ပြည်သူများအတွက် Mask ၆.၃ သန်း ကို ဧပြီလ အတွင်း ဖြန့်ဝေပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန် ၊ 6, Apr , 2020



Photo-Credit


rf; Mizzima

Unicode

ရန်ကုန် ၊ 6, Apr , 2020

ပြည်သူများ အတွက် နှာခေါင်းစည်း Mask ၆.၃ သန်းကို ကျန်းမာရေး ဝန်ကြီးဌာန က တဆင့် ဖြန့်ဝေ ပေး သွား ရန်ရှိကြောင်း ၂၀၂၀ ခုနှ စ်၊ ဧပြီလ ၅ ရက် ညနေပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သူမ ၏ ဖေ့စ်ဘွတ်ခ် အကောင့်တွင် ရေးသား ၍ ပြောလိုက်သည် ။

လက်ရှိ အစိုးရထံတွင် ရှိသော Mask ၆.၃ သန်း ကို ကျန်းမာရေးဝန်ကြီးဌာန မှ မည်သည့် လူပုဂ္ဂိုလ်များကို ပေးသွားမည် ဆိုခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ပြောသည

“ တကယ် risk ရှိတဲ့သူတွေ ၊ လူနာတွေ နဲ့ ထိတွေ့မှုရှိတယ် အဲ့လိုလူတွေကို ရွေးချယ်ပြီး ဖြန့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်တွေ ဖြည့်စွက်ရဦးမှာပါ။ ဘယ်လိုလူတွေကို ဦးစားပေးပြီး ဖြန့်မလဲဆိုတာ သတ်မှတ်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ် ”ဟု ၎င်းက ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *