တရုတ်ပြည်ပြန်ဟု ဆိုကာ ကိုဗစ်စောင့်ကြည့်ရေးစခန်း တွင် လိမ်လည်နေထိုင်ခွင့် တောင်းမှု ဖြစ်ပွား


Photo-Credit


Photo-Credit


Unicode

မုံရွာမြို့ ဆေးရုံကြီး တောင်ဖက် စပါယ်နိုင် လက်ဖက်ရည် ဆိုင်ဝင်း အတွင်းရှိ ကွန်တိန်နာ ဘောက်စ်များဖြင့် စောင့်ကြည့်လူနာ ယာယီစခန်း သို့ တရုတ်နိုင်ငံပြန် အမည်ခံကာ လိမ်လည်နေထိုင်ခွင့်တောင်းမှု ဧပြီလ ၆ ရက် က ဖြစ်ခဲ့ ကြောင်း သိရပါတယ် ။

“ ယာယီစခန်းမှာ နေချင်လို့ဆိုပြီး လူတဦး တရုတ်ပြည်ပြန် အမည်ခံစာရင်းပေးနေထိုင်ခွင့်တောင်းခဲ့တယ်။ စာရင်းဇယားနှင့် သွားလာနေထိုင်ခွင့် မေးမြန်းစစ်ဆေးတာ လိမ်လည်မူပေါ်ပေါက်ပြီး ဝန်ခံခဲ့ပါတယ်၊ အပြန်စရိတ်၁၅၀၀၀နဲ့ ထမင်းရေဘူးတွေ တောင်းသွားသေးတယ် ။ ကူညီ ကယ်ဆယ်ရေးစခန်းတွေ သတိရှိကြဖို့လိုပါတယ် ”ဟု ယာယီစခန်းမှ ကူညီနေသူတဦးက ပြောပါတယ်။

အဆိုပါစောင့်ကြည့်လူနာယာယီစခန်းကို မုံရွာမြို့အောင်မြသန်းကုမ္မဏီမှ အကုန်အကျခံ၍ လူနာ၂၀ဆန့်အဖြစ် ကွန်တိန်နာဘောက်စ်များဖြင့် တည်ဆောက်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *