အင္အားၾကီး အေမရိကန္ကို ကမၻာပတ္ျပီး Mask လုဖို႕ COVID – 19 ဖန္တီးေလသလား…..

mask လုပြဲ လို႔ေျပာရ မလား မသိ ။ တစ္ကမာၻလုံး mask ေတြျပတ္လပ္ လိုအပ္ေန ခ်ိန္ US က နိုင္ငံ ေတာ္ေတာ္ မ်ားမ်ားဆီ က mask လုေနတာ ျမင္ ရ တာ စိတ္မ သက္သာဘူး ။ လူသားခ်င္း စာနာစိတ္ေတြ ေပ်ာက္ကုန္ သလို ျဖစ္လာ ၾက တယ္ ။

စကာၤပူ ႏွင့္ USA

စလုံးက ကုမၸဏီ 3Mက အာရွ အတြက္ လိုတဲ့ ေဆးနဲ႕ ေဆးပစၥည္း ေတြ ထုတ္ေပးေနတာပါ။ US က စလုံး မ်က္ႏွာေတာင္ မေထာက္ဘဲ စလုံးက 3M ကုမၸဏီ ကို တြန္းအားေပး pressure ေပးၿပီး အာရွနိုင္ငံေတြ အတြက္ လ်ာထားတဲ့ N95 respirator 10 သန္းကို USကို ပို႔ခိုင္းေနတယ္။ သူတို႔ ေတာင္းတိုင္း ပို႔လိုက္ရရင္ အာရွက ေဆး႐ုံေတြက ဘာနဲ႕သြားသုံး ရမလဲ။ စလုံးေတြကေတာ့ US က သူတို႔ကို big bully လုပ္ေနတယ္၊ အနိုင္က်င့္ေနတယ္လို႔ ေအာ္ကုန္ၿပီ။

စလုံးက နိုင္ငံေသးေတာ့ နိုင္ငံေရးအရ US ကို သိပ္ၿပီး မေျပာနိုင္ ျဖစ္ေနတယ္။ ေတာ္ေသးတယ္။ 3M CEO က အာရွက က်န္းမာေရး ဝန္ထမ္းေတြ အတြက္ စိတ္ပူလို႔ US white house က ေတာင္းဆိုထားတဲ့ စလုံးက ပစၥည္းေတြ မပို႔ေပးနိုင္ဘူးလို႔ ေျပာလိုက္တယ္။ Trump တို႔ လိုရင္ တ႐ုတ္က စက္႐ုံဆီက မွာၿပီး ပို႔ေပးမယ္၊ စလုံးစက္႐ုံ ကေတာ့ မေပးနိုင္ဘူးလို႔ 3M က အျပတ္ျငင္းထားတယ္။ Trump က သူလိုခ်င္တာ မရေတာ့ 3M ကို အၾကပ္ကိုင္ pressure ေပးေနတုန္းပဲ။

Photo Credit

ကေနဒါ ႏွင့္ USA

USA ျပည္တြင္း က 3M ကုမၸဏီ ကိုက် ကေနဒါက ဆရာဝန္ေတြ သုံးဖို႔ မွာထားတဲ့ mask ေအာ္ဒါေတြ ကို မပို႔ရဘူး လို႔ တားေနတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ကေတာ့ US အတြက္ nurse ေတြ ကေနဒါကေန ေန႕တိုင္း အလုပ္ဆင္းေနတာရွိတယ္။ တစ္နိုင္ငံနဲ႕တစ္နိုင္ငံ လိုတာ အျပန္အလွန္ ကူရမွာပါပဲ။ ကေနဒါကို mask မပို႔ရဘူး ေျပာတာ မွားၿပီးေျပာတာေနမွာပါလို႔ ၾကည့္ေကာင္းေအာင္ ေျပာေနတယ္။ Mask မပို႔ေပးရင္ ကေနဒါနဲ႕ US ၾကား ေနာက္ဆက္တြဲ ျပႆနာေတြ ရွိလာနိုင္တယ္လို႔ ကေနဒါ ဝန္ႀကီးခ်ဳပ္က သတိေပးထားပါတယ္။

3M က ေတာ့ mask ကိစၥေတြနဲ႕ ပက္သတ္ၿပီး နိုင္ငံေတာ္ေတာ္မ်ားက အစိုးရေတြရယ္နဲ႕ US အစိုးရၾကား ၾကားညွပ္ေနတယ္။ သို႔ေသာ္ ဒီအခ်ိန္မွာ 3M က ဘက္မလိုက္ဘဲ US အစိုးရကို လူသားခ်င္း စာနာေထာက္ထားဖို႔ humanity ကို ၾကည့္ဖို႔ပဲ ထပ္ခါထပ္ခါ ေျပာေနတယ္။

အစိုးရက ေျပာတိုင္းသာ mask ေတြ export လုပ္ဖို႔ 3Mက ရပ္လိုက္ရင္ US အတြက္က ခုေလာေလာဆယ္ mask ေတာ့ ရသြားမယ္။ တခ်ိန္မွာ တျခားနိုင္ငံက လိုအပ္တာ တခုခုရွိခဲ့ရင္ ကိုယ္လုပ္ခဲ့သလို သူတို႔ျပန္လုပ္ရင္ ကိုယ္နိုင္ငံ အတြက္ လိုတာ မရဘဲ ေနလိမ့္မယ္ ေရရွည္ အတြက္ ေသခ်ာစဥ္းစားၿပီး လုပ္ဖို႔ အႀကံေပးထားတယ္။ ဒါေပမယ့္ US မွာ ထုတ္ထားတဲ့ mask ေတြကို Canada တို႔ Latin America တို႔ကို မပို႔ရဘူးလို႔ Defence Production Act ဥပေဒကိုင္ၿပီး Trump က ေျပာထားတယ္။

Photo Credit

ဂ်ာမနီ ႏွင့္ USA

USA နဲ႕ 3M ရဲ႕ mask ျပႆနာက အဲ့မွာ မရပ္ေသးဘူး။ ဂ်ာမနီ နိုင္ငံက ဘာလင္ၿမိဳ႕က သူတို႔ နိုင္ငံက ရဲေတြ အတြက္ သုံးဖို႔ 3M ကေနပဲ mask ၂သိန္း မွာထားပါတယ္။ ေငြလဲေခ်ၿပီးသားပါ။ ဂ်ာမနီကို မပို႔ခင္မွာပဲ US အစိုးရက သိမ္းယူသြားတယ္။

ျပင္သစ္ ႏွင့္ USA

ျပင္သစ္နိုင္ငံက သူ႕နိုင္ငံအတြက္ တ႐ုတ္ကေန mask ေတြမွာထားပါတယ္။ တ႐ုတ္ကေန ျပင္သစ္ကို ပို႔ဖို႔ mask ေတြ ေလယာဥ္ေပၚတင္ဖို႔ ေစာင့္ေနခ်ိန္ အခိုက္အတန႔္ ခဏေလးမွာ US က ၾကားျဖတ္ဝင္ၿပီး ေဈး ၃ဆ ၄ဆ ပိုေပးၿပီး ေငြခ်က္ခ်င္း ေခ်ၿပီး mask ေတြ ဝယ္သြားပါတယ္။

နိုင္ငံႀကီးအေနနဲ႕ ဒီလိုမ်ိဳး သူမ်ား ဝယ္ထားၿပီးသားဟာကို ျဖတ္ခုတ္သင့္လား စဥ္းစားၾကည့္ပါ။ တရားမမွ်တတဲ့ ေဈးၿပိဳင္ဝယ္မႉ႕ႀကီး unfair competition ေၾကာင့္ ငါတို႔ mask ရဖို႔ ေနာက္က်သြားၿပီလို႔ ျပင္သစ္က ေျပာတယ္။

ၾကည့္ရတာ ကိုဗစ္ၿပီးရင္ အေမရိကနဲ႕ နိုင္ငံေတာ္ေတာ္မ်ားမ်ား ခပ္တန္းတန္း ျဖစ္သြားမလား မသိဘူး။

ျမန္မာနိုင္ငံေကာ mask ျပႆနာ အတြက္ ျပင္ဆင္ၿပီးၿပီလား။

အခုလို သူေဌးနိုင္ငံေတြၾကား mask ျပႆနာကို ေရးျပတာ mask ေတြ ရွားလာတယ္ဆိုတာ သိေစခ်င္လို႔ပါ။ ပိုက္ဆံရွိရင္ေတာင္ ဝယ္ရခက္လာၿပီ။ နိုင္ငံႀကီးေတြေတာင္ mask လုေနၾကတာ ျမန္မာျပည္အတြက္ စိတ္ပူမိပါတယ္။ စလုံးမွာေတာင္ surgical mask ေတြက က်န္းမာေရး ဝန္ထမ္းေတြ အတြက္ပဲ သုံးရမယ္။ ျပည္သူေတြက ထပ္ခါထပ္ခါ ျပန္သုံးလို ရတဲ့ ရိုးရိုး reusable mask ပဲသုံးရမယ္တဲ့။ တခါသုံးၿပီးတိုင္း ျပန္ေလွ်ာ္ၿပီး သုံးလို႔ရတဲ့ reusable mask ပဲ သုံးလို႔ရမယ္။ အလြယ္ဆုံး home made reusable mask လုပ္နည္း CDC ကလုပ္ျပထားပါတယ္။ ဒီမွာ ၾကည့္ၾကည့္ပါ။

ျမန္မာျပည္ကေကာ mask ေတြ အတြက္ ဘယ္လိုျပင္ဆင္ထားလဲေတာ့ မသိပါ။ ျဖစ္နိုင္ရင္ အစိုးရက ျပည္တြင္းမွာ mask ထုတ္ဖို႔ လုပ္နိုင္ရင္ ပိုေကာင္းတယ္။ ဒါမွ ရဖို႔ ေသခ်ာလိမ့္မယ္။ နိုင္ငံႀကီးေတြနဲ႕ ေဈးၿပိဳင္ဝယ္ဖို႔ဆိုတာ သိပ္မျဖစ္နိုင္ဘူး။ တ႐ုတ္က စိတ္မခ်ရဘူး။ ပို႔ခါနီးေတာင္ ေဈး ၃ဆ ၄ဆ ပိုေပးတဲ့လူကို ေရာင္းလိုက္တာေနာ္။ ကိုယ့္ဝယ္ထားၿပီး ကိုယ့္ကို ပို႔ရမဲ့ အလွည့္မွာ သူတို႔ အဲ့လို မလုပ္ဘူးလို႔ မေျပာနိုင္ဘူး။

mask ေတြ ရွားပါးပစၥည္းျဖစ္လာတာမို႔ ျပည္သူေတြက သုံးမယ္ဆိုလဲ အေလအလြင့္ မျဖစ္ေအာင္ ေသခ်ာတပ္ေစခ်င္တယ္။ maskကို ေမးေစ့ခ်ိတ္လိုက္ ေတာင္ခ်ိတ္ ေျမာက္ခ်ိတ္နဲ႕က သုံးရာမက်ဘဲ ျဖဳန္းတီးရာ က်ပါတယ္။ ကိုယ္လိုသေလာက္ပဲ သုံးဖို႔ဝယ္ထားၿပီး က်န္တာ က်န္းမာေရးဌာနကို ဝယ္ၿပီးလႉထားသင့္တယ္။ က်န္းမာေရး ဝန္ထမ္းေတြမွာ လုံလုံေလာက္ေလာက္ ရွိေနမွ သူတို႔အတြက္ စိတ္ခ်ရတာမို႔ ျပည္သူေတြ အတြက္ ေဆးေသခ်ာကုေပးလို႔ရမွာဆိုတာ မေမ့ေစခ်င္ပါဘူး။

ျမန္မာနိုင္ငံအတြက္ဆို ဒီလို mask လုပြဲေတြမွာ မပါရေအာင္ အေကာင္းဆုံးနည္းကေတာ့ ျပည္သူေတြ အတတ္နိုင္ဆုံး အိမ္ထဲမွာ ေနတာပါပဲ။ အိမ္ထဲမွာ ေနရင္ mask သက္သာမယ္၊ virus အကူးခံရဖို႔ နည္းတယ္၊ တိုင္းျပည္ကိုလဲ ကူညီရာ က်ပါတယ္။ MOHS က ေျပာတဲ့ လမ္းၫႊန္ခ်က္ေတြ နားေထာင္ၿပီး virus ရန္ ကာကြယ္ဖို႔ အိမ္ထဲမွာ ေနၾကပါစို႔။

Reference :
US နဲ႕ နိုင္ငံအလိုက္ mask ျပႆနာ ျဖစ္ထားတဲ့ link ေတြ reference အေနနဲ႕ ေဖာ္ျပေပးလိုက္ပါတယ္။

1. with Singapore
https://www.nationalreview.com/…/3m-refuses-white-house-di…/

2. with Germany
https://thehill.com/…/491050-german-official-accuses-us-of-…

3. with Canada
https://www.scmp.com/…/coronavirus-white-house-orders-mask-…

4. With France
http://rfi.my/5gOW.F

5. Post Photo by Tom Roberts on Unsplash

Ei Wai

Unicode

mask လုပွဲ လို့ပြောရမလား မသိ ။ တစ်ကမ္ဘာလုံး mask တွေပြတ်လပ် လိုအပ်နေချိန် US က နိုင်ငံတော်တော် များများဆီ က mask လုနေတာ မြင်ရတာ စိတ်မ သက်သာဘူး ။ လူသားချင်း စာနာစိတ်တွေ ပျောက်ကုန် သလို ဖြစ်လာကြတယ် ။

စကာၤပူ နှင့် USA

စလုံးက ကုမ္ပဏီ 3Mက အာရှ အတွက် လိုတဲ့ ဆေးနဲ့ ဆေးပစ္စည်း တွေ ထုတ်ပေးနေတာပါ။ US က စလုံး မျက်နှာတောင် မထောက်ဘဲ စလုံးက 3M ကုမ္ပဏီ ကို တွန်းအားပေး pressure ပေးပြီး အာရှနိုင်ငံတွေ အတွက် လျာထားတဲ့ N95 respirator 10 သန်းကို USကို ပို့ခိုင်းနေတယ်။ သူတို့ တောင်းတိုင်း ပို့လိုက်ရရင် အာရှက ဆေးရုံတွေက ဘာနဲ့သွားသုံး ရမလဲ။ စလုံးတွေကတော့ US က သူတို့ကို big bully လုပ်နေတယ်၊ အနိုင်ကျင့်နေတယ်လို့ အော်ကုန်ပြီ။

စလုံးက နိုင်ငံသေးတော့ နိုင်ငံရေးအရ US ကို သိပ်ပြီး မပြောနိုင် ဖြစ်နေတယ်။ တော်သေးတယ်။ 3M CEO က အာရှက ကျန်းမာရေး ဝန်ထမ်းတွေ အတွက် စိတ်ပူလို့ US white house က တောင်းဆိုထားတဲ့ စလုံးက ပစ္စည်းတွေ မပို့ပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ Trump တို့ လိုရင် တရုတ်က စက်ရုံဆီက မှာပြီး ပို့ပေးမယ်၊ စလုံးစက်ရုံ ကတော့ မပေးနိုင်ဘူးလို့ 3M က အပြတ်ငြင်းထားတယ်။ Trump က သူလိုချင်တာ မရတော့ 3M ကို အကြပ်ကိုင် pressure ပေးနေတုန်းပဲ။

ကနေဒါ နှင့် USA

USA ပြည်တွင်း က 3M ကုမ္ပဏီ ကိုကျ ကနေဒါက ဆရာဝန်တွေ သုံးဖို့ မှာထားတဲ့ mask အော်ဒါတွေ ကို မပို့ရဘူး လို့ တားနေတယ်။ ကနေဒါဝန်ကြီးချုပ်ကတော့ US အတွက် nurse တွေ ကနေဒါကနေ နေ့တိုင်း အလုပ်ဆင်းနေတာရှိတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လိုတာ အပြန်အလှန် ကူရမှာပါပဲ။ ကနေဒါကို mask မပို့ရဘူး ပြောတာ မှားပြီးပြောတာနေမှာပါလို့ ကြည့်ကောင်းအောင် ပြောနေတယ်။ Mask မပို့ပေးရင် ကနေဒါနဲ့ US ကြား နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ကနေဒါ ဝန်ကြီးချုပ်က သတိပေးထားပါတယ်။

3M က တော့ mask ကိစ္စတွေနဲ့ ပက်သတ်ပြီး နိုင်ငံတော်တော်များက အစိုးရတွေရယ်နဲ့ US အစိုးရကြား ကြားညှပ်နေတယ်။ သို့သော် ဒီအချိန်မှာ 3M က ဘက်မလိုက်ဘဲ US အစိုးရကို လူသားချင်း စာနာထောက်ထားဖို့ humanity ကို ကြည့်ဖို့ပဲ ထပ်ခါထပ်ခါ ပြောနေတယ်။

အစိုးရက ပြောတိုင်းသာ mask တွေ export လုပ်ဖို့ 3Mက ရပ်လိုက်ရင် US အတွက်က ခုလောလောဆယ် mask တော့ ရသွားမယ်။ တချိန်မှာ တခြားနိုင်ငံက လိုအပ်တာ တခုခုရှိခဲ့ရင် ကိုယ်လုပ်ခဲ့သလို သူတို့ပြန်လုပ်ရင် ကိုယ်နိုင်ငံ အတွက် လိုတာ မရဘဲ နေလိမ့်မယ် ရေရှည် အတွက် သေချာစဉ်းစားပြီး လုပ်ဖို့ အကြံပေးထားတယ်။ ဒါပေမယ့် US မှာ ထုတ်ထားတဲ့ mask တွေကို Canada တို့ Latin America တို့ကို မပို့ရဘူးလို့ Defence Production Act ဥပဒေကိုင်ပြီး Trump က ပြောထားတယ်။

ဂျာမနီ နှင့် USA

USA နဲ့ 3M ရဲ့ mask ပြဿနာက အဲ့မှာ မရပ်သေးဘူး။ ဂျာမနီ နိုင်ငံက ဘာလင်မြို့က သူတို့ နိုင်ငံက ရဲတွေ အတွက် သုံးဖို့ 3M ကနေပဲ mask ၂သိန်း မှာထားပါတယ်။ ငွေလဲချေပြီးသားပါ။ ဂျာမနီကို မပို့ခင်မှာပဲ US အစိုးရက သိမ်းယူသွားတယ်။

ပြင်သစ် နှင့် USA

ပြင်သစ်နိုင်ငံက သူ့နိုင်ငံအတွက် တရုတ်ကနေ mask တွေမှာထားပါတယ်။ တရုတ်ကနေ ပြင်သစ်ကို ပို့ဖို့ mask တွေ လေယာဉ်ပေါ်တင်ဖို့ စောင့်နေချိန် အခိုက်အတန့် ခဏလေးမှာ US က ကြားဖြတ်ဝင်ပြီး ဈေး ၃ဆ ၄ဆ ပိုပေးပြီး ငွေချက်ချင်း ချေပြီး mask တွေ ဝယ်သွားပါတယ်။

နိုင်ငံကြီးအနေနဲ့ ဒီလိုမျိုး သူများ ဝယ်ထားပြီးသားဟာကို ဖြတ်ခုတ်သင့်လား စဉ်းစားကြည့်ပါ။ တရားမမျှတတဲ့ ဈေးပြိုင်ဝယ်မှူ့ကြီး unfair competition ကြောင့် ငါတို့ mask ရဖို့ နောက်ကျသွားပြီလို့ ပြင်သစ်က ပြောတယ်။

ကြည့်ရတာ ကိုဗစ်ပြီးရင် အမေရိကနဲ့ နိုင်ငံတော်တော်များများ ခပ်တန်းတန်း ဖြစ်သွားမလား မသိဘူး။

မြန်မာနိုင်ငံကော mask ပြဿနာ အတွက် ပြင်ဆင်ပြီးပြီလား။

အခုလို သူဌေးနိုင်ငံတွေကြား mask ပြဿနာကို ရေးပြတာ mask တွေ ရှားလာတယ်ဆိုတာ သိစေချင်လို့ပါ။ ပိုက်ဆံရှိရင်တောင် ဝယ်ရခက်လာပြီ။ နိုင်ငံကြီးတွေတောင် mask လုနေကြတာ မြန်မာပြည်အတွက် စိတ်ပူမိပါတယ်။ စလုံးမှာတောင် surgical mask တွေက ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ပဲ သုံးရမယ်။ ပြည်သူတွေက ထပ်ခါထပ်ခါ ပြန်သုံးလို ရတဲ့ ရိုးရိုး reusable mask ပဲသုံးရမယ်တဲ့။ တခါသုံးပြီးတိုင်း ပြန်လျှော်ပြီး သုံးလို့ရတဲ့ reusable mask ပဲ သုံးလို့ရမယ်။ အလွယ်ဆုံး home made reusable mask လုပ်နည်း CDC ကလုပ်ပြထားပါတယ်။ ဒီမှာ ကြည့်ကြည့်ပါ။

မြန်မာပြည်ကကော mask တွေ အတွက် ဘယ်လိုပြင်ဆင်ထားလဲတော့ မသိပါ။ ဖြစ်နိုင်ရင် အစိုးရက ပြည်တွင်းမှာ mask ထုတ်ဖို့ လုပ်နိုင်ရင် ပိုကောင်းတယ်။ ဒါမှ ရဖို့ သေချာလိမ့်မယ်။ နိုင်ငံကြီးတွေနဲ့ ဈေးပြိုင်ဝယ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ တရုတ်က စိတ်မချရဘူး။ ပို့ခါနီးတောင် ဈေး ၃ဆ ၄ဆ ပိုပေးတဲ့လူကို ရောင်းလိုက်တာနော်။ ကိုယ့်ဝယ်ထားပြီး ကိုယ့်ကို ပို့ရမဲ့ အလှည့်မှာ သူတို့ အဲ့လို မလုပ်ဘူးလို့ မပြောနိုင်ဘူး။

mask တွေ ရှားပါးပစ္စည်းဖြစ်လာတာမို့ ပြည်သူတွေက သုံးမယ်ဆိုလဲ အလေအလွင့် မဖြစ်အောင် သေချာတပ်စေချင်တယ်။ maskကို မေးစေ့ချိတ်လိုက် တောင်ချိတ် မြောက်ချိတ်နဲ့က သုံးရာမကျဘဲ ဖြုန်းတီးရာ ကျပါတယ်။ ကိုယ်လိုသလောက်ပဲ သုံးဖို့ဝယ်ထားပြီး ကျန်တာ ကျန်းမာရေးဌာနကို ဝယ်ပြီးလှူထားသင့်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေမှာ လုံလုံလောက်လောက် ရှိနေမှ သူတို့အတွက် စိတ်ချရတာမို့ ပြည်သူတွေ အတွက် ဆေးသေချာကုပေးလို့ရမှာဆိုတာ မမေ့စေချင်ပါဘူး။

မြန်မာနိုင်ငံအတွက်ဆို ဒီလို mask လုပွဲတွေမှာ မပါရအောင် အကောင်းဆုံးနည်းကတော့ ပြည်သူတွေ အတတ်နိုင်ဆုံး အိမ်ထဲမှာ နေတာပါပဲ။ အိမ်ထဲမှာ နေရင် mask သက်သာမယ်၊ virus အကူးခံရဖို့ နည်းတယ်၊ တိုင်းပြည်ကိုလဲ ကူညီရာ ကျပါတယ်။ MOHS က ပြောတဲ့ လမ်းညွှန်ချက်တွေ နားထောင်ပြီး virus ရန် ကာကွယ်ဖို့ အိမ်ထဲမှာ နေကြပါစို့။

Reference :

US နဲ့ နိုင်ငံအလိုက် mask ပြဿနာ ဖြစ်ထားတဲ့ link တွေ reference အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

1. with Singapore
https://www.nationalreview.com/…/3m-refuses-white-house-di…/

2. with Germany
https://thehill.com/…/491050-german-official-accuses-us-of-…

3. with Canada
https://www.scmp.com/…/coronavirus-white-house-orders-mask-…

4. With France
http://rfi.my/5gOW.F

5. Post Photo by Tom Roberts on Unsplash

Ei Wai

Add a Comment

Your email address will not be published. Required fields are marked *