တရုတ် တွင် ကိုဗစ် ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာ ၊ ပြည်ပမှ ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိမှုပိုများ




Photo-Credit


Photo-Credit



Unicode

တရုတ်နိုင်ငံ တွင် ဧပြီ ၅ ရက် ၌ ကိုဗစ် ကူးစက်ဖြစ်ပွားသူ ၃၉ ဦး ထပ်တိုးလာပြီး တစ်ဦးမှလွဲ ၍ ကျန်လူများ သည် ပြည်ပ မှ ကူးစက်ပြီး တရုတ်နိုင်ငံ ထဲ ဝင်ရောက်လာ သူများဖြစ်ကြောင်း သိ ရပါတယ် ။

တရုတ်တွင် ကိုဗစ် ကူးစက်သူ ၈၁ ၇၀၈ ဦး ရှိသွားပြီဖြစ်သည်။ ဧပြီ ၅ ရက်က တစ်ဦးသေဆုံး ခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၃ ၃၃၁ ဦး ရှိသွားပြီဖြစ်သည်။ ဧပြီ ၄ ရက်က ကိုဗစ်ဖြစ်ပွားသူသစ် ၃၀ ဦးရှိခဲ့ရာ မှ တက်လာခြင်းဖြစ်သည် ။ တရုတ်တွင် ကိုဗစ် အဆိုးဆုံးဖြစ်သော ဖေဖော်ဝါရီ လ လယ်ပိုင်းက နေ့စဉ် လူပေါင်းရာချီ ကူးစက်ဖြစ်ပွားခဲ့မှုလောက် အခြေအနေမဆိုးတော့ဘဲ ပြည်တွင်းကူးစက်မှု နည်းပါးအောင် ထိန်းထားနိုင်သော်လည်း ပြည်ပ မှ ဝင်ရောက်လာသူများတွင် ကိုဗစ် တွေ့ရနှုန်း များသထက်များလာနေပါတယ်။

ယခုအခါ ပေကျင်းအာဏာပိုင်များအနေဖြင့် နိုင်ငံတွင် ထိရောက်သည့် ထိန်းချုပ် ကန့်သတ်မှုဆိုင်ရာ အားထုတ်မှုများ လုပ်ဆောင်ထားနိုင်သော်ငြား ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အလုံးစုံကင်းစင်ပပျောက်သွားရေး အောင်မြင်စွာ လုပ်ဆောင်ရန် ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ကိုဗစ် ထိန်းချုပ်ရေးအတွက် တရုတ်သည် နယ်စပ် အားလုံးနီးပါးကို ပိတ်ထားကာ ပြည်ပသားများ ဝင်ရောက်မှုကို တားမြစ်ထားသော်လည်း နေရပ်ပြန်လာသည့် တရုတ်နိုင်ငံသားများထံတွင် ကိုဗစ် ပါလာသူ တိုးပွားလာလျက်ရှိသည်။ ထို့အပြင် ဗိုင်းရပ်စ် ရှိသော်လည်း လက္ခဏာမပြသူများက တစ်ဆင့် ကူးစက်မှုလျှော့ချနိုင်ရန် အတွက် စမ်းသပ် စစ်ဆေးမှုများ အရှိန်မြှင့်ရန် ဗဟိုအစိုးရက ဒေသအစိုး ရအသီးသီး ကို ညွှန်ကြားထားပါတ ယ်။

ယခုအခါ ပြည်ပကနေ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံလူနာများနှင့် ရောဂါလက္ခဏာမပြသော်လည်း တခြားသူများကို ဗိုင်းရပ်စ် ထပ်ဆင့်ကူးစက်စေနိုင်သည့် လူနာများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်အာဏာပိုင်တို့ အတွက် အဓိက စိုးရိမ်ပူပန်စရာ ကိစ္စ ဖြစ်လျက် ရှိပါတယ် ။

ဧပြီ ၄ ရက်အထိ လက္ခဏာမပြသော်လည်း ကိုဗစ်ရှိနေသူ ၇၈ ဦး တွေ့ရှိထားကြောင်း တရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည်။ ဧပြီ ၃ ရက်က ၄၇ ဦး တွေ့ရှိရာမှ တက်လာခြင်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *