ဒီဗိုင္းရပ္စ္ဟာ သံုးပီးသား Mask ေပၚမွာ ဘယ္ႏွစ္ရက္အသက္ရွင္နိုင္လဲ.. !?

သုံးၿပီးသား mask ေတြကို လမ္းေပၚမွာ စည္းကမ္းမဲ့ စြန႔္ပစ္ထားတာ ျမင္ရကတည္းက ဒီ post ကို ေရးခ်င္ေနတာပါ။

University of Hong Kong မွာ သုေသသနျပဳခ်က္အရ COVID-19 ေရာဂါျဖစ္ေစတဲ့ SERS-CoV-2 virus ပိုးဟာ mask ေတြအေပၚမွာ 7 ရက္အထိ အသက္ရွင္နိုင္ပါသတဲ့။

♦️ အဲ့ဒါေၾကာင့္ သုံးၿပီးသား mask ေတြကို စနစ္တက် စြန႔္ပစ္ၾကပါ။

♦️ mask ဟာ ပိုးရန္က တိုင္းအတာ တစ္ခုအထိ ကာကြယ္ေပးေပမယ့္ စနစ္တက် မစြန႔္ပစ္ရင္ ပိုးျဖန႔္ေပးမယ့္အရာ ျဖစ္သြားပါလိမ့္မယ္။

♦️ လမ္းေပၚကေန ကေလးေတြေကာက္ၿပီး ေဆာ့မိမွာ စိတ္ပူပါတယ္။

♦️ mask ကို မ်က္ႏွာမွာ တပ္ထားစဥ္နဲ႕၊ ခြၽတ္စဥ္မွာ အျပင္မ်က္ႏွာကို လုံးဝလက္နဲ႕မထိရပါ။

♦️ ၿပီးရင္အတြင္းမ်က္ႏွာကေန (အျပင္မ်က္ႏွာကို အတြင္းဘက္ထားေခါက္ကာ)တခါတည္း အမွိုက္ပုံးထဲ စြန႔္ပစ္ရပါတယ္။ ခဏေဘးမွာ ခ်မထားရပါ။

သူတို႔ေတြ႕ရွိခ်က္အရ….

▪️ တစ္ရႈးေတြနဲ႕ ပုံႏွိပ္စာ႐ြက္ေတြေပၚမွာ 3 နာရီအထိ အသက္ရွင္သတဲ့။

▪️ lab အကၤ်ီလို အဝတ္ေတြ နဲ႕ ျပဳျပင္ထားတဲ့ သစ္သားမ်က္ႏွာျပင္ေပၚမွာ 1 ရက္ၾကာအသက္ရွင္တယ္။

▪️ မွန္နဲ႕ ေငြစကၠဴေတြအေပၚမွာ ဒုတိယေန႕အထိေတြ႕ေသးတယ္။ 4 ရက္ေျမာက္ေန႕မွာ မေတြ႕ေတာ့ဘူးတဲ့။

ျမန္မာျပည္ကေငြစကၠဴနဲ႕ သူတို႔ေငြစကၠဴမတူတာ သတိျပဳပါ။ သူတို႔ေငြစကၠဴက ေျပာင္ေခ်ာေနပါတယ္။

▪️ ပလတ္စတစ္နဲ႕ စတီးမ်က္ႏွာျပင္ေပၚမွာ 4 ရက္ကေန 7 ရက္အထိရွင္သတဲ့။

▪️ surgical mask ရဲ႕ အျပင္မ်က္ႏွာျပင္မွာ 7 ရက္အထိ အသက္ရွင္တာ ေတြ႕ရပါသတဲ့။

အဲ့ဒီေတာ့ mask ေတြကို သုံးၿပီးရင္ အေသအခ်ာစြန႔္ျပစ္ဖို႔ လိုတယ္ဆိုတာ သိၾကေလာက္ပါၿပီ။ စြန႔္ပစ္လို႔မရတာေတြက ပိုက္ဆံ၊ ပိုက္ဆံအိတ္၊ စသည္ေတြပါ။ ေရေဆးလို႔မရတဲ့ပစၥည္းဆို ေနျပပါ။ တစ္ပတ္ေက်ာ္ေလာက္ပစ္ထားပါတဲ့။

ဒီဗိုင္းရပ္စ္ဟာ အိမ္ရွိ ဆပ္ျပာ၊ အစြန္းခြၽတ္ေဆး၊ အရက္ပ်ံတို႔နဲ႕ကို သတ္လို႔ရတာ သတိျပဳပါ။ ထပ္ေျပာထားပါတယ္။ လက္ကို ဆပ္ျပာနဲ႕ေဆးတာက အေကာင္းဆုံးကာကြယ္ျခင္းပါတဲ့။ အဲ့လိုေဆးျခင္းျဖင့္ အနည္းဆုံးထိေတြ႕မိထားတဲ့ ပိုးပမာဏ viral load လည္း ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

Richard Myo Thant(6-April-2020)

Unicode

သုံးပြီးသား mask တွေကို လမ်းပေါ်မှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတာ မြင်ရကတည်းက ဒီ post ကို ရေးချင်နေတာပါ။

University of Hong Kong မှာ သုသေသနပြုချက်အရ COVID-19 ရောဂါဖြစ်စေတဲ့ SERS-CoV-2 virus ပိုးဟာ mask တွေအပေါ်မှာ 7 ရက်အထိ အသက်ရှင်နိုင်ပါသတဲ့။

♦️ အဲ့ဒါကြောင့် သုံးပြီးသား mask တွေကို စနစ်တကျ စွန့်ပစ်ကြပါ။

♦️ mask ဟာ ပိုးရန်က တိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးပေမယ့် စနစ်တကျ မစွန့်ပစ်ရင် ပိုးဖြန့်ပေးမယ့်အရာ ဖြစ်သွားပါလိမ့်မယ်။

♦️ လမ်းပေါ်ကနေ ကလေးတွေကောက်ပြီး ဆော့မိမှာ စိတ်ပူပါတယ်။

♦️ mask ကို မျက်နှာမှာ တပ်ထားစဉ်နဲ့၊ ချွတ်စဉ်မှာ အပြင်မျက်နှာကို လုံးဝလက်နဲ့မထိရပါ။

♦️ ပြီးရင်အတွင်းမျက်နှာကနေ (အပြင်မျက်နှာကို အတွင်းဘက်ထားခေါက်ကာ)တခါတည်း အမှိုက်ပုံးထဲ စွန့်ပစ်ရပါတယ်။ ခဏဘေးမှာ ချမထားရပါ။

သူတို့တွေ့ရှိချက်အရ….

▪️ တစ်ရှုးတွေနဲ့ ပုံနှိပ်စာရွက်တွေပေါ်မှာ 3 နာရီအထိ အသက်ရှင်သတဲ့။

▪️ lab အင်္ကျီလို အဝတ်တွေ နဲ့ ပြုပြင်ထားတဲ့ သစ်သားမျက်နှာပြင်ပေါ်မှာ 1 ရက်ကြာအသက်ရှင်တယ်။

▪️ မှန်နဲ့ ငွေစက္ကူတွေအပေါ်မှာ ဒုတိယနေ့အထိတွေ့သေးတယ်။ 4 ရက်မြောက်နေ့မှာ မတွေ့တော့ဘူးတဲ့။

မြန်မာပြည်ကငွေစက္ကူနဲ့ သူတို့ငွေစက္ကူမတူတာ သတိပြုပါ။ သူတို့ငွေစက္ကူက ပြောင်ချောနေပါတယ်။

▪️ ပလတ်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ 4 ရက်ကနေ 7 ရက်အထိရှင်သတဲ့။

▪️ surgical mask ရဲ့ အပြင်မျက်နှာပြင်မှာ 7 ရက်အထိ အသက်ရှင်တာ တွေ့ရပါသတဲ့။

အဲ့ဒီတော့ mask တွေကို သုံးပြီးရင် အသေအချာစွန့်ပြစ်ဖို့ လိုတယ်ဆိုတာ သိကြလောက်ပါပြီ။ စွန့်ပစ်လို့မရတာတွေက ပိုက်ဆံ၊ ပိုက်ဆံအိတ်၊ စသည်တွေပါ။ ရေဆေးလို့မရတဲ့ပစ္စည်းဆို နေပြပါ။ တစ်ပတ်ကျော်လောက်ပစ်ထားပါတဲ့။

ဒီဗိုင်းရပ်စ်ဟာ အိမ်ရှိ ဆပ်ပြာ၊ အစွန်းချွတ်ဆေး၊ အရက်ပျံတို့နဲ့ကို သတ်လို့ရတာ သတိပြုပါ။ ထပ်ပြောထားပါတယ်။ လက်ကို ဆပ်ပြာနဲ့ဆေးတာက အကောင်းဆုံးကာကွယ်ခြင်းပါတဲ့။ အဲ့လိုဆေးခြင်းဖြင့် အနည်းဆုံးထိတွေ့မိထားတဲ့ ပိုးပမာဏ viral load လည်း လျော့ကျစေမှာ ဖြစ်ပါတယ်။

Richard Myo Thant(6-April-2020)

Add a Comment

Your email address will not be published. Required fields are marked *