ပုဇွန်တောင်မြို့နယ်ရှိ အေဘီစီ (ABC) မီနီ mart စတိုးဆိုင် အကြမ်းဖက်လုယက်ခံရ

6 , Apr , 2020



Photo Credit



Unicode

ဖြစ် စဉ် မှာ ( ၆ . ၄ .၂၀၂၀ ) နံနက် အစောပိုင်း ၂ နာရီ ဝန်းကျင် တွင် အမျိုးသား ( ၂ )ဦး ခေါက်ဆွဲပြုတ် ဝယ်ယူရန် ဟန်ဆောင်ပြီး ဓါး ဖြင့် ခြိမ်းခြောက်ကာ တာဝန်ကျ အရောင်းဝန်ထမ်း အမျိုးသမီး (၂)ဦးအား ဆိုင် အတွင်းဘက် စတိုခန်းအတွင်း သို့အဓမ္မ ခေါ် ဆောင်သွား ခဲ့ သည်။

ယင်းနောက် အနီးရှိ အအေးပေး သေတ္တာ အတွင်း မှ ပုလင်းဖြင့် ရိုက်နှက် ပြီး ငွေများလုယူ ရိုက်နှက်ခံရခြင်းကြောင့် တစ်ဦးမှာ ဖူးရောင် မေ့မျောသွားပြီး တစ်ဦးမှာ အကြိမ်ကြိမ် ရိုက်နှက် ခံရပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိသဖြင့် နီးစပ်ရာ ပါရဂူ ဆေးခန်း တွင် ၅ ချက် ချုပ်ရကြောင်း သိရသည် ။ အခင်းဖြစ်ပွားပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေးသွားကြောင်း သိရ သည် ။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၅၀ ထောင့် ရှိ abc စတိုးဆိုင် (၂၄)နာရီရောင်းချနေသော မီနီ mart တစ်ခု အတွင်းသို့ ဝင်ရောက်ရိုက်နှက်၍ ငွေ များ လုယူ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

REF: SANDAR HAN FACEBOOK

Add a Comment

Your email address will not be published. Required fields are marked *