အေမရိကန္ ဖေလာ္ရီဒါေတာင္ပိုင္း ရွိ ေလဆိပ္တစ္ခုအနီး မီးေလာင္မႈ ျဖစ္ပြားရာမွ အငွားယာဥ္ေပါင္း (၃၅၀၀) ေက်ာ္ မီးေဘးသင့္ခဲ႔ရ

အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္ေတာင္ပိုင္း က အျပည္ျပည္ဆိုင္ရာ ေလဆိပ္နား က ျမက္ေတာ တစ္ခုကေနစၿပီး မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ တာေၾကာင့္ အငွားယာဥ္ေပါင္း ၃၅၀၀ ထက္မနည္း မီးသင့္ခဲ့တယ္ လို႔ ဖေလာ္ရီဒါျပည္နယ္ မီးသတ္တပ္ဖြဲ႕ က ေျပာၾကား ခဲ့သည္ ။

အဆို ပါ မီးေလာင္မႈသည္ ဖေလာ္ရီဒါေတာင္ပိုင္း ဖို႔တ္ေမယာၿမိဳ႕က ေလဆိပ္ အနီးမွာ ေသာေၾကာေန႔ ညေနပိုင္းက စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ ေပၚထြက္လာတဲ့ မီးခိုးတိမ္တိုက္ကို မိုင္ခ်ီေဝးတဲ့ ေနရာကေတာင္ ျမင္ေတြ႕ေနရတယ္လို႔ သိရ သည္ ။

Photo-Credit

အဲဒီမီးဟာ ၁၈ နာရီေက်ာ္တဲ့ အထိ ၿငိမ္းသတ္လို႔ မရခဲ့ေၾကာင္း သစ္ေတာဌာနကေျပာ ပါတယ္ ။ ေသာၾကာေန႔ ညေန ၅ နာရီေလာက္က စတင္ ေလာင္ကြၽမ္းလိုက္တဲ့ မီးဟာ စေနေန႔ မနက္ ၁ဝနာရီခြဲေလာက္အထိ မီးေတာက္ေတြျမင္ေနရတုန္းပဲလို႔ ေျပာတာပါ ။

Photo-Credit

ဒါေပမယ့္ အဲဒီမီးေလာင္မႈေၾကာင့္ ေလဆိပ္ မွာ ေလယာဥ္အဆင္းအတက္ေတြကို ထိခိုက္မႈမရွိခဲ့ဖူးလို႔ ျပည္နယ္ေလေၾကာင္း ထိန္းသိမ္းေရးဌာနက ဆိုပါတယ္။ ေလဆိပ္တာဝန္ရွိသူေတြကလဲ မီးၿငိမ္းသတ္ေပးတဲ့ အဖြဲ႕ေတြအားလုံးကို အထူးေက်းဇူးတင္ ရွိေၾကာင္း ဆိုခဲ့တယ္ လို႔ သိရ ပါတယ္။

Photo-Credit

ဖေလာ္ရီဒါ ျပည္နယ္တစ္ဝန္း မွာ လက္ရွိအခ်ိန္ထိ သိရသမွ် အခ်က္အလက္ေတြအရ COVID-19 ကူးစက္ခံရသူ ၁၂၃၅၀ ဦးရွိေနၿပီး ၊ ေသဆုံးသူ ၂၂၁ ဦးရွိေနၿပီ ျဖစ္ပါတယ္။ ကူးစက္မႈႏႈန္းဟာလဲ ပိုၿပီးျမင့္မားလာေနတယ္လို႔ သိရပါတယ္။

Source: CNN

Ref: A fire at a Florida airport destroyed more than 3,500 rental cars

Unicode

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တောင်ပိုင်း က အပြည်ပြည်ဆိုင်ရာ လေဆိပ်နား က မြက်တော တစ်ခုကနေစပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ တာကြောင့် အငှားယာဉ်ပေါင်း ၃၅၀၀ ထက်မနည်း မီးသင့်ခဲ့တယ် လို့ ဖလော်ရီဒါပြည်နယ် မီးသတ်တပ်ဖွဲ့ က ပြောကြား ခဲ့သည် ။

အဆို ပါ မီးလောင်မှုသည် ဖလော်ရီဒါတောင်ပိုင်း ဖို့တ်မေယာမြို့က လေဆိပ် အနီးမှာ သောကြောနေ့ ညနေပိုင်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ မီးခိုးတိမ်တိုက်ကို မိုင်ချီဝေးတဲ့ နေရာကတောင် မြင်တွေ့နေရတယ်လို့ သိရ သည် ။

အဲဒီမီးဟာ ၁၈ နာရီကျော်တဲ့ အထိ ငြိမ်းသတ်လို့ မရခဲ့ကြောင်း သစ်တောဌာနကပြော ပါတယ် ။ သောကြာနေ့ ညနေ ၅ နာရီလောက်က စတင် လောင်ကျွမ်းလိုက်တဲ့ မီးဟာ စနေနေ့ မနက် ၁ဝနာရီခွဲလောက်အထိ မီးတောက်တွေမြင်နေရတုန်းပဲလို့ ပြောတာပါ ။

ဒါပေမယ့် အဲဒီမီးလောင်မှုကြောင့် လေဆိပ် မှာ လေယာဉ်အဆင်းအတက်တွေကို ထိခိုက်မှုမရှိခဲ့ဖူးလို့ ပြည်နယ်လေကြောင်း ထိန်းသိမ်းရေးဌာနက ဆိုပါတယ်။ လေဆိပ်တာဝန်ရှိသူတွေကလဲ မီးငြိမ်းသတ်ပေးတဲ့ အဖွဲ့တွေအားလုံးကို အထူးကျေးဇူးတင် ရှိကြောင်း ဆိုခဲ့တယ် လို့ သိရ ပါတယ်။

ဖလော်ရီဒါ ပြည်နယ်တစ်ဝန်း မှာ လက်ရှိအချိန်ထိ သိရသမျှ အချက်အလက်တွေအရ COVID-19 ကူးစက်ခံရသူ ၁၂၃၅၀ ဦးရှိနေပြီး ၊ သေဆုံးသူ ၂၂၁ ဦးရှိနေပြီ ဖြစ်ပါတယ်။ ကူးစက်မှုနှုန်းဟာလဲ ပိုပြီးမြင့်မားလာနေတယ်လို့ သိရပါတယ်။

Source: CNN

Ref: A fire at a Florida airport destroyed more than 3,500 rental cars

Add a Comment

Your email address will not be published. Required fields are marked *