အုပ္ခ်ဳပ္ေရးမွဴး ၁ ဦး ကို လႊတ္ေတာ္ကိုယ္စားလွယ္မွ အုပ္စုဖြဲ႕ ရိုက္ႏွက္မႈ ေနာက္ဆက္တြဲသတင္း..ျဖစ္စဥ္အျပည့္အစံုမွာ

ျဖစ္စဥ္အျပည့္အစံုမွာ…..

ေက်ာက္ႀကီး ဧၿပီ ၆ေတာင္ငူခရိုင္ ေက်ာက္ႀကီးၿမိဳ့နယ္ နတ္သံကြင္းေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွူးအား Covid-19ေစာင့္ၾကည့္ေရးစခန္း အတြင္း၌ NLDပါတီအမတ္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးတင္ဆန္းဦးမွလူအုပ္စုဖြဲ႕ ၍ သံဒုတ္မ်ား ကိုင္ေဆာင္ ၍ ဧၿပီလ ၆ ရက္ေန႔မြန္းလြဲပိုင္းက ေစာင့္​ၾကည့္ေရးစခန္း အတြင္းသို့ ဝင္ေရာက္ ရိုက္ႏွက္မွုျဖစ္ပြား ခဲ့ေၾကာင္း အရိုက္ခံရသူ ၏ မိသားစု မွ ေျပာသည္ က်ေနာ္တာဝန္ထမ္းေဆာင္ေနစဥ္မွာ အဲ့ဒီကိုယ္စားလွယ္နဲ ႔အဖြဲ႕ကဝင္ေရာက္လာၿပီးကိုယ္စားလွယ္က က်ေနာ္ကိုတြန္းလဲပီး ဝင္ရိုက္ၿပီးက်ေနာ္လဲက်ခ်ိန္ မွာ အ​ေသသတ္ပစ္ ဒီေကာင့္ကိုဆိုၿပီးဝင္ရိုက္ၿပီးသူ အဖြဲ႕ကပါဝိုင္းရိုက္ၿပီးကန္ၾကတာပါ…..

Photo-Credit
Photo-Credit

သူက အျမဲဝိုင္းလုပ္ကူေနတဲ့သူေတြ ကို ရပ္မိ/ ရပ္ဖေတြေရာ ရဲ မီးသတ္သတ္အဖြဲ႕အားလုံးကို ေအာ္ေငါက္တယ္ တစ္ခ်ိဳ့ဆိုစိတ္ဆိုးၿပီးျပန္လို့က်ေနာ္မွာ ေတာင္းပန္ရတယ္ျပန္ေခၚရတယ္ ေျမျပင္ကိုဆင္းၾကည့္ရင္သိပါတယ္။ အဲ့က်ရင္က်ေနာ္ကေခါင္းေဆာင္ေလ ။

သူနဲ႔ အေခ်အတင္ျဖစ္တယ္ ကိုယ္စားလွယ္ က ကိုယ္စားလွယ္ အလုပ္လုပ္ရမယ္ေလလို့ေျပာရင္သူက မႀကိဳက္ဘူး မေန႔ကလဲက်ေနာ္ ကို မူးရစ္ရမ္းကားတယ္ ဆိုၿပီး အမွုဖြင့္တယ္ဆိုလား သူကလုပ္ပိုင္ခြင့္အာဏာကိုတလြဲသုံးတယ္ စြပ္ဖက္တယ္ သူ႔အေၾကာင္း ဘယ္ေလာက္လဲ ဆိုတာျပည္သူ ကိုသာေမးၾကည့္ပါ ” ဟု အုပ္ခ်ဳပ္ေရးမွူး ကိုသန္းလြင္မွေျပာၾကား ခဲ့သည္ ။ အုပ္ခ်ဳပ္ေရးမွူး ကိုေစာင့္ၾကည့္ေရး တာဝန္ေပးထားပါတယ္ က်ေနာ္တို့ကေတာ့ အထက္ကို တင္ျပထားပါတယ္ ဝတၱရားေႏွာက္ယွက္မွုဖြင့္ျခင္း / မဖြင့္ျခင္းကေတာ့ နစ္နာသူအုပ္ခ်ဳပ္ေရးမွူးက ကာယကံရွင္ဆိုေတာ့ က်ေနာ္တို့က အေပၚကညႊန္ၾကားခ်က္ အတိုင္းလုပ္မွာပါ တာဝန္ေပးထားတာ ကေတာ့ဟုတ္ပါတယ္ ” ဟုေက်ာက္ႀကီးၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး မွ အတည္ျပဳေျပာဆိုသ ည္။

Photo-Credit

အရင္ေန႔က နတ္သံကြင္းအုပ္စုအုပ္ခ်ဳပ္ေရးမွူးက ဆဲဆို လို့ နတ္သံကြင္းစခန္းမွာဥပေဒနဲ႔အညီအမွုဖြင့္ခဲ့တယ္ဒါကိုမေက်နပ္လို့ေျပာဆိုၿပီး သံတုတ္နဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ ေနရာကိုဝင္လာၿပီး အရင္ဦးဆုံးသံတုတ္နဲ႔ဝင္ရိုက္တယ္။တုံ႔ျပန္တဲ့အေနနဲ႔ သူယူလာတဲ့သံတုတ္နဲ႔ပဲ ျပန္ရိုက္လိုက္တယ္။ ဒီေလာက္ပါပဲ”ဟုေက်ာက္ႀကီးၿမိဳ့နယ္တိုင္း(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးတင္ဆန္းဦးကေျပာသည္။

Photo-Credit

ခုလိုအခ်ိန္အုပ္စုဖြဲ႕ဝင္ရိုက္တယ္ဆိုတာျဖစ္သင့္လား အမတ္တင္ထားတာလား လူမိုက္ေမြးထားတာလားေတာင္ေမးရမလို့ပဲ လူတစ္ေယာက္က လိုတာထပ္ပိုၿပီး မေတာ္မတရားလုပ္လာရင္ဘယ္ျပည္သူကမွ လက္ခံမွာမဟုတ္ဘူး” ဟုေဒသခံတစ္ဦးမွသုံးသပ္ေျပာဆိုခဲ့သည္ အုပ္ခ်ဳပ္ေရးမွူးမိန္းမကလာတိုင္ထားပါတယ္အုပ္ခ်ဳပ္ေရးမွူး ကိုၿမိဳ့နယ္ေဆး႐ုံကေနေနျပည္ေတာ္ကိုလႊဲလိုက္ရပါတယ္ခုေဆး႐ုံကိုတင္သြားပါၿပီ ၃၂၅ နဲ ႔ဖြင့္ထားတယ္ ။ ပုဒ္မအေျပာင္းအလဲရွိရင္ထပ္ေျပာပါ့မယ္” ဟုနတ္သံကြင္းနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦး ကေျပာသည္ ။

ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)
BagoWeeklyJournal

Unicode

ကျောက်ကြီး ဧပြီ ၆တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား Covid-19စောင့်ကြည့်ရေးစခန်း အတွင်း၌ NLDပါတီအမတ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးမှလူအုပ်စုဖွဲ့ ၍ သံဒုတ်များ ကိုင်ဆောင် ၍ ဧပြီလ ၆ ရက်နေ့မွန်းလွဲပိုင်းက စောင့်ကြည့်ရေးစခန်း အတွင်းသို့ ဝင်ရောက် ရိုက်နှက်မှုဖြစ်ပွား ခဲ့ကြောင်း အရိုက်ခံရသူ ၏ မိသားစု မှ ပြောသည် ကျနော်တာဝန်ထမ်းဆောင်နေစဉ်မှာ အဲ့ဒီကိုယ်စားလှယ်နဲ့အဖွဲ့ကဝင်ရောက်လာပြီးကိုယ်စားလှယ်က ကျနော်ကိုတွန်းလဲပီး ဝင်ရိုက်ပြီးကျနော်လဲကျချိန် မှာ အသေသတ်ပစ် ဒီကောင့်ကိုဆိုပြီးဝင်ရိုက်ပြီးသူ အဖွဲ့ကပါဝိုင်းရိုက်ပြီးကန်ကြတာပါ…..

သူက အမြဲဝိုင်းလုပ်ကူနေတဲ့သူတွေ ကို ရပ်မိ/ ရပ်ဖတွေရော ရဲ မီးသတ်သတ်အဖွဲ့အားလုံးကို အော်ငေါက်တယ် တစ်ချို့ဆိုစိတ်ဆိုးပြီးပြန်လို့ကျနော်မှာ တောင်းပန်ရတယ်ပြန်ခေါ်ရတယ် မြေပြင်ကိုဆင်းကြည့်ရင်သိပါတယ်။ အဲ့ကျရင်ကျနော်ကခေါင်းဆောင်လေ ။

သူနဲ့ အချေအတင်ဖြစ်တယ် ကိုယ်စားလှယ် က ကိုယ်စားလှယ် အလုပ်လုပ်ရမယ်လေလို့ပြောရင်သူက မကြိုက်ဘူး မနေ့ကလဲကျနော် ကို မူးရစ်ရမ်းကားတယ် ဆိုပြီး အမှုဖွင့်တယ်ဆိုလား သူကလုပ်ပိုင်ခွင့်အာဏာကိုတလွဲသုံးတယ် စွပ်ဖက်တယ် သူ့အကြောင်း ဘယ်လောက်လဲ ဆိုတာပြည်သူ ကိုသာမေးကြည့်ပါ ” ဟု အုပ်ချုပ်ရေးမှူး ကိုသန်းလွင်မှပြောကြား ခဲ့သည် ။ အုပ်ချုပ်ရေးမှူး ကိုစောင့်ကြည့်ရေး တာဝန်ပေးထားပါတယ် ကျနော်တို့ကတော့ အထက်ကို တင်ပြထားပါတယ် ဝတ္တရားနှောက်ယှက်မှုဖွင့်ခြင်း / မဖွင့်ခြင်းကတော့ နစ်နာသူအုပ်ချုပ်ရေးမှူးက ကာယကံရှင်ဆိုတော့ ကျနော်တို့က အပေါ်ကညွှန်ကြားချက် အတိုင်းလုပ်မှာပါ တာဝန်ပေးထားတာ ကတော့ဟုတ်ပါတယ် ” ဟုကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး မှ အတည်ပြုပြောဆိုသ ည်။

အရင်နေ့က နတ်သံကွင်းအုပ်စုအုပ်ချုပ်ရေးမှူးက ဆဲဆို လို့ နတ်သံကွင်းစခန်းမှာဥပဒေနဲ့အညီအမှုဖွင့်ခဲ့တယ်ဒါကိုမကျေနပ်လို့ပြောဆိုပြီး သံတုတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ နေရာကိုဝင်လာပြီး အရင်ဦးဆုံးသံတုတ်နဲ့ဝင်ရိုက်တယ်။တုံ့ပြန်တဲ့အနေနဲ့ သူယူလာတဲ့သံတုတ်နဲ့ပဲ ပြန်ရိုက်လိုက်တယ်။ ဒီလောက်ပါပဲ”ဟုကျောက်ကြီးမြို့နယ်တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးကပြောသည်။

ခုလိုအချိန်အုပ်စုဖွဲ့ဝင်ရိုက်တယ်ဆိုတာဖြစ်သင့်လား အမတ်တင်ထားတာလား လူမိုက်မွေးထားတာလားတောင်မေးရမလို့ပဲ လူတစ်ယောက်က လိုတာထပ်ပိုပြီး မတော်မတရားလုပ်လာရင်ဘယ်ပြည်သူကမှ လက်ခံမှာမဟုတ်ဘူး” ဟုဒေသခံတစ်ဦးမှသုံးသပ်ပြောဆိုခဲ့သည် အုပ်ချုပ်ရေးမှူးမိန်းမကလာတိုင်ထားပါတယ်အုပ်ချုပ်ရေးမှူး ကိုမြို့နယ်ဆေးရုံကနေနေပြည်တော်ကိုလွှဲလိုက်ရပါတယ်ခုဆေးရုံကိုတင်သွားပါပြီ ၃၂၅ နဲ့ဖွင့်ထားတယ် ။ ပုဒ်မအပြောင်းအလဲရှိရင်ထပ်ပြောပါ့မယ်” ဟုနတ်သံကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည် ။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
BagoWeeklyJournal

Add a Comment

Your email address will not be published. Required fields are marked *