အတုယူသင့္တဲ႔ ထိုင္၀မ္ ရဲ႕ ခ်ီးက်ဴးရေလာက္တဲ႔ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ပံု (၇) ခ်က္

၂၀၂၀ ခုႏွစ္ , ဧျပီ ၁၁

ထိုင္ ဝမ္ႏိုင္ငံဟာ COVID-19 ကို ဇန္နဝါရီ ၂၁ ကတည္းက အေစာဆုံးလူနာစေတြ ႕ခဲ့တဲ့ ႏိုင္ငံျဖစ္ ပါတယ္ ။ ဒါေပ့မယ့္ ယေန႔ အထိ စုစုေပါင္း လူ ၃၈၂ ေယာက္နဲ႔ ခ်ီးက်ဳးရေလာက္ေအာင္ ထိန္းခ်ဳပ္ႏို င္ခဲ့ ပါ တယ္ ။ ထိုင္ဝမ္ ဘယ္လို ထိန္းခ်ဳပ္ခဲ့ သလဲ အားလုံး သိရေအာင္ မွ်ေဝေပး လိုက္ ပါတယ္ ။

(၁) ထိုင္ဝမ္က်န္းမာေရးဝန္ႀကီးဌာန ရဲ႕ခ်ီးက်ဳးရေလာက္ေအာင္ လက္ျမန္ျခင္း ။

၂၀၁၉ ဒီဇင္ဘာမွာ ဝူဟန႔္မွာ ေရာဂါတစ္မ်ိဳးစကူးစက္တယ္ၾကားတာနဲ႔ ထိုင္ဝမ္က က်န္းမာေရးအဖြဲ႕က သြားေလ့လာပါတယ္။ တ႐ုတ္က လူနာေတြကို ေတြ႕ခြင့္မေပးတာနဲ႔ ဝူဟန႔္ရဲ႕အေျခအေနကို ေလ့လာခဲ့အၿပီးမွာ ထိုင္ဝမ္ဟာ ဆားစ္ ကိုျပန္သတိရၿပီး ဒီကိစၥကို အေသအခ်ာ လက္ျမန္ေျချမန္ကိုင္တြယ္ပါတယ္။

ဒီဇင္ဘာ ၃၁ မွာ ထိုင္ဝမ္ရဲ႕ CDC က ဝူဟန႔္က လာတဲ့ ခရီးသည္အားလုံးကို ေလယာဥ္ေပၚကမဆင္းခင္ က်န္းမာေရးဝန္ထမ္းေတြက စစ္ေဆးပါတယ္။ ဇန္နဝါရီ ၅ ရက္ေန႔ကတည္းက ဝူဟန႔္ကို လြန္ခဲ့တဲ့ ၁၄ ရက္အတြင္းသြားခဲ့သူေတြကို စတင္ေစာင့္ၾကည့္ပါေတာ့တယ္။ အဲ့ဒီ့လူေတြကို SARS နဲ႔ MERS အပါအဝင္ ပုိး ၂၆ မ်ိဳး ရွိ/မရွိ ျဖစ္မျဖစ္စစ္ေဆးပါတယ္။

Pc

(၂) ျပည္သူလူထုရဲ႕တာဝန္သိတတ္ျခင္း။

ဇန္နဝါရီ ၂ မွာ ထိုင္ဝမ္က အသက္ ၅၀ အ႐ြယ္ ဆရာမတစ္ေယာက္ဟာ ဝူဟန္ကေနျပန္လာခဲ့ပါတယ္။ သူမဟာ Taoyuan ေလဆိပ္ေရာက္ေရာက္ျခင္း သူမရဲ႕အသိစိတ္ဓာတ္နဲ႔ ျပည္ဝင္ခြင့္ လဝကကို မျဖတ္ခင္မွာ အစိုးရကို အသိေပးခဲ့ပါတယ္။ ထိုင္ဝမ္အဝင္ လဝကတံဆိပ္တုံးေတာင္မႏွိပ္ရေသးခင္ ေဆး႐ုံကို တန္းပို႔ပါတယ္။

Pc

(၃) ထိုင္ဝမ္ဝန္ႀကီးဌာနမ်ားရဲ႕အင္တိုက္အားတိုက္ႀကိဳးပမ္းမႈ။

ဇန္နဝါရီ ၂၃ က စၿပီး ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး စင္တာ (Central Epidemic Situation Command Center) ကေန ေန႔စဥ္ သတင္းစာရွင္းလင္းပြဲ လုပ္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ က်န္အစိုးရဝန္ႀကီးဌာနအသီးသီး၊ ၿပီးေတာ့ မီဒီယာေတြနဲ႔ ပူးေပါင္းၿပီး ကပ္ေရာဂါ ကာကြယ္ေရး (Epidemic prevention for dummies) ကို လူပိန္းေတာင္နားလည္ေအာင္ သင္ေပးပါတယ္။

လူမႈအဖြဲ႕အစည္းေတြ၊ ေစတနာ႔ဝန္ထမ္း ေတြနဲ႔ပူးေပါင္းၿပီး (လူမႈ လံုၿခံဳေရး ကြန္ယက္) “Social safety net”ကို စၿပီး လက္လုပ္လက္စားလူေတြရဲ႕ ေန႔စဥ္လိုအပ္ခ်က္ကို သိေအာင္လုပ္တယ္။ ကမာၻမွာ အေျခအေနဆိုးလာတာနဲ႔ တိုင္းေဒသႀကီးအစိုးရေတြက ကုမၸဏီေတြနဲ႔ပူးေပါင္းၿပီး ေစာင့္ၾကည့္ေရးစခန္း (“quarantine relief”) အေနနဲ႔ ေဟာ္တယ္ေတြမွာ ျပင္ဆင္တယ္။ တိုင္းေဒသႀကီးအစိုးရေတြကပဲ ကပ္ေရာဂါကာကြယ္ေရးရန္ပုံေငြကို ထူေထာင္ၾကၿပီး ထိခိုက္နစ္နာမယ့္ သူေတြကို ကူညီေရးေတြျပင္ဆင္ၾကတယ္။

Pc

(၄) ထိုင္ဝမ္ျပန္ၾကားေရးရဲ႕မီဒီယာမ်ားနဲ႔ပူးေပါင္းၿပီးျပည္သူကိုေစာေစာစီးစီးအသိေပးမႈ

အစိုးရက ထိုင္ဝမ္မွာလူသုံးမ်ားတဲ့ LINE (ျမန္မာမွာဆို viber, messenger ေပါ့) နဲ႔ခ်ိတ္ဆက္ၿပီး ဖရီး စတစ္ကာ ေတြလုပ္တယ္။ လူေတြက အစိုးရက်န္းမာေရးဝန္ႀကီးဌာနရဲ႕ အေကာင့္ကိုဝင္ၾကည့္ရင္ ဖရီးစတစ္ကာ ေတြရတယ္။ အစိုးရက ကပ္ေရာဂါ ပ်ံ႕ႏွံ႕မႈ ေျမပံုတို႔ နဲ႔ ျပည္သူေတြ သတင္းေတြမျပတ္ရေအာင္ ေျမပုံေတြလုပ္တယ္။

ျပည္သူေတြက ထိုင္ဝမ္ရဲ႕ ေဆးဆိုင္ 6000 ရဲ႕ေနရာနဲ႔ mask နဲ႔ ေဆးပစၥည္းဝယ္ယူရႏိုင္မႈအေျခအေနကို မျပတ္တင္ေပးပါတယ္။ ပုဂၢလိက သတင္းဌာနေတြနဲ႔ ပူးေပါင္းၿပီး လက္ေဆးဖို႔နဲ႔maskဝတ္ၾကဖို႔ အေျခခံပညာေပးေတြ မျပတ္ထုတ္လႊင့္ေပးတယ္။

ထိုင္ဝမ္ရဲ႕ CDC ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက အခ်ိန္နဲ႔အမွ် သတင္းကို တင္ေပးေနတယ္။ အဲ့ဒီလို သတင္းေတြလည္းမျပတ္ရ၊ အစိုးရကိုလည္းယုံၾကည္စိတ္ခ်ရေတာ့ ျပည္သူေတြအၾကား ကူးစက္ေရာဂါကာကြယ္ေရး အသိပညာပိုရလာတယ္။ မေသခ်ာမေရရာမႈေၾကာင့္ျဖစ္လာတဲ့ အေၾကာက္တရားေလ်ာ့က်သြားတယ္။

(၅) ျပည္သူတို႔ရဲ႕က်င့္ဝတ္နဲ႔ လူမႈဘဝ ေျပာင္းမႈ

က်ေနာ္ထိုင္ဝမ္မွာသတိထားမိတာက လူေတြ mask အဝတ္မ်ားတယ္။ ေမာ္ေတာ္ဆိုင္ကယ္အစီးမ်ားလို႔လည္း ျဖစ္ႏိုင္တယ္။ ဒါကသူတို႔ရဲ႕ ေနထုိင္မႈဘဝပါ၊ ဒါေပမယ့္ mask ေတြတကယ္လိုလာေတာ့ အစိုးရက mask လက္ေဆးရည္နဲ႔ ေဆးပစၥည္းေတြကို ရာရွင္စနစ္နဲ႔ ေရာင္းေပးရတယ္။

အစိုးရက က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးဖို႔ ေျပာလာတဲ့အခါမွာ ထိုင္ဝမ္မွာ mask တပ္ေနတာ အက်င့္ပါေနတဲ့ ႏိုင္ငံသားေတြက “ကၽြန္ေတာ္ အုိေကပါတယ္။ သင္ mask အရင္ဝတ္လို္က္ပါ” (“I am OK, you take mask first”) ကမ္ပိန္းေတြလုပ္လာၾကတယ္။ mask ကို လိုအပ္တဲ့သူကိုေပးတာ၊ ခပ္ခြာခြာေနထုိင္တာ (social distancing) လုပ္တာ၊ သီးျခားေနထုိင္တာ (self-quarantine) လုပ္တာေတြနဲ႔ လူမႈဘဝ ေျပာင္းလိုက္ၾကတယ္။

(၆) ျပည္သူလူထုအားသတင္းအမွန္ကိုမျပတ္တင္ေပးႏိုင္မႈ

အစိုးရျပန္ၾကားေရးက ဦးေဆာင္ၿပီး ထုိင္ဝမ္ အခ်က္အလက္ ေစာင့္ၾကည့္ဌာန (Taiwan FactCheck Center) ကို ဖြဲ႕စည္းၿပီး Meme Engineering Team ကို ထူေထာင္ပါတယ္။ အကယ္၍မ်ား သတင္းအမွားနဲ႔ လုပ္ႀကံသတင္းတစ္ခု online ေပၚေတြ႕တာနဲ႔ အဲ့ဒီ Team က (6 မိနစ္အတြင္း) မွန္လားမွားလား တင္ေပးၿပီးၿပီ။ လက္သြက္ခ်က္။ အဲ့ဒီလို သတင္းအမွန္တင္ေပးႏိုင္လို႔ ျပည္သူအေတာ္မ်ားမ်ားရဲ႕ မလိုအပ္တဲ့ပူပင္ေသာကကို ေလ်ာ့ခ်ႏိုင္ခဲ့တယ္။ အခုက်ေနာ့္ကိုဒီသတင္းမွန္လားလို႔ လာလာေမးလို႔ က်ေနာ္ျပန္ေျဖေပးေနရတာမ်ိဳးမလိုေတာ့ဘူး။

Pc

(၇) mask ရဲ႕အေရးပါပုံကို အေစာႀကီးကတည္းက သိရွိၿပီး mask အတြက္ စီမံခ်က္ခ်လုပ္ေဆာင္ပါတယ္

အစိုးရ႐ုံးဝန္ႀကီး Audrey Tang ဟာ mask ဝယ္လုိအား နဲ႔ ျဖည့္ဆည္းေပးႏုိင္မႈ တင္ျပခ်က္ လုပ္ပါတယ္။ ဒါမွ တိုင္းျပည္ရဲ႕ mask လိုအပ္ခ်က္နဲ႔ ျဖည့္ဆည္းႏိုင္မႈကို ရွင္းရွင္းလင္းလင္း ျပည္သူေတြသိမွာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၆ မွာပဲ ေပၚလစီခ်ၿပီး ဖုံးအပလီေကးရွင္းေတြ၊ website ေတြနဲ႔ ျပည္သူဝင္ၾကည့္လို႔ရေအာင္ လုပ္ပါတယ္။ ၿပီးေတာ့ တျခားႏုိင္ငံေတြကုိ mask တင္ပုိ႔မႈကို ဇန္နဝါရီ ၂၁ ကတည္းက ပိတ္ပင္လိုက္ၿပီး ျပည္တြင္းမွာ တိုးထုတ္ပါတယ္။ ေနာက္ဆုံးသင္ခန္းစာကေတာ့…..

COVID-19 ကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အစိုးရနဲ႔ျပည္သူအတူပူးေပါင္းႏိုင္မွရပါမယ္တဲ့။

၂၀၁၅ တုန္းက အုိဘားမား ေျပာခဲ့သလိုပါပဲ။ “နားလည္မႈရွိျခင္းနဲ႔လက္တြဲကူျခင္းဟာအေၾကာက္တရားကိုလႊမ္းမိုးအႏိုင္ယူသြားတာပါပဲ။” အကယ္၍ တိုင္းျပည္တစ္ခုဟာ ႏိုင္ငံေရးပါတီေတြအၾကားနဲ႔လူမ်ိဳးစုေတြအၾကားအတားအဆီးေတြကိုဖယ္ရွားႏိုင္ၿပီး…..ကူးစက္ကပ္ေရာဂါကာကြယ္ေရးကို အခ်ိန္နဲ႔တေျပးညီတက္ႂကြစြာ ကာကြယ္လုပ္ေဆာင္ႏိုင္ခဲ့ရင္ “ဒါဟာ အေကာင္းဆုံးကာကြယ္တားဆီးႏိုင္ျခင္းပါပဲ”တဲ့။

Richard Myo Thant

Unicode

ထိုင် ဝမ်နိုင်ငံဟာ COVID-19 ကို ဇန်နဝါရီ ၂၁ ကတည်းက အစောဆုံးလူနာစတွေ့ခဲ့တဲ့ နိုင်ငံဖြစ် ပါတယ် ။ ဒါပေ့မယ့် ယနေ့ အထိ စုစုပေါင်း လူ ၃၈၂ ယောက်နဲ့ ချီးကျုးရလောက်အောင် ထိန်းချုပ်နို င်ခဲ့ ပါ တယ် ။ ထိုင်ဝမ် ဘယ်လို ထိန်းချုပ်ခဲ့ သလဲ အားလုံး သိရအောင် မျှဝေပေး လိုက် ပါတယ် ။

(၁) ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာန ရဲ့ချီးကျုးရလောက်အောင် လက်မြန်ခြင်း ။

၂၀၁၉ ဒီဇင်ဘာမှာ ဝူဟန့်မှာ ရောဂါတစ်မျိုးစကူးစက်တယ်ကြားတာနဲ့ ထိုင်ဝမ်က ကျန်းမာရေးအဖွဲ့က သွားလေ့လာပါတယ်။ တရုတ်က လူနာတွေကို တွေ့ခွင့်မပေးတာနဲ့ ဝူဟန့်ရဲ့အခြေအနေကို လေ့လာခဲ့အပြီးမှာ ထိုင်ဝမ်ဟာ ဆားစ် ကိုပြန်သတိရပြီး ဒီကိစ္စကို အသေအချာ လက်မြန်ခြေမြန်ကိုင်တွယ်ပါတယ်။

ဒီဇင်ဘာ ၃၁ မှာ ထိုင်ဝမ်ရဲ့ CDC က ဝူဟန့်က လာတဲ့ ခရီးသည်အားလုံးကို လေယာဉ်ပေါ်ကမဆင်းခင် ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက ဝူဟန့်ကို လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းသွားခဲ့သူတွေကို စတင်စောင့်ကြည့်ပါတော့တယ်။ အဲ့ဒီ့လူတွေကို SARS နဲ့ MERS အပါအဝင် ပိုး ၂၆ မျိုး ရှိ/မရှိ ဖြစ်မဖြစ်စစ်ဆေးပါတယ်။

(၂) ပြည်သူလူထုရဲ့တာဝန်သိတတ်ခြင်း။

ဇန်နဝါရီ ၂ မှာ ထိုင်ဝမ်က အသက် ၅၀ အရွယ် ဆရာမတစ်ယောက်ဟာ ဝူဟန်ကနေပြန်လာခဲ့ပါတယ်။ သူမဟာ Taoyuan လေဆိပ်ရောက်ရောက်ခြင်း သူမရဲ့အသိစိတ်ဓာတ်နဲ့ ပြည်ဝင်ခွင့် လဝကကို မဖြတ်ခင်မှာ အစိုးရကို အသိပေးခဲ့ပါတယ်။ ထိုင်ဝမ်အဝင် လဝကတံဆိပ်တုံးတောင်မနှိပ်ရသေးခင် ဆေးရုံကို တန်းပို့ပါတယ်။

(၃) ထိုင်ဝမ်ဝန်ကြီးဌာနများရဲ့အင်တိုက်အားတိုက်ကြိုးပမ်းမှု။

ဇန်နဝါရီ ၂၃ က စပြီး ကပ်ရောဂါ ထိန်းချုပ်ရေး စင်တာ (Central Epidemic Situation Command Center) ကနေ နေ့စဉ် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်အစိုးရဝန်ကြီးဌာနအသီးသီး၊ ပြီးတော့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး ကပ်ရောဂါ ကာကွယ်ရေး (Epidemic prevention for dummies) ကို လူပိန်းတောင်နားလည်အောင် သင်ပေးပါတယ်။

လူမှုအဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်း တွေနဲ့ပူးပေါင်းပြီး (လူမှု လုံခြုံရေး ကွန်ယက်) “Social safety net”ကို စပြီး လက်လုပ်လက်စားလူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို သိအောင်လုပ်တယ်။ ကမ္ဘာမှာ အခြေအနေဆိုးလာတာနဲ့ တိုင်းဒေသကြီးအစိုးရတွေက ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး စောင့်ကြည့်ရေးစခန်း (“quarantine relief”) အနေနဲ့ ဟော်တယ်တွေမှာ ပြင်ဆင်တယ်။ တိုင်းဒေသကြီးအစိုးရတွေကပဲ ကပ်ရောဂါကာကွယ်ရေးရန်ပုံငွေကို ထူထောင်ကြပြီး ထိခိုက်နစ်နာမယ့် သူတွေကို ကူညီရေးတွေပြင်ဆင်ကြတယ်။

(၄) ထိုင်ဝမ်ပြန်ကြားရေးရဲ့မီဒီယာများနဲ့ပူးပေါင်းပြီးပြည်သူကိုစောစောစီးစီးအသိပေးမှု

အစိုးရက ထိုင်ဝမ်မှာလူသုံးများတဲ့ LINE (မြန်မာမှာဆို viber, messenger ပေါ့) နဲ့ချိတ်ဆက်ပြီး ဖရီး စတစ်ကာ တွေလုပ်တယ်။ လူတွေက အစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ အကောင့်ကိုဝင်ကြည့်ရင် ဖရီးစတစ်ကာ တွေရတယ်။ အစိုးရက ကပ်ရောဂါ ပျံ့နှံ့မှု မြေပုံတို့ နဲ့ ပြည်သူတွေ သတင်းတွေမပြတ်ရအောင် မြေပုံတွေလုပ်တယ်။

ပြည်သူတွေက ထိုင်ဝမ်ရဲ့ ဆေးဆိုင် 6000 ရဲ့နေရာနဲ့ mask နဲ့ ဆေးပစ္စည်းဝယ်ယူရနိုင်မှုအခြေအနေကို မပြတ်တင်ပေးပါတယ်။ ပုဂ္ဂလိက သတင်းဌာနတွေနဲ့ ပူးပေါင်းပြီး လက်ဆေးဖို့နဲ့maskဝတ်ကြဖို့ အခြေခံပညာပေးတွေ မပြတ်ထုတ်လွှင့်ပေးတယ်။

ထိုင်ဝမ်ရဲ့ CDC ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အချိန်နဲ့အမျှ သတင်းကို တင်ပေးနေတယ်။ အဲ့ဒီလို သတင်းတွေလည်းမပြတ်ရ၊ အစိုးရကိုလည်းယုံကြည်စိတ်ချရတော့ ပြည်သူတွေအကြား ကူးစက်ရောဂါကာကွယ်ရေး အသိပညာပိုရလာတယ်။ မသေချာမရေရာမှုကြောင့်ဖြစ်လာတဲ့ အကြောက်တရားလျော့ကျသွားတယ်။

(၅) ပြည်သူတို့ရဲ့ကျင့်ဝတ်နဲ့ လူမှုဘဝ ပြောင်းမှု

ကျနော်ထိုင်ဝမ်မှာသတိထားမိတာက လူတွေ mask အဝတ်များတယ်။ မော်တော်ဆိုင်ကယ်အစီးများလို့လည်း ဖြစ်နိုင်တယ်။ ဒါကသူတို့ရဲ့ နေထိုင်မှုဘဝပါ၊ ဒါပေမယ့် mask တွေတကယ်လိုလာတော့ အစိုးရက mask လက်ဆေးရည်နဲ့ ဆေးပစ္စည်းတွေကို ရာရှင်စနစ်နဲ့ ရောင်းပေးရတယ်။

အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးဖို့ ပြောလာတဲ့အခါမှာ ထိုင်ဝမ်မှာ mask တပ်နေတာ အကျင့်ပါနေတဲ့ နိုင်ငံသားတွေက “ကျွန်တော် အိုကေပါတယ်။ သင် mask အရင်ဝတ်လိုက်ပါ” (“I am OK, you take mask first”) ကမ်ပိန်းတွေလုပ်လာကြတယ်။ mask ကို လိုအပ်တဲ့သူကိုပေးတာ၊ ခပ်ခွာခွာနေထိုင်တာ (social distancing) လုပ်တာ၊ သီးခြားနေထိုင်တာ (self-quarantine) လုပ်တာတွေနဲ့ လူမှုဘဝ ပြောင်းလိုက်ကြတယ်။

(၆) ပြည်သူလူထုအားသတင်းအမှန်ကိုမပြတ်တင်ပေးနိုင်မှု

အစိုးရပြန်ကြားရေးက ဦးဆောင်ပြီး ထိုင်ဝမ် အချက်အလက် စောင့်ကြည့်ဌာန (Taiwan FactCheck Center) ကို ဖွဲ့စည်းပြီး Meme Engineering Team ကို ထူထောင်ပါတယ်။ အကယ်၍များ သတင်းအမှားနဲ့ လုပ်ကြံသတင်းတစ်ခု online ပေါ်တွေ့တာနဲ့ အဲ့ဒီ Team က (6 မိနစ်အတွင်း) မှန်လားမှားလား တင်ပေးပြီးပြီ။ လက်သွက်ချက်။ အဲ့ဒီလို သတင်းအမှန်တင်ပေးနိုင်လို့ ပြည်သူအတော်များများရဲ့ မလိုအပ်တဲ့ပူပင်သောကကို လျော့ချနိုင်ခဲ့တယ်။ အခုကျနော့်ကိုဒီသတင်းမှန်လားလို့ လာလာမေးလို့ ကျနော်ပြန်ဖြေပေးနေရတာမျိုးမလိုတော့ဘူး။

(၇) mask ရဲ့အရေးပါပုံကို အစောကြီးကတည်းက သိရှိပြီး mask အတွက် စီမံချက်ချလုပ်ဆောင်ပါတယ်

အစိုးရရုံးဝန်ကြီး Audrey Tang ဟာ mask ဝယ်လိုအား နဲ့ ဖြည့်ဆည်းပေးနိုင်မှု တင်ပြချက် လုပ်ပါတယ်။ ဒါမှ တိုင်းပြည်ရဲ့ mask လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှုကို ရှင်းရှင်းလင်းလင်း ပြည်သူတွေသိမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ မှာပဲ ပေါ်လစီချပြီး ဖုံးအပလီကေးရှင်းတွေ၊ website တွေနဲ့ ပြည်သူဝင်ကြည့်လို့ရအောင် လုပ်ပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေကို mask တင်ပို့မှုကို ဇန်နဝါရီ ၂၁ ကတည်းက ပိတ်ပင်လိုက်ပြီး ပြည်တွင်းမှာ တိုးထုတ်ပါတယ်။ နောက်ဆုံးသင်ခန်းစာကတော့…..

COVID-19 ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အစိုးရနဲ့ပြည်သူအတူပူးပေါင်းနိုင်မှရပါမယ်တဲ့။

၂၀၁၅ တုန်းက အိုဘားမား ပြောခဲ့သလိုပါပဲ။ “နားလည်မှုရှိခြင်းနဲ့လက်တွဲကူခြင်းဟာအကြောက်တရားကိုလွှမ်းမိုးအနိုင်ယူသွားတာပါပဲ။” အကယ်၍ တိုင်းပြည်တစ်ခုဟာ နိုင်ငံရေးပါတီတွေအကြားနဲ့လူမျိုးစုတွေအကြားအတားအဆီးတွေကိုဖယ်ရှားနိုင်ပြီး…..ကူးစက်ကပ်ရောဂါကာကွယ်ရေးကို အချိန်နဲ့တပြေးညီတက်ကြွစွာ ကာကွယ်လုပ်ဆောင်နိုင်ခဲ့ရင် “ဒါဟာ အကောင်းဆုံးကာကွယ်တားဆီးနိုင်ခြင်းပါပဲ”တဲ့။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *