Covid-19 ေစာင့္ၾကည့္ေရးစခန္း အတြင္း အုပ္ခ်ဳပ္ေရးမွဴး ၁ ဦး ကို လႊတ္ေတာ္ကိုယ္စားလွယ္ မွ အုပ္စုဖြဲ႕ကာ သံတုတ္ျဖင့္ ရိုက္ႏွက္ဟုဆို

ပဲခူးတိုင္း ၊ ေတာင္ငူခ႐ို င္၊ ေက်ာက္ႀကီးၿမိဳ႕နယ္ ၊ နတ္သံကြင္းေက်း႐ြာ အုပ္စု မွာ ဒီကေန႔ေန႔လယ္ပိုင္းက ေဒသအုပ္စု အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ကို Covid-19 ေစာင့္ၾကည့္ေရးစခန္းအတြင္းမွာ NLD ပါတီအမတ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဆန္းဦး က လူအုပ္စုဖြဲ႕ၿပီး သံတုတ္ကိုင္ေဆာင္ကာ ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ ပါတယ္ ။

Photo-Credit

“ က်ေနာ္တာဝန္ထမ္းေဆာင္ေနစဥ္ မွာ အဲ့ဒီ ကိုယ္စားလွယ္နဲ႔ အဖြဲ႕ က ဝင္ေရာက္လာၿပီး ကိုယ္စားလွယ္က က်ေနာ္ကို တြန္းလဲၿပီးဝင္႐ိုက္ ပါတယ္၊ က်ေနာ္လဲက်ခ်ိန္မွာ အေသသတ္ပစ္ ဒီေကာင့္ကို ဆိုၿပီး သူအဖြဲ ႕ကပါ ဝိုင္း႐ိုက္ၿပီး ကန္ၾကတာပါ ” လို႔ ႐ိုက္ႏွက္ခံရတဲ့ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းလြင္ကေျပာ ပါတယ္ ။

ေက်ာက္ႀကီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “အုပ္ခ်ဳပ္ေရးမႉးကို ေစာင့္ၾကည့္ေရးတာဝန္ေပးထား ပါတယ္ ။ က်ေနာ္တို႔ကေတာ့ အထက္ကိုတင္ျပထားပါတယ္။ ဝတ္တရားေႏွာက္ယွက္မႈ ဖြင့္ျခင္း/မဖြင့္ျခင္းကေတာ့နစ္နာသူအုပ္ခ်ဳပ္ေရးမႉးက ကာယကံရွင္ဆိုေတာ့ က်ေနာ္တို႔က အေပၚက ၫြန္ၾကားခ်က္ အတိုင္းလုပ္မွာပါ ။ တာဝန္ေပးထားတာကေတာ့ ဟုတ္ပါတယ္” လို႔ အတည္ျပဳ ေျပာ ပါတယ္။

Photo-Credit

“ အုပ္ခ်ဳပ္ေရးမႉးမိန္းမက လာတိုင္ထားပါတယ္၊ အုပ္ခ်ဳပ္ေရးမႉးကို ၿမိဳ႕နယ္ေဆး႐ုံကေနၿပီး ေနျပည္ေတာ္ကိုလႊဲလိုက္ရပါတယ္၊ ပုဒ္မ (ပ)၁၂/၂၀၂၀၊ ပုဒ္မ ၃၂၅/၁၁၄ နဲ႔ ေလာေလာဆယ္ဖြင့္ေပးထားပါတယ္၊ ပုဒ္မအေျပာင္းအလဲရွိရင္ ထပ္ေျပာပါ့မယ္” လို႔ နတ္သံကြင္းနယ္ေျမရဲစခန္းရွိ တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာပါတယ္။

ျဖစ္စဥ္နဲ႔ ပက္သက္လို႔ ေမးျမန္းဖို႔အတြက္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဆန္းဦးရဲ႕ ဖုန္းကို ဆက္သြယ္ရာမွာေတာ့ စက္ပိတ္ထားၿပီး ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ေဒသခံျပည္သူ လူထုက အထူးစိတ္ဝင္စားေနၾကတယ္လို႔လည္း သိရပါတယ္။

သူရိန္(VOM)

Unicode

ပဲခူးတိုင်း ၊ တောင်ငူခရို င်၊ ကျောက်ကြီးမြို့နယ် ၊ နတ်သံကွင်းကျေးရွာ အုပ်စု မှာ ဒီကနေ့နေ့လယ်ပိုင်းက ဒေသအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး ကို Covid-19 စောင့်ကြည့်ရေးစခန်းအတွင်းမှာ NLD ပါတီအမတ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး က လူအုပ်စုဖွဲ့ပြီး သံတုတ်ကိုင်ဆောင်ကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ ပါတယ် ။

“ ကျနော်တာဝန်ထမ်းဆောင်နေစဉ် မှာ အဲ့ဒီ ကိုယ်စားလှယ်နဲ့ အဖွဲ့ က ဝင်ရောက်လာပြီး ကိုယ်စားလှယ်က ကျနော်ကို တွန်းလဲပြီးဝင်ရိုက် ပါတယ်၊ ကျနော်လဲကျချိန်မှာ အသေသတ်ပစ် ဒီကောင့်ကို ဆိုပြီး သူအဖွဲ့ကပါ ဝိုင်းရိုက်ပြီး ကန်ကြတာပါ ” လို့ ရိုက်နှက်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်ကပြော ပါတယ် ။

ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာတော့ “အုပ်ချုပ်ရေးမှူးကို စောင့်ကြည့်ရေးတာဝန်ပေးထား ပါတယ် ။ ကျနော်တို့ကတော့ အထက်ကိုတင်ပြထားပါတယ်။ ဝတ်တရားနှောက်ယှက်မှု ဖွင့်ခြင်း/မဖွင့်ခြင်းကတော့နစ်နာသူအုပ်ချုပ်ရေးမှူးက ကာယကံရှင်ဆိုတော့ ကျနော်တို့က အပေါ်က ညွန်ကြားချက် အတိုင်းလုပ်မှာပါ ။ တာဝန်ပေးထားတာကတော့ ဟုတ်ပါတယ်” လို့ အတည်ပြု ပြော ပါတယ်။

“ အုပ်ချုပ်ရေးမှူးမိန်းမက လာတိုင်ထားပါတယ်၊ အုပ်ချုပ်ရေးမှူးကို မြို့နယ်ဆေးရုံကနေပြီး နေပြည်တော်ကိုလွှဲလိုက်ရပါတယ်၊ ပုဒ်မ (ပ)၁၂/၂၀၂၀၊ ပုဒ်မ ၃၂၅/၁၁၄ နဲ့ လောလောဆယ်ဖွင့်ပေးထားပါတယ်၊ ပုဒ်မအပြောင်းအလဲရှိရင် ထပ်ပြောပါ့မယ်” လို့ နတ်သံကွင်းနယ်မြေရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

ဖြစ်စဉ်နဲ့ ပက်သက်လို့ မေးမြန်းဖို့အတွက်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးရဲ့ ဖုန်းကို ဆက်သွယ်ရာမှာတော့ စက်ပိတ်ထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံပြည်သူ လူထုက အထူးစိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။

သူရိန်(VOM)

Add a Comment

Your email address will not be published. Required fields are marked *