စကၤာပူ မွာ ဒီေန႔ ၁ ရက္တည္း ေရာဂါလကၡဏာ မျပပဲ ကူးစက္ပ်ံ႕ႏွံ႕မႈ စံခ်ိန္တင္ရတဲ႔ အေၾကာင္းရင္းရဲ႕ ဇစ္ျမစ္

စင္ ကာ ပူ မွာ ယေန႔ ဧၿပီလ ၉ ရက္ေန႕ ေတြ႕ႏႈန္း အလြန္ျမင့္ လာ ပါ တယ္။ သင္ခန္းစာယူႏို င္ဖို႔ တင္ျပ ပါတယ္။

အသစ္ 287 ေယာက္ေတြ႕ခဲ့ ပါ တယ္ ။ အဲ့ဒီထဲက တစ္ဝက္ေက်ာ္ဟာ အလုပ္သမားအေဆာင္ေတြက ျဖစ္ပါတယ္။ အသစ္ေတြ႕သူ အေဆာင္က 219 ေယာက္မွာ အနည္းဆုံး 160 က Punggol က S11 Dormitory အေဆာင္ ကပါ ။ အျခား 19 ေယာက္က အရင္ ကူးစက္မႈ Cluster ေတြကပါ။ 46 ေယာက္က ဘယ္က ကူးမွန္းကို မသိေသးပါ။ အခု စင္ကာပူမွာ ေတြ႕သူစုစုေပါင္း 1910 ျဖစ္သြား ပါၿပီ ။

Photo-Credit

က်ေနာ္တို႔ ဘာသင္ခန္းစာရမွာလဲ…

ခ်ိတ္ဆက္ျပန႔္ႏွံ႔သြားပုံကို ၾကည့္ပါ။

၁။ လုပ္သားေတြေနတဲ့ အေဆာင္ေတြ၊ S11 Dormitory၊ Sugei Tengah Lodge၊ Tanpanies Dormitory II နဲ႔ Toh Guan Dormitory ေတြ။

၂။ ေဆာက္လုပ္ေရးဆိုက္ Project Glory Construction Site ေတြ

၃။ လုပ္သားေတြေစ်းၿပဳံဝယ္တဲ့ Mustafa Centre Shopping Mall

အလုပ္သမားတစ္ေယာက္မွာ ေရာဂါရွိေနတယ္။ ဒါေပမယ့္ ေရာဂါလကၡဏာမျပေသးဘူး။ သူက Mustafa Centre မွာ ေစ်းသြားဝယ္မယ္။ သိတဲ့အတိုင္း လုပ္သားေတြဆုံၾကမယ္။ ခဏ စကားေျပာမယ္။ ၿပီးရင္ အေဆာင္ အသီးသီးျပန္ၾကမယ္။ ေနာက္လုပ္သားကို ကူးမယ္။ ေနာက္လုပ္သားက က်န္တဲ့အေဆာင္က အတူေနသူေတြကို ကူးစက္ေစမယ္။ အဲ့လိုနည္းနဲ႔ အလုပ္လုပ္ဖက္ကို အလုပ္ဆိုက္ထဲကူးမယ္။ အကူးခံရသူက အေဆာင္ကို ထပ္သယ္သြားမိမယ္။

Photo-Credit

အေရးအႀကီးဆုံး ျပႆနာ (၂) ရပ္က…

၁။ ေရာဂါပ်ိဳးခ်ိန္ Incubation Period နဲ႔

၂။ Asymptomatic ေရာဂါလကၡဏာမျပပဲ ေရာဂါပိုးျဖန႔္ျဖဴးမိေနျခင္း ပဲ။

အဲ့ဒီမွာ လူေတြက ေပ်ာ္ေပ်ာ္ပါးပါး ဆုံၾကေတြ႕ၾက၊ စားၾကေသာက္ၾက၊ ေစ်းဝယ္ၾက၊ ကူးလူးသြားလာၾကနဲ႔ တစ္လေလာက္ အခ်င္းခ်င္းကူးေနတာကို မသိပဲ ပိုးရွိသူမရွိဘူးခ်ည္းပဲျဖစ္ေနမယ္။မရွိတာထက္မသိတာခက္ေတာ့မေၾကာက္ၾကတာေလ။ အလုပ္သမားေတြ ေအာက္ေျခအထိ Social Distancing ကို ေသခ်ာမွ မလိုက္နာႏိုင္ၾကပဲ။

က်ေနာ္တို႔ ဆီမွာသာဆိုရင္ တစ္လကေန ႏွစ္လေလာက္အထိ မသိပဲျဖစ္ႏိုင္တယ္။ ျဖစ္တဲ့လူက နယ္ျပန္သြားတာနဲ႔၊ အဟြတ္အဟြတ္နဲ႔ Mild Symptoms နဲ႔ၿပီးသြားတာနဲ႔၊ လူမသိသူမသိက ျဖစ္ေနႏိုင္တယ္။ က်ေနာ္တို႔ဆီမွာ အေဆာင္ေတြက ရပ္ကြက္ထဲမွာ။ ဘယ္လို Quarantine လုပ္မလဲ။လူနာ ၁ ကေန လူနာ ၂၊ လူနာ ၂ ကေန လူနာ ေတြမ်ားလာမွ အဟြတ္အဟြတ္ကေန လူေတြမ်ားလာၿပီး အုံနဲ႔က်င္းနဲ႔ ၾကမ္းပိုးမိသလိုမိေရာ။ အဲ့ဒီအခ်ိန္ဟာ အခု စင္ကာပူျဖစ္ေနတဲ့အခ်ိန္မ်ိဳးပဲ။ အလုပ္သမား တစ္ေယာက္က စခဲ့ရင္ေနာ္။

Photo-Credit

က်ေနာ္တို႔ဆီမွာ ဒီအခ်ိန္ ဒီ ၂ လ ဟာ အေရးအႀကီးဆုံး အသက္လို႔ ထပ္ေျပာပါရေစ။ အတြင္းမွာ လႈိက္ေလာင္ေနတာကို မျမင္ပဲ အေဆာင္မွာ ေပ်ာ္ေနၾကတဲ့ အလုပ္သမားေတြအျဖစ္ကို သတိရၾကပါ။

စင္ကာပူမွာက ဘာအေရးလဲ၊ အစိုးရက တတ္ႏိုင္သေလာက္ မေသေအာင္ကုမွာေပါ့။

တို႔ဆီမွာ…

အဲ့ဒီေတာ့ ဒီ ၁၅ ရက္ကေန ၁ လ ၿပီးရင္ အေျဖ တစ္ခုေပၚမယ္။ အမ်ားဆုံး ၂ လပဲ။ ေၾကာင္ၾကာၾကာေရမငုပ္ႏိုင္ဘူး။ အားလုံး စည္းကမ္းရွိစြာနဲ႔ ကူးလူးဆက္ဆံမႈကို ေလ်ာ့ခ်ၾကပါ။

မ်က္ႏွာမွာ Mask လိုက္တပ္ေပးေနျခင္းကို ေရွာင္ၾကဥ္ပါ။ လူမ်က္ႏွာစုံကို လိုက္ထိေနျခင္းသည္ လူစုံကို ပိုးကူးျဖန႔္ေပးသလို ျဖစ္ေနေစပါတယ္။ အာဏာပိုင္ေတြကလည္း ျပတ္သားရွင္းလင္းထိေရာက္တဲ့ ေၾကညာခ်က္ကို ေအာက္ေျခအထိသိေအာင္ လုပ္ေပးပါ။

စည္းကမ္းမလိုက္နာမႈရွိရင္ ျပတ္ျပတ္သားသား စံျပအေရးယူျပပါ။

လူႀကီးေတြက စံျပေနျပေပးပါ။

ေက်းဇူးတင္ပါတယ္။

Richard Myo Thant
9-April-2020

Unicode

စင်ကာ ပူမှာ ယနေ့ ဧပြီလ ၉ ရက်နေ့ တွေ့နှုန်း အလွန်မြင့်လာပါတယ်။ သင်ခန်းစာယူနိုင်ဖို့ တင်ပြပါတယ်။

အသစ် 287 ယောက်တွေ့ခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ဝက်ကျော်ဟာ အလုပ်သမားအဆောင်တွေက ဖြစ်ပါတယ်။ အသစ်တွေ့သူ အဆောင်က 219 ယောက်မှာ အနည်းဆုံး 160 က Punggol က S11 Dormitory အဆောင်ကပါ။အခြား 19 ယောက်က အရင် ကူးစက်မှု Cluster တွေကပါ။ 46 ယောက်က ဘယ်က ကူးမှန်းကို မသိသေးပါ။ အခု စင်ကာပူမှာ တွေ့သူစုစုပေါင်း 1910 ဖြစ်သွားပါပြီ။

ကျနော်တို့ ဘာသင်ခန်းစာရမှာလဲ…

ချိတ်ဆက်ပြန့်နှံ့သွားပုံကို ကြည့်ပါ။

၁။ လုပ်သားတွေနေတဲ့ အဆောင်တွေ၊ S11 Dormitory၊ Sugei Tengah Lodge၊ Tanpanies Dormitory II နဲ့ Toh Guan Dormitory တွေ။

၂။ ဆောက်လုပ်ရေးဆိုက် Project Glory Construction Site တွေ

၃။ လုပ်သားတွေဈေးပြုံဝယ်တဲ့ Mustafa Centre Shopping Mall

အလုပ်သမားတစ်ယောက်မှာ ရောဂါရှိနေတယ်။ ဒါပေမယ့် ရောဂါလက္ခဏာမပြသေးဘူး။ သူက Mustafa Centre မှာ ဈေးသွားဝယ်မယ်။ သိတဲ့အတိုင်း လုပ်သားတွေဆုံကြမယ်။ ခဏ စကားပြောမယ်။ ပြီးရင် အဆောင် အသီးသီးပြန်ကြမယ်။ နောက်လုပ်သားကို ကူးမယ်။ နောက်လုပ်သားက ကျန်တဲ့အဆောင်က အတူနေသူတွေကို ကူးစက်စေမယ်။ အဲ့လိုနည်းနဲ့ အလုပ်လုပ်ဖက်ကို အလုပ်ဆိုက်ထဲကူးမယ်။ အကူးခံရသူက အဆောင်ကို ထပ်သယ်သွားမိမယ်။

အရေးအကြီးဆုံး ပြဿနာ (၂) ရပ်က…

၁။ ရောဂါပျိုးချိန် Incubation Period နဲ့

၂။ Asymptomatic ရောဂါလက္ခဏာမပြပဲ ရောဂါပိုးဖြန့်ဖြူးမိနေခြင်း ပဲ။

အဲ့ဒီမှာ လူတွေက ပျော်ပျော်ပါးပါး ဆုံကြတွေ့ကြ၊ စားကြသောက်ကြ၊ ဈေးဝယ်ကြ၊ ကူးလူးသွားလာကြနဲ့ တစ်လလောက် အချင်းချင်းကူးနေတာကို မသိပဲ ပိုးရှိသူမရှိဘူးချည်းပဲဖြစ်နေမယ်။မရှိတာထက်မသိတာခက်တော့မကြောက်ကြတာလေ။ အလုပ်သမားတွေ အောက်ခြေအထိ Social Distancing ကို သေချာမှ မလိုက်နာနိုင်ကြပဲ။

ကျနော်တို့ ဆီမှာသာဆိုရင် တစ်လကနေ နှစ်လလောက်အထိ မသိပဲဖြစ်နိုင်တယ်။ ဖြစ်တဲ့လူက နယ်ပြန်သွားတာနဲ့၊ အဟွတ်အဟွတ်နဲ့ Mild Symptoms နဲ့ပြီးသွားတာနဲ့၊ လူမသိသူမသိက ဖြစ်နေနိုင်တယ်။ ကျနော်တို့ဆီမှာ အဆောင်တွေက ရပ်ကွက်ထဲမှာ။ ဘယ်လို Quarantine လုပ်မလဲ။လူနာ ၁ ကနေ လူနာ ၂၊ လူနာ ၂ ကနေ လူနာ တွေများလာမှ အဟွတ်အဟွတ်ကနေ လူတွေများလာပြီး အုံနဲ့ကျင်းနဲ့ ကြမ်းပိုးမိသလိုမိရော။ အဲ့ဒီအချိန်ဟာ အခု စင်ကာပူဖြစ်နေတဲ့အချိန်မျိုးပဲ။ အလုပ်သမား တစ်ယောက်က စခဲ့ရင်နော်။

ကျနော်တို့ဆီမှာ ဒီအချိန် ဒီ ၂ လ ဟာ အရေးအကြီးဆုံး အသက်လို့ ထပ်ပြောပါရစေ။ အတွင်းမှာ လှိုက်လောင်နေတာကို မမြင်ပဲ အဆောင်မှာ ပျော်နေကြတဲ့ အလုပ်သမားတွေအဖြစ်ကို သတိရကြပါ။

စင်ကာပူမှာက ဘာအရေးလဲ၊ အစိုးရက တတ်နိုင်သလောက် မသေအောင်ကုမှာပေါ့။

တို့ဆီမှာ…

အဲ့ဒီတော့ ဒီ ၁၅ ရက်ကနေ ၁ လ ပြီးရင် အဖြေ တစ်ခုပေါ်မယ်။ အများဆုံး ၂ လပဲ။ ကြောင်ကြာကြာရေမငုပ်နိုင်ဘူး။ အားလုံး စည်းကမ်းရှိစွာနဲ့ ကူးလူးဆက်ဆံမှုကို လျော့ချကြပါ။

မျက်နှာမှာ Mask လိုက်တပ်ပေးနေခြင်းကို ရှောင်ကြဉ်ပါ။ လူမျက်နှာစုံကို လိုက်ထိနေခြင်းသည် လူစုံကို ပိုးကူးဖြန့်ပေးသလို ဖြစ်နေစေပါတယ်။ အာဏာပိုင်တွေကလည်း ပြတ်သားရှင်းလင်းထိရောက်တဲ့ ကြေညာချက်ကို အောက်ခြေအထိသိအောင် လုပ်ပေးပါ။

စည်းကမ်းမလိုက်နာမှုရှိရင် ပြတ်ပြတ်သားသား စံပြအရေးယူပြပါ။

လူကြီးတွေက စံပြနေပြပေးပါ။

ကျေးဇူးတင်ပါတယ်။

Richard Myo Thant
9-April-2020

Add a Comment

Your email address will not be published. Required fields are marked *