စင္ကာပူ တြင္ ယေန႔ တစ္ရက္ထဲ ကိုဗစ္ ကူးစက္သူ (၂၈၇)ဦး ကူးစက္ကာ မေန႔ကထက္ ကူးစက္မႈႏွုန္း ၂ ဆျမင့္တက္လာ

စင္ကာပူ မွာ ယေန႕ ၁ရက္ထဲ နဲ႕ ဗိုင္းရပ္စ္ ကူးစက္သူ ၂၈၇ ဦး ထပ္တိုး

စင္ကာပူ မွာ ဧၿပီလ ၉ရက္ေန႕ ၾကာသပေတးေန႕မွာ ကိုဗစ္နိုင္တင္း ကူးစက္သူေပါင္း ၂၈၇ ဦး ထပ္တိုးကူးစက္ခဲ့ၿပီး ဒီပမာဏ ဟာ မေန႕က အမ်ားဆုံးစံခ်ိန္ အျဖစ္တင္ ခဲ့တဲ့ ပမာဏထက္ေတာင္ ၂ဆ ထပ္တိုးသြားခဲ့ၿပီး အျမင့္ဆုံးစံခ်ိန္တင္ သြားခဲ့တာျဖစ္ ပါတယ္ ။

လက္ရွိ အခ်ိန္မွာေတာ့ စင္ကာပူ မွာ ကိုရိုနာ ဗိုင္းရပ္စ္ကူးစက္ခံရ သူ စုစုေပါင္း ၁၉၁၀ ဦး အထိ ရွိသြားၿပီျဖစ္ၿပီး ျပန္လည္က်န္းမာလာသူက ၄၀၆ဦး ရွိသြားပါၿပီ ။

Crt

ထပ္တိုး ကူးစက္မႈေတြထဲက ၂၁၉ ခုဟာ အရင္အကူးခံရၿပီးသူေတြနဲ႕ ဆက္စပ္ေနၿပီး ၁၆၀ ခုကေတာ့ Punggol မွာရွိတဲ့ S11 အလုပ္သမားေဆာင္ မွာ ဆက္စပ္ကူးစက္ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီ အေဆာင္ေတြမွာ အေျခခံအလုပ္သမား ၂ေသာင္းခန႔္ကို သီးသန႔္ကန႔္သတ္ေစာင့္ၾကည့္ ထားတာျဖစ္ၿပီး အဲဒီကေန အမ်ားဆုံး ထပ္ကူးၾကတာလို႔ သိရပါတယ္။

ကူးစက္ မႈျဖစ္စဥ္ ၁၉ ခုဟာ အရင္လူေတြဆီကေန ကူးစက္ခဲ့တာျဖစ္ၿပီး ၄၆ခုကေတာ့ မဆက္စပ္ပဲ ကူးစက္ခဲ့တာေၾကာင့္ စုံစမ္းစစ္ေဆးဆဲလို႔ စစ္ေဆးသူေတြက ဆိုပါတယ္။ ေနာက္ဆုံး ျဖစ္စဥ္ ၃ခုကေတာ့ ျပည္ပကဝင္ေရာက္လာတဲ့သူေတြ ျဖစ္ပါတယ္။

Crt

ဗိုင္း ရပ္စ္ကူးစက္ခံထားရသူေတြထဲက ၆ဦးကေတာ့ ေသဆုံးသြားၿပီျဖစ္ၿပီး ကူးစက္ခံသူေတြထဲက ၇ဦးေျမာက္ေသဆုံးသူကိုေတာ့ ဘာေၾကာင့္ေသဆုံးသလဲဆိုတာကို တာဝန္ရွိသူေတြ စုံစမ္းစစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

မေန႕ က ဗုဒၶဟူးေန႕မွာ ကူးစက္သူေပါင္း ၁၄၂ ဦး ရွိခဲ့ရာမွ ဒီေန႕မွာေတာ့ ၂၈၇ဦးအထိ ထပ္တိုးကူးစက္ခဲ့တာျဖစ္ပါတယ္။

စင္ကာပူ ဟာ ေက်ာင္း နဲ႕ အလုပ္အမ်ားစုကို ပိတ္ထားခဲ့ၿပီး ကန႔္သတ္တားျမစ္မႈေတြ တင္းတင္းၾကပ္ၾကပ္ျပဳလုပ္ေနတဲ့ၾကားကေန အခုလို ထပ္တိုးကူးစက္မႈေတြ ျဖစ္ပြားေနခဲ့တာျဖစ္ပါတယ္။

Unicode

စင်ကာပူ မှာ ယနေ့ ၁ရက်ထဲ နဲ့ ဗိုင်းရပ်စ် ကူးစက်သူ ၂၈၇ ဦး ထပ်တိုး

စင်ကာပူ မှာ ဧပြီလ ၉ရက်နေ့ ကြာသပတေးနေ့မှာ ကိုဗစ်နိုင်တင်း ကူးစက်သူပေါင်း ၂၈၇ ဦး ထပ်တိုးကူးစက်ခဲ့ပြီး ဒီပမာဏ ဟာ မနေ့က အများဆုံးစံချိန် အဖြစ်တင် ခဲ့တဲ့ ပမာဏထက်တောင် ၂ဆ ထပ်တိုးသွားခဲ့ပြီး အမြင့်ဆုံးစံချိန်တင် သွားခဲ့တာဖြစ် ပါတယ် ။

လက်ရှိ အချိန်မှာတော့ စင်ကာပူ မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရ သူ စုစုပေါင်း ၁၉၁၀ ဦး အထိ ရှိသွားပြီဖြစ်ပြီး ပြန်လည်ကျန်းမာလာသူက ၄၀၆ဦး ရှိသွားပါပြီ ။

ထပ်တိုး ကူးစက်မှုတွေထဲက ၂၁၉ ခုဟာ အရင်အကူးခံရပြီးသူတွေနဲ့ ဆက်စပ်နေပြီး ၁၆၀ ခုကတော့ Punggol မှာရှိတဲ့ S11 အလုပ်သမားဆောင် မှာ ဆက်စပ်ကူးစက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ အဆောင်တွေမှာ အခြေခံအလုပ်သမား ၂သောင်းခန့်ကို သီးသန့်ကန့်သတ်စောင့်ကြည့် ထားတာဖြစ်ပြီး အဲဒီကနေ အများဆုံး ထပ်ကူးကြတာလို့ သိရပါတယ်။

ကူးစက် မှုဖြစ်စဉ် ၁၉ ခုဟာ အရင်လူတွေဆီကနေ ကူးစက်ခဲ့တာဖြစ်ပြီး ၄၆ခုကတော့ မဆက်စပ်ပဲ ကူးစက်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးဆဲလို့ စစ်ဆေးသူတွေက ဆိုပါတယ်။ နောက်ဆုံး ဖြစ်စဉ် ၃ခုကတော့ ပြည်ပကဝင်ရောက်လာတဲ့သူတွေ ဖြစ်ပါတယ်။

ဗိုင်း ရပ်စ်ကူးစက်ခံထားရသူတွေထဲက ၆ဦးကတော့ သေဆုံးသွားပြီဖြစ်ပြီး ကူးစက်ခံသူတွေထဲက ၇ဦးမြောက်သေဆုံးသူကိုတော့ ဘာကြောင့်သေဆုံးသလဲဆိုတာကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

မနေ့ က ဗုဒ္ဓဟူးနေ့မှာ ကူးစက်သူပေါင်း ၁၄၂ ဦး ရှိခဲ့ရာမှ ဒီနေ့မှာတော့ ၂၈၇ဦးအထိ ထပ်တိုးကူးစက်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူ ဟာ ကျောင်း နဲ့ အလုပ်အများစုကို ပိတ်ထားခဲ့ပြီး ကန့်သတ်တားမြစ်မှုတွေ တင်းတင်းကြပ်ကြပ်ပြုလုပ်နေတဲ့ကြားကနေ အခုလို ထပ်တိုးကူးစက်မှုတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *