုံး မညည္းမညဴဘဲနဲ႔ လုပ္ေနတာ အားရစရာျဖစ္ပါတယ္။ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ကေတာ့ မျပည့္စုံတဲ့ၾကားက စိတ္ဓာတ္ျမင့္ျမင့္မားမား နဲ႔ ေရွ႕တန္းက တိုက္ပြဲဝင္ေနတဲ့ ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရးဝန္ ထမ္းေတြကို ေက်းဇူး တင္တဲ့အေၾကာင္းနဲ႔ သူတို႔ဟာ ျပည္သူေတြအတြက္ တိုက္ပြဲဝင္ေနတဲ့ သူရဲေကာင္းေတြျဖစ္တယ္လို႔ ေျပာၾကားပါတယ္။

REF: ဒီဗြီဘီ

Unicode

လက်ရှိ အချိန်မှာတော့ ကိုဗစ်-19ကြောင့် အဲဒီလို ပြုမူခံရတဲ့ ဝန်ထမ်းတွေ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးနဲ့ ပူးပေါင်းပြီး နေစရာ စီစဉ်ပေးထား တယ် လို့ သူကဆိုပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံက ဆေးရုံအုပ် ဒေါက်တာ ဝင်း သန္တာဖြူက Covid-19 case တွေပေါ်လာပြီးနောက် ဆေး ရုံက ဝန်ထမ်းတွေ အိမ်ကနေမောင်းချခံတာ၊ House Surgeon တချို့ အဆောင်တွေက ဖယ်ခိုင်းခံရနဲ့ နယ်ကလာတဲ့ ဆရာဝန် အချို့ အိမ်‌ငှား လက်မ ခံတော့တာ ကြုံနေကြရ တဲ့ အတွက် ကူညီစောင့်ရှောက်ပေးကြဖို့ သူ့ ရဲ့ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ပန်ကြားခဲ့တာဖြစ် ပါတယ် ။

“ကျွန်မတို့ ကတော့ ဆေးရုံကိုလာသူ ရောဂါရှိသူမရှိသူမရွေးဘဲ စောင့်ရှောက်ပေး ပါလျက် ကျွန်မတို့တွေကို အခုလို မောင်းထုတ် ၊ ဖယ်ထုတ် ခံရတာ နေစရာ မရှိတော့ တာထက် ရင်ထဲနင့်နေအောင် ခံစားရ ပါတယ် ။ အခုလည်း လက်ထောက် ဆရာဝန် လေးတွေ အယောက် ၃၀ လောက် နေဖို့ ဆေးရုံနား နီးနီးနားနားစီစဉ်ပေးချင်လို့ နေရာပေးသူကပေး Aircon တပ်ပေးသူက တပ်ပေးပေမယ့် ပတ်ဝန်းကျ င်က ကန့် ကွက်နေလို့ အဆင်မပြေဖြစ် ရတယ်လို့ သိရပါတယ် ။ ကိုယ့်အိမ်က ကိုယ့်သား ၊ ကိုယ့်သမီးလေးတွေသာဆို ဘယ်လိုခံစားရမလဲ။

အသက်စွန့်လည်း ကုပေးနေပါလျက်၊ တလွဲ အယူတွေနဲ့ ကျွန်မတို့တွေအပေါ် အရမ်း မရက်စက်ကြပါ နဲ့။ ကျွန်မတို့အပေါ် ကူညီစောင့် ရှောက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” လို့ ဒေါက်တာ ဝင်းသန္တာဖြူက ပန်ကြားထားတာဖြစ်ပါတယ်။မနေ့ကတော့ ရန်ကုန်တိုင်း လျှပ်စစ် စက်မူလက်မူနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ကျန်းမာရေးဝန်ထမ်းတွေအတွက်နေစရာစီစဉ်ပေးခဲ့သလို နံနက် ၊ နေ့လည် ၊ ည စာတွေပါစီစဉ်ပေးသလို Ferry အကြိုအပို့ စီစဉ်ပေးဖို့ရှိတယ်လို့လည်း ဒေါက်တာ ဝင်းသန္တာဖြူက ဆိုပါတယ်။

COVID -19 ကပ်ေ ရာဂါဘေးကြုံနေရတဲ့ ခက်ခဲတဲ့ ကာလတွေ မှာ ရှေ့တန်းကနေ အစွမ်းကုန်ကြိုးစားပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း တွေ နေအိမ်တွေနဲ့ အဆောင်ကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက ပြောပါတယ်။ COVID -19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ကျန်းမာရေးဝန်ထမ်းတွေ အိမ်ပေါ်ကမောင်း ချခံရတာ၊ အဆောင်က ဖယ်ခိုင်းခံရတာ နဲ့ နယ်ကလာတဲ့ ဆရာဝန် တချို့ အိမ်ငှား မရတာတွေကြုံတွေ့နေရတာပါ ။

လက်ရှိအချိန်ဟာ ပြည်သူလူထုကျန်းမာရေးအတွက် ခက်ခဲတဲ့ကာလကြီးဖြစ်သလို ကျန်းမာရေး ဝန်ထမ်းတွေကလည်း အစွမ်းကုန်ကြိုးစား လုပ်ကိုင်နေကြရတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ နားလည်ပေးဖို့ မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကြည် စိုးက တိုက်တွန်းပါတယ် ။ကျနော် တို့ကတော့ ကျနော်တို့ ဝန်ထမ်းတွေကို အဲဒီလိုလုပ်တာ စိတ်မကောင်းဘူး။ ကျနော်တို့ဝန်ထမ်း အဆင် ပြေအောင် အားလုံးအဆင်ပြေအောင်ကြိုးစားပြီးလုပ်ပေးနေပါတယ်။ ပြည်သူလူထု ကလည်း ဒါတွေကိုနားလည်ပေးဖို့ ပြောချင်ပါတယ်။

ကျနော်တို့ ဝန်ထမ်းတွေဟာ ဒီလိုခက်ခဲတဲ့ ကာလကြီးမှာ အစွမ်းကုန်ကြိုးစားပြီးလုပ်နေကြတာ။PPE ဝတ်ပြီးလုပ်ရတဲ့ အလုပ်မျိုး တစ် သက်မှာ တော်တော်ရှားပါတယ်။ အားလုံး မညည်းမညူဘဲနဲ့ လုပ်နေတာ အားရစရာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကတော့ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့်မားမား နဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန် ထမ်းတွေကို ကျေးဇူး တင်တဲ့အကြောင်းနဲ့ သူတို့ဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဖြစ်တယ်လို့ ပြောကြားပါတယ်။

REF: ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *