အိမ္ျပင္ ထြက္ခြင့္ရတာနဲ႔ အပန္းေျဖေနရာမ်ား တြင္ စုၿပဳံတိုးေဝွ႕ေနၾကတဲ႔ တ႐ုတ္နိုင္ငံသားမ်ား

ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ေရာဂါ ရဲ႕ အႏၲရာယ္ဟာ ၿပီးဖို႔ အေဝးႀကီး လိုေသးတယ္ လို႔ က်န္းမာေရး အာဏာပိုင္ေတြက သတိေပးေနေပမယ့္လည္း စေန တနဂၤေႏြ ပိတ္ရက္ေတြမွာ ဧရာမ လူအုပ္ႀကီးဟာ တ႐ုတ္နိုင္ ငံတဝန္း က နာမည္ေက်ာ္ ခရီးသြားေနရာေတြ နဲ႕ ၿမိဳ႕ႀကီးေတြဆီ ကို အုပ္လိုက္ အုပ္လိုက္ ထြက္ခြာသြားေနၾက ပါ တယ္ ။

စေနေန႕ (ဧၿပီလ ၄) က အန္ဟြီးျပည္နယ္ထဲ က ေဟာင္ရွန္း ေတာင္ေပၚဥယ်ာဥ္က ပုံေတြထဲမွာေတာ့ လေပါင္းမ်ားစြာ ခရီးသြားလာခြင့္ေတြ ပိတ္ပင္ၿပီး တင္းက်ပ္တဲ့ ပိတ္သိမ္းစည္းမ်ဥ္းေတြနဲ႕ ေနထိုင္ခဲ့ၾကရ လို႔ လဟာျပင္ ရဲ႕ လြတ္လပ္မႈကို ေတြ႕ႀကဳံခံစားဖို႔ စိတ္အားထက္သန္ေနၾက တဲ့ လူေထာင္ေပါင္းမ်ားစြာ ဟာ မ်က္ႏွာဖုံးေတြ တပ္ဆင္သူက တပ္ၾကလို႔ တိုးေဝွ႕ေနၾကတယ္လို႔ ဆို ပါတယ္ ။

နိုင္ငံပိုင္ မီဒီယာ Global Times သတင္း မွာေတာ့ နာမည္ေက်ာ္ ခရီးသြားေနရာ တစ္ခု ဆိုရင္ နံနက္ ၇နာရီေလာက္မွာ တင္ ေန႕စဥ္အမ်ားဆုံးလက္ခံနိုင္တဲ့ အေရအတြက္ ၂၀၀၀၀ကို ေရာက္ရွိသြားခဲ့လို႔ ေနာက္ထပ္ ဧည့္သည္ လက္ခံေတာ့ မွာ မဟုတ္ဘူးလို႔ေတာင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ရတယ္လို႔ ဆိုပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ရွန္ဟိုင္းက ဘြန္းကမ္းေျခဟာဆိုရင္လည္း ရက္သတၱပတ္ေပါင္းမ်ားစြာ လူသူ ကင္းဆိတ္ေနခဲ့ရာ က ယခုတစ္ဖန္ ေဈးဝယ္သူေတြ၊ ခရီးသြားေတြနဲ႕ ျပန္လည္စည္ကားလာခဲ့ျပန္တယ္လို႔ ဆိုပါတယ္။

Photo-Credit

ရက္အေတာ္ၾကာက ပိတ္ထားခဲ့ရတဲ့ ၿမိဳ႕ႀကီး ရဲ႕ စားေသာက္ဆိုင္ေတြဟာလည္း လက္မလည္ေအာင္ ေရာင္းခ်ေနရၿပီး ေနရာရဖို႔ ကို ႀကိဳဦးထားရတယ္လို႔ ဆိုပါတယ္။ ၿမိဳ႕ေတာ္ေဘက်င္းမွာလည္း ၿမိဳ႕ခံလူအုပ္ႀကီးေတြဟာ ပန္းၿခံေတြနဲ႕ လဟာျပင္ေတြမွာ စုၿပဳံတိုးေဝွ႕ေနၾကတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ၿမိဳ႕ဝူဟန္မွာ ဗိုင္းရပ္စ္ကို ပထမဆုံး စစ္ေဆးေတြ႕ရွိၿပီး သုံးလေက်ာ္အၾကာမွာ အေျခအေနေတြ ပုံမွန္ျပန္ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ကူးစက္ေရာဂါက တစ္ကမာၻလုံးကို ပ်ံ့ႏွံ႕ၿပီး လူတစ္သန္းေက်ာ္ေလာက္ ကူးစက္ခံေနရလို႔ ဝ႐ုံးသုဥ္းကားျဖစ္ေနတဲ့အခ်ိန္မွာ တ႐ုတ္နိုင္ငံရဲ႕ ေဒသအမ်ားစုကေတာ့ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ရာမွာ တည္ၿငိမ္သေလာက္နီးနီးျဖစ္ေနပါၿပီ။

ကပ္ေရာဂါ ရဲ႕ အထြတ္အထိပ္အခ်ိန္မွာ တ႐ုတ္နိုင္ငံမွာ ေန႕စဥ္နဲ႕အမွ် ေထာင္ေပါင္းမ်ားစြာ ကူးစက္ခံေနခဲ့ရပါတယ္။ ဒါေပမယ့္လည္း မၾကာေသးမီ ရက္သတၱပတ္မ်ားမွာေတာ့ ကူးစက္ႏႈန္းက သိသိသာသာ ေႏွးေကြးသြားခဲ့ပါတယ္။ ယေန႕အခ်ိန္အထိ တ႐ုတ္နိုင္ငံမွာ ကူးစက္ခံရသူ ၈၂၆၄၁ေယာက္ရွိၿပီး ၃၃၃၅ေယာက္ ေသဆုံးခဲ့ပါတယ္။

Photo-Credit

အစိုးရက တင္းက်ပ္ ကန႔္သတ္မႈေတြကို ေျဖးေျဖးခ်င္း ေျဖေလ်ာ့ေပးေနေပမယ့္လည္း တ႐ုတ္က်န္းမာေရးပညာရွင္ေတြကေတတာ့ လူထုကို သတိမျပတ္ၾကဖို႔ တိုက္တြန္းေနခဲ့ပါတယ္။ ကူးစက္ေရာဂါေဗဒ ပညာရွင္ က်န္းကြမ္းက ၾကာသပေတးေန႕က Health Times ကို ေျပာၾကားရာမွာေတာ့ တ႐ုတ္နိုင္ငံဟာ ကူးစက္ေရာဂါရဲ႕ နိဂုံးကို မျမင္ရေသးဘူးလို႔ ဆိုပါတယ္။ “တ႐ုတ္မွာ ကူးစက္ေရာဂါဟာ ၿပီးဖို႔ မနီးစပ္ေသး ပါဘူး။ အဆင့္သစ္တစ္ခုကို ဝင္ေရာက္လာတာပါ။ ကမာၻနဲ႕အဝန္း ကူးစက္မႈက အတက္ၾကမ္းေနတဲ့အခ်ိန္မွာ တ႐ုတ္က အဆုံးကို မေရာက္ေသးပါဘူး”လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ တင္းက်ပ္ ကန႔္သတ္မႈေတြကို တ႐ုတ္ျပည္မႀကီးက ေျဖေလ်ာ့ေပးတာ ျမန္လြန္းသလားဆိုတဲ့ စိုးရိမ္မႈေတြကပဲ ေဟာင္ေကာင္က ကြၽမ္းက်င္သူေတြအဖို႔ေတာ့ သူတို႔ၿမိဳ႕ထဲမွာ တတိယလွိုင္းကူးစက္မႈျဖစ္နိုင္ေျခ ကို သတိေပးစရာျဖစ္လာခဲ့ပါတယ္။ ေဟာင္ေကာင္ ကူးစက္ေရာဂါပညာရွင္ ယြင္ ကြတ္ယန္းက ေဒသတြင္းဂ်ာနယ္လစ္ေတြကို ေျပာၾကားရာမွာေတာ့ ဥေရာပနဲ႕ အေမရိကက ျပည္ေတာ္ျပန္ေတြေၾကာင့္ပဲ တ႐ုတ္နိုင္ငံ မွာ တတိယ လွိုင္းကူးစက္မႈေတြ ျဖစ္လာနိုင္တယ္လို႔ ဆိုပါတယ္။

“ဒါ့ေၾကာင့္ ေဟာင္ေကင္မွာ ဒုတိယလွိုင္းၿပီးရင္ ျပည္မႀကီးကလာတဲ့ တတိယ လွိုင္းကူးစက္မႈေတြ ျဖစ္လာနိုင္တယ္။ လူ႕အဖြဲ႕အစည္းထဲမွာ ကူးစက္ေရာဂါက သည္းသန္ေနတုန္းပါပဲ။ အခုအေျခအေနမွာ အေကာင္းျမင္လို႔ မရပါဘူး.။ အစိုးရိမ္ဆုံးက အေပ်ာ့စားလကၡဏာေတြ နဲ႕ လူနာေတြ ကို လုံလုံေလာက္ေလာက္ မစမ္းသပ္နိုင္ေသးလို႔ ကူးစက္မႈကြင္းဆက္ကို ျဖတ္ေတာက္မပစ္နိုင္ေသးတာပါပဲ”လို႔ ၎က ေျပာၾကားပါတယ္။ Source: CNN

Unicode

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ရဲ့ အန္တရာယ်ဟာ ပြီးဖို့ အဝေးကြီး လိုသေးတယ် လို့ ကျန်းမာရေး အာဏာပိုင်တွေက သတိပေးနေပေမယ့်လည်း စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဧရာမ လူအုပ်ကြီးဟာ တရုတ်နိုင် ငံတဝန်း က နာမည်ကျော် ခရီးသွားနေရာတွေ နဲ့ မြို့ကြီးတွေဆီ ကို အုပ်လိုက် အုပ်လိုက် ထွက်ခွာသွားနေကြ ပါ တယ် ။

စနေနေ့ (ဧပြီလ ၄) က အန်ဟွီးပြည်နယ်ထဲ က ဟောင်ရှန်း တောင်ပေါ်ဥယျာဉ်က ပုံတွေထဲမှာတော့ လပေါင်းများစွာ ခရီးသွားလာခွင့်တွေ ပိတ်ပင်ပြီး တင်းကျပ်တဲ့ ပိတ်သိမ်းစည်းမျဉ်းတွေနဲ့ နေထိုင်ခဲ့ကြရ လို့ လဟာပြင် ရဲ့ လွတ်လပ်မှုကို တွေ့ကြုံခံစားဖို့ စိတ်အားထက်သန်နေကြ တဲ့ လူထောင်ပေါင်းများစွာ ဟာ မျက်နှာဖုံးတွေ တပ်ဆင်သူက တပ်ကြလို့ တိုးဝှေ့နေကြတယ်လို့ ဆို ပါတယ် ။

နိုင်ငံပိုင် မီဒီယာ Global Times သတင်း မှာတော့ နာမည်ကျော် ခရီးသွားနေရာ တစ်ခု ဆိုရင် နံနက် ၇နာရီလောက်မှာ တင် နေ့စဉ်အများဆုံးလက်ခံနိုင်တဲ့ အရေအတွက် ၂၀၀၀၀ကို ရောက်ရှိသွားခဲ့လို့ နောက်ထပ် ဧည့်သည် လက်ခံတော့ မှာ မဟုတ်ဘူးလို့တောင် ကြေညာချက် ထုတ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရှန်ဟိုင်းက ဘွန်းကမ်းခြေဟာဆိုရင်လည်း ရက်သတ္တပတ်ပေါင်းများစွာ လူသူ ကင်းဆိတ်နေခဲ့ရာ က ယခုတစ်ဖန် ဈေးဝယ်သူတွေ၊ ခရီးသွားတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်တယ်လို့ ဆိုပါတယ်။

ရက်အတော်ကြာက ပိတ်ထားခဲ့ရတဲ့ မြို့ကြီး ရဲ့ စားသောက်ဆိုင်တွေဟာလည်း လက်မလည်အောင် ရောင်းချနေရပြီး နေရာရဖို့ ကို ကြိုဦးထားရတယ်လို့ ဆိုပါတယ်။ မြို့တော်ဘေကျင်းမှာလည်း မြို့ခံလူအုပ်ကြီးတွေဟာ ပန်းခြံတွေနဲ့ လဟာပြင်တွေမှာ စုပြုံတိုးဝှေ့နေကြတယ်လို့ ဆိုပါတယ်။

တရုတ်မြို့ဝူဟန်မှာ ဗိုင်းရပ်စ်ကို ပထမဆုံး စစ်ဆေးတွေ့ရှိပြီး သုံးလကျော်အကြာမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါက တစ်ကမ္ဘာလုံးကို ပျံ့နှံ့ပြီး လူတစ်သန်းကျော်လောက် ကူးစက်ခံနေရလို့ ဝရုံးသုဉ်းကားဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ ဒေသအများစုကတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ တည်ငြိမ်သလောက်နီးနီးဖြစ်နေပါပြီ။

ကပ်ရောဂါ ရဲ့ အထွတ်အထိပ်အချိန်မှာ တရုတ်နိုင်ငံမှာ နေ့စဉ်နဲ့အမျှ ထောင်ပေါင်းများစွာ ကူးစက်ခံနေခဲ့ရပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီ ရက်သတ္တပတ်များမှာတော့ ကူးစက်နှုန်းက သိသိသာသာ နှေးကွေးသွားခဲ့ပါတယ်။ ယနေ့အချိန်အထိ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ ၈၂၆၄၁ယောက်ရှိပြီး ၃၃၃၅ယောက် သေဆုံးခဲ့ပါတယ်။

အစိုးရက တင်းကျပ် ကန့်သတ်မှုတွေကို ဖြေးဖြေးချင်း ဖြေလျော့ပေးနေပေမယ့်လည်း တရုတ်ကျန်းမာရေးပညာရှင်တွေကတေတာ့ လူထုကို သတိမပြတ်ကြဖို့ တိုက်တွန်းနေခဲ့ပါတယ်။ ကူးစက်ရောဂါဗေဒ ပညာရှင် ကျန်းကွမ်းက ကြာသပတေးနေ့က Health Times ကို ပြောကြားရာမှာတော့ တရုတ်နိုင်ငံဟာ ကူးစက်ရောဂါရဲ့ နိဂုံးကို မမြင်ရသေးဘူးလို့ ဆိုပါတယ်။ “တရုတ်မှာ ကူးစက်ရောဂါဟာ ပြီးဖို့ မနီးစပ်သေး ပါဘူး။ အဆင့်သစ်တစ်ခုကို ဝင်ရောက်လာတာပါ။ ကမ္ဘာနဲ့အဝန်း ကူးစက်မှုက အတက်ကြမ်းနေတဲ့အချိန်မှာ တရုတ်က အဆုံးကို မရောက်သေးပါဘူး”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တင်းကျပ် ကန့်သတ်မှုတွေကို တရုတ်ပြည်မကြီးက ဖြေလျော့ပေးတာ မြန်လွန်းသလားဆိုတဲ့ စိုးရိမ်မှုတွေကပဲ ဟောင်ကောင်က ကျွမ်းကျင်သူတွေအဖို့တော့ သူတို့မြို့ထဲမှာ တတိယလှိုင်းကူးစက်မှုဖြစ်နိုင်ခြေ ကို သတိပေးစရာဖြစ်လာခဲ့ပါတယ်။ ဟောင်ကောင် ကူးစက်ရောဂါပညာရှင် ယွင် ကွတ်ယန်းက ဒေသတွင်းဂျာနယ်လစ်တွေကို ပြောကြားရာမှာတော့ ဥရောပနဲ့ အမေရိကက ပြည်တော်ပြန်တွေကြောင့်ပဲ တရုတ်နိုင်ငံ မှာ တတိယ လှိုင်းကူးစက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ဒါ့ကြောင့် ဟောင်ကေင်မှာ ဒုတိယလှိုင်းပြီးရင် ပြည်မကြီးကလာတဲ့ တတိယ လှိုင်းကူးစက်မှုတွေ ဖြစ်လာနိုင်တယ်။ လူ့အဖွဲ့အစည်းထဲမှာ ကူးစက်ရောဂါက သည်းသန်နေတုန်းပါပဲ။ အခုအခြေအနေမှာ အကောင်းမြင်လို့ မရပါဘူး.။ အစိုးရိမ်ဆုံးက အပျော့စားလက္ခဏာတွေ နဲ့ လူနာတွေ ကို လုံလုံလောက်လောက် မစမ်းသပ်နိုင်သေးလို့ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်မပစ်နိုင်သေးတာပါပဲ”လို့ ၎င်းက ပြောကြားပါတယ်။ Source: CNN

Add a Comment

Your email address will not be published. Required fields are marked *