တန်ခူး လပြည့်နေ့ မှာ တိုးတက်ကြီးပွား ဆန်၊ ဆီ၊ ဆေး ၊ ဆား ဘုရားကပ်လှူပါ..





Photo-Credit





၎.မိမိတို့၏ အိမ်မီးဖိုချောင်သည်စားစရာများဖြင့် ပြည့်စုံနေခြင်း စိတ်ဝမ်းကွဲနေသော မိတ်ဆွေညီအကိုမောင်နှမများလည်းပြန်လည်သင့်မြတ်ပါလိမ့်မည်။



Unicode

ခုလို ကပ်ဘေးကြီးကြုံတွေ့နေရချိန် မနက်ဖြန် လပြည့်နေ့မှာ တိုးတက်ကြီးပွား ဆန်၊ ဆီ၊ ဆေး ၊ ဆား အလှူလေးကို မဖြစ်မနေ ဘုရားကပ်လှူကြပါ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင်တကွသံဃာတော်များအတွက်ရည်စူးကာမိမိတတ်နိုင်သလောက် ဆန်အပြည့်၊ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ အိမ်ဘုရားတွင်
အရံသင့် ကပ်လှူထားရှိပေးရပါမည်။

စတင်ကပ်လှူ ရမည့်အချိန်

အင်္ဂါနေ့ ,နံနက်( ၉ )နာရီ ကနေ(၁၀ ) နာရီအတွင်း …မည်သည့်နေ့နာမ် ၊သား မဆိုပြုလုပ်နိုင်ပါသည် ။

မနက်ဖြန် လပြည့်နေ့ လှူရင်ပိုကောင်းပါတယ်ရှင် ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

ဆန်ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ

၁.အကျပ်အတည်းရင်ဆိုင်နေရသောအခါများ၊စားဝတ်နေရေးအတွက်အတော်ရုန်းကန်နေရသောအခါများတွင်အရံသင့်ပေးမည့်၊ကျွေးမည့်လက်တစ်စုံအမှီရစေ၏။လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

၂.ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။မိမိအိမ်တွင်မ ရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

၃.တစ်ပတ်တစ်ခါ လှူပြီးပြ န်စွန့်၍မရှိနွမ်းပါးသူအားလှူဒါန်းပါ။အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးပါ။

၄.မိမိတို့၏ အိမ်မီးဖိုချောင်သည်စားစရာများဖြင့် ပြည့်စုံနေခြင်း စိတ်ဝမ်းကွဲနေသော မိတ်ဆွေညီအကိုမောင်နှမများလည်းပြန်လည်သင့်မြတ်ပါလိမ့်မည်။

ဆန်၊ဆီ၊ဆေး၊ဆား တစ်ပတ်တစ်ခါအသစ်ကိုမပျက်မကွက် လဲလှယ်လှူဒါန်းပေးပါ။ကောင်းကျိုး ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေရှင်။ မျှဝေပေးတဲ့ အစ်ကိုကြီး အကယ်ဒမီ ခန့်စည်သူ Kyaw Soe Win ကို ကျေးဇူး အများကြီး တင်ပါတယ်ရှင့် ။ စိတ်ထားကောင်းတဲ့ အစ်ကိုကြီး ဖူးစာဖက် ကောင်းလေး အမြန်ဆုံး ရရှိပါစေ ရှင် ..

Credit-မူရင်းတင်ပေးသူ

Add a Comment

Your email address will not be published. Required fields are marked *