ပံုမွန္၀င္ေငြမရွိေသာ အေျခခံလူတန္းစားေတြအတြက္ ဆန္ ဆီ ဆား ပဲ ၾကက္သြန္ အခမ့ဲ ေထာက္ပံ့မည္ ။ ျပည္သူ အားလံုး မီတာ ယူနစ္ (၁၅၀) အထိ အခမဲ႔ ဟု အစုိးရ ထုတ္ျပန္လိုက္ပီ

အစုိး ရကေတာ့ အေျခခံ လူတန္းစား ျပည္သူေတြ ကုိ ေထာက္ပ႔ံေပးလုိက္ပါၿပီ။ အျပည့္အစံု ကုိ ေအာက္ မွာ ေဖာ္ျပလိုက္ ပါတယ္-

ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္ Coronavirus Disease 2019 (COVID-19) ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရး အမ်ဳိးသား အဆင့္ ဗဟိုေကာ္မတီ သတင္း ထုတ္ျပန္ခ်က္

၁။ Coronavirus Disease 2019 (COVID-19) ကာကြယ္ ၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ဳိးသားအဆင့္ ဗဟုိေကာ္မတီ ဥကၠဌ၊ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသုိ႔ ႏုိင္ငံအႏွံ႕အျပားမွ ျပည္သူမ်ား၏ တင္ျပခ်က္မ်ားကုိ စိစစ္၍ ႏုိင္ငံေတာ္ အစုိးရက ျဖည့္ဆည္း ေဆာင္ရြက္ေပးႏုိင္မည့္ အေျခအေနမ်ား ကုိ ရွာေဖြ သံုးသပ္ခဲ့ ပါသည္။

၂။ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ စပ္လ်ဥ္း၍ အေရးႀကီးကာလျဖစ္သည့္ မဟာသႀကၤန္ ရံုးပိတ္ရက္ရွည္ ကာလ အ တြင္း ပံုမွန္ဝင္ေငြ မရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ အိမ္ေထာင္စု (၁) စု လွ်င္ ဆန္ (၈) ျပည္၊ ဆီ (၅၀) က်ပ္သား၊ ဆား (၅၀) က်ပ္သား၊ ပဲ (၁) ပိသာ၊ ၾကက္သြန္ (၁) ပိသာ စုစုေပါင္း ေထာက္ပံ့ကူညီမႈ (၅) မ်ဳိးစီကုိ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၁၀ ရက္ေန႔မွ စတင္၍ အခမဲ့ ျဖန္႔ျဖဴးေထာက္ပံ့ေပးမည္ ျဖစ္ ပါသည္ ။ ထုိသုိ႔ ေဆာင္ရြက္ရာတြင္ မလုိလား အပ္ေသာ ေလလြင့္မႈမ်ား၊ ၾကန္႔ၾကာမႈမ်ား၊ အဂတိလုိက္စားမႈမ်ား၊ မျဖစ္ေပၚေစေရးအတြက္ တုိင္းေဒသႀကီး ၊ ျပည္နယ္အစုိးရမ်ား ၏ ႀကီးၾကပ္မႈျဖင့္ စာရင္းေကာက္ယူျခင္း၊ ထုပ္ပုိးျခင္း၊ ပုိ႔ေဆာင္ျခင္း၊ ျဖန္႔ျဖဴးျခင္း စသည္တုိ႔ကုိ ဌာနဆုိင္ရာအဖြဲ႕အစည္းမ်ား၊ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (UMFCCI) ၊ ရပ္မိရပ္ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား ၊ ပရဟိတလူငယ္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ သြားမည္ ျဖစ္ ပါသည္။

Photo-Credit

၃။ ထုိ႔အျပင္ ျပည္သူမ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ားႏွင့္ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းမ်ား (သံရံုးမ်ား၊ ကုလသမဂၢႏွင့္ ႏုိင္ငံတကာအဖြဲ႕အစည္းမ်ား မပါ) အတြက္ အိမ္သံုး အမ်ဳိးအစား လွ်ပ္စစ္ဓာတ္အား သံုးစြဲမႈ (၁၅၀) ယူနစ္အထိကုိ ေငြေၾကးေကာက္ခံမႈ ကင္းလြတ္ခြင့္ (အခမဲ့) ဧၿပီလကုန္အထိ ေပးသြားမည္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

Unicode

အစိုးရကတော့ အခြေခံ လူတန်းစား ပြည်သူတွေ ကို ထောက်ပံ့ပေးလိုက်ပါပြီ။ အပြည့်အစုံ ကို အောက် မှာ ဖော်ပြလိုက် ပါတယ်-

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ သတင်း ထုတ်ပြန်ချက်

၁။ Coronavirus Disease 2019 (COVID-19) ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ နိုင်ငံတော် အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ကို ရှာဖွေ သုံးသပ်ခဲ့ ပါသည်။

၂။ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလ အ တွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စု လျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိသာ၊ ကြက်သွန် (၁) ပိသာ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅) မျိုးစီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည် ဖြစ် ပါသည် ။ ထိုသို့ ဆောင်ရွက်ရာတွင် မလိုလား အပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ၊ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရများ ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ် ပါသည်။

၃။ ထို့အပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *