မနက္ျဖန္ ဧၿပီလ ( ၇ ) ရက္ တန္ခူးလျပည့္ေန႕မွာ ၂၀၂၀ ခုႏွစ္အတြက္ အႀကီးဆုံး ပန္းေရာင္ Super Moon( စူပါမြန္း )ၾကီးကို ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ကမည္

ျမန္မာသကၠရာဇ္ ၁၃၈၁ ခု ေႏွာင္းတန္ခူး လျပည့္ဟာ ၂၀၂၀ ခုႏွစ္ ဧၿပီလ (၇) ရက္ေန႔မွာ က်ေရာက္ ပါတယ္ ။ ေရွးပုဂံေခတ္ ေက်ာက္စာမ်ား မွာ “တန္” ကို “ထန္း” (ထန္းပင္) လို႔ အဓိပၸာယ္ဖြင့္ဆို ၾက ပါတယ္ ။ “တန္ခူး” ဆိုတာကေတာ့ ထန္းသီးမ်ား ကို ဆြတ္ခူးေသာကာလ လို႔ ဆိုႏိုင္ ပါတယ္။

အင္းဝေခတ္ ေနာက္ပိုင္း ပ်ိဳ႕ကဗ်ာမ်ားမွာေတာ့.. “တာကူးလ” လို႔ ေရးဖြဲ႕ၾက ပါတယ္ ။ တနဂၤေႏြၿဂိဳဟ္မင္းျဖ စ္တဲ့ ေန ( ၾကယ္ ) ဟာ မိန္ရာသီ မွ မိႆရာသီသို႔ ကူးေျပာင္းျခင္း (တနည္း) ရာသီကူးေျပာင္းျခင္း လို႔ အဓိပၸာယ္ရပါတယ္။

Photo-Credit
Photo-Credit

တန္ခူးလ ရဲ႕ ရာသီပန္းဟာ ပိေတာက္ပန္း နဲ႔ ကံေကာ္ပန္း ျဖစ္ပါတယ္။ ရာသီပြဲေတာ္ကေတာ့ သၾကၤန္ ပြဲေတာ္ပါ။ သၾကၤန္ဆိုတာကလည္း သကၤႏၲ ဆိုတဲ့ ပါဠိစကားက ဆင္းသက္လာတာျဖစ္ၿပီး “ ကူးေျပာင္းျခင္း ” လို႔ အဓိပၸာယ္ရတယ္ လို႔ မွတ္သားရ ပါတယ္ ။

ႏွစ္ေဟာင္း မွ အညစ္အေၾကးမ်ား ကို ႏွစ္သစ္သို႔ မပါသြားရေလေအာင္ အတာေရနဲ႔ ပက္ျဖန္းေဆးေၾကာၿပီး ႏွစ္သစ္ကို ႀကိဆိုၾကတဲ့ ဓေလ့ တစ္ခု ျဖစ္ပါတယ္။ ( ဒီႏွစ္သၾကၤန္ကေတာ့ အိမ္မွာေနရင္းပဲ မိသားစုအခ်င္းခ်င္း ပက္ျဖန္းေပးရမွာေပါ့ )

Photo-Credit
Photo-Credit

ေနရွိရာ အရပ္ (မိန္ရာသီ) ရဲ႕ ဆန႔္က်င္ဘက္ အရပ္တည့္တည့္မွာ ျပည့္မယ့္ တန္ခူးလျပည့္ ဟာ Virgo လို႔ ေခၚတဲ့ ကန္ရာသီ အတြင္း မွာ က်ေရာက္ေနမွာ ျဖစ္ပါတယ္။ ကန္ရာသီမွာ ပုလဲလုံးေလးတစ္လုံးလို လင္းလက္ေတာက္ပေနတဲ့ ၾကယ္ေလးတစ္လုံး ရွိ ပါတယ္ ။

အေနာက္တိုင္း နကၡတ္မွာေတာ့ Spica (စပိုက္ကာ) လို႔ ေခၚၿပီး အေရွ႕တိုင္း နကၡတ္မွာေတာ့ စိၾတ နကၡတ္ (ပုလဲလုံး) လို႔ တင္စားေခၚဆို ၾကပါတယ္။ ဧၿပီလ (၇) ရက္ နဲ႔ (၈) ရက္ ညမ်ားမွာ လမင္းႀကီးဟာ စိၾတနကၡတ္ အနီးမွာ ရွိေနမွာပဲ ျဖစ္ ပါတယ္ ။

Photo-Credit

ပန္းေရာင္လ (Pink Moon) လို႔ ေခၚဆိုၾကတာကေတာ့.. ေႏြဦးကာလ မွာ ပထမဆုံး ပြင့္လန္းၾကတဲ့ ပန္းေရာင္ Moss Pink အပြင့္မ်ားရဲ႕ အေရာင္ကို ကိုယ္စားျပဳ ေခၚဆိုၾကျခင္း ျဖစ္ပါတယ္။ လမင္းႀကီး ပန္းေရာင္ ျဖစ္သြားတာ မဟုတ္ပါ။ ဒါေပမယ့္.. ဒီတေခါက္လျပည့္ လမင္းကေတာ့ ၂၀၂၀ ခုႏွစ္ အတြက္ အႀကီးဆုံးျမင္ရမယ့္ စူပါမြန္း ျဖစ္မွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ဧၿပီလ (၈) ရက္ေန႔ ညမွာပါ ။

စူပါမြန္း ဆိုတာကေတာ့ ကမာၻကို ပတ္ေနတဲ့ လ ရဲ႕ပတ္လမ္းေၾကာင္းမွာ အနီးဆုံး ေရာက္ရွိခ်ိန္ (Perigee) နဲ႔ လျပည့္ အမွတ္ေရာက္ခ်ိန္ တို႔ တိုက္ဆိုင္တဲ့ အတြက္ လမင္းကို ပုံမွန္ထက္ အ႐ြယ္အစားႀကီးၿပီး ျမင္ေတြ႕ရျခင္းသာ ျဖစ္ ပါတယ္။ တန္ခူးလျပည့္ေန႔ ညမွာ လမင္းေရာက္ရွိေနမယ့္ ေနရာကေတာ့ ကမာၻမွ မိုင္ေပါင္း ၂၂၁၈၀၀ အကြာအေဝးမွာပဲ ျဖစ္ပါေတာ့တယ္..။

(လ နဲ႔ ကမာၻဟာ ပ်မ္းမွ် ၂၃၈၀၀၀ မိုင္ ကြာေဝးပါတယ္ ။)

(ဒီေရ အတက္အက် က႐ုျပဳသင့္ ပါတယ )

အနာဂတ္ပညာေရး အတြက္..

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode

မြန်မာသက္ကရာဇ် ၁၃၈၁ ခု နှောင်းတန်ခူး လပြည့်ဟာ ၂၀၂၀ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ ကျရောက် ပါတယ် ။ ရှေးပုဂံခေတ် ကျောက်စာများ မှာ “တန်” ကို “ထန်း” (ထန်းပင်) လို့ အဓိပ္ပာယ်ဖွင့်ဆို ကြ ပါတယ် ။ “တန်ခူး” ဆိုတာကတော့ ထန်းသီးများ ကို ဆွတ်ခူးသောကာလ လို့ ဆိုနိုင် ပါတယ်။

အင်းဝခေတ် နောက်ပိုင်း ပျို့ကဗျာများမှာတော့.. “တာကူးလ” လို့ ရေးဖွဲ့ကြ ပါတယ် ။ တနင်္ဂနွေဂြိုဟ်မင်းဖြ စ်တဲ့ နေ ( ကြယ် ) ဟာ မိန်ရာသီ မှ မိဿရာသီသို့ ကူးပြောင်းခြင်း (တနည်း) ရာသီကူးပြောင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

တန်ခူးလ ရဲ့ ရာသီပန်းဟာ ပိတောက်ပန်း နဲ့ ကံကော်ပန်း ဖြစ်ပါတယ်။ ရာသီပွဲတော်ကတော့ သင်္ကြန် ပွဲတော်ပါ။ သင်္ကြန်ဆိုတာကလည်း သင်္ကန္တ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာဖြစ်ပြီး “ ကူးပြောင်းခြင်း ” လို့ အဓိပ္ပာယ်ရတယ် လို့ မှတ်သားရ ပါတယ် ။

နှစ်ဟောင်း မှ အညစ်အကြေးများ ကို နှစ်သစ်သို့ မပါသွားရလေအောင် အတာရေနဲ့ ပက်ဖြန်းဆေးကြောပြီး နှစ်သစ်ကို ကြိဆိုကြတဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။ ( ဒီနှစ်သင်္ကြန်ကတော့ အိမ်မှာနေရင်းပဲ မိသားစုအချင်းချင်း ပက်ဖြန်းပေးရမှာပေါ့ )

နေရှိရာ အရပ် (မိန်ရာသီ) ရဲ့ ဆန့်ကျင်ဘက် အရပ်တည့်တည့်မှာ ပြည့်မယ့် တန်ခူးလပြည့် ဟာ Virgo လို့ ခေါ်တဲ့ ကန်ရာသီ အတွင်း မှာ ကျရောက်နေမှာ ဖြစ်ပါတယ်။ ကန်ရာသီမှာ ပုလဲလုံးလေးတစ်လုံးလို လင်းလက်တောက်ပနေတဲ့ ကြယ်လေးတစ်လုံး ရှိ ပါတယ် ။

အနောက်တိုင်း နက္ခတ်မှာတော့ Spica (စပိုက်ကာ) လို့ ခေါ်ပြီး အရှေ့တိုင်း နက္ခတ်မှာတော့ စိတြ နက္ခတ် (ပုလဲလုံး) လို့ တင်စားခေါ်ဆို ကြပါတယ်။ ဧပြီလ (၇) ရက် နဲ့ (၈) ရက် ညများမှာ လမင်းကြီးဟာ စိတြနက္ခတ် အနီးမှာ ရှိနေမှာပဲ ဖြစ် ပါတယ် ။

ပန်းရောင်လ (Pink Moon) လို့ ခေါ်ဆိုကြတာကတော့.. နွေဦးကာလ မှာ ပထမဆုံး ပွင့်လန်းကြတဲ့ ပန်းရောင် Moss Pink အပွင့်များရဲ့ အရောင်ကို ကိုယ်စားပြု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ လမင်းကြီး ပန်းရောင် ဖြစ်သွားတာ မဟုတ်ပါ။ ဒါပေမယ့်.. ဒီတခေါက်လပြည့် လမင်းကတော့ ၂၀၂၀ ခုနှစ် အတွက် အကြီးဆုံးမြင်ရမယ့် စူပါမွန်း ဖြစ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဧပြီလ (၈) ရက်နေ့ ညမှာပါ ။

စူပါမွန်း ဆိုတာကတော့ ကမ္ဘာကို ပတ်နေတဲ့ လ ရဲ့ပတ်လမ်းကြောင်းမှာ အနီးဆုံး ရောက်ရှိချိန် (Perigee) နဲ့ လပြည့် အမှတ်ရောက်ချိန် တို့ တိုက်ဆိုင်တဲ့ အတွက် လမင်းကို ပုံမှန်ထက် အရွယ်အစားကြီးပြီး မြင်တွေ့ရခြင်းသာ ဖြစ် ပါတယ်။ တန်ခူးလပြည့်နေ့ ညမှာ လမင်းရောက်ရှိနေမယ့် နေရာကတော့ ကမ္ဘာမှ မိုင်ပေါင်း ၂၂၁၈၀၀ အကွာအဝေးမှာပဲ ဖြစ်ပါတော့တယ်..။

(လ နဲ့ ကမ္ဘာဟာ ပျမ်းမျှ ၂၃၈၀၀၀ မိုင် ကွာဝေးပါတယ် ။)

(ဒီရေ အတက်အကျ ကရုပြုသင့် ပါတယ )

အနာဂတ်ပညာရေး အတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Add a Comment

Your email address will not be published. Required fields are marked *