
ခံစစ်..

ပထမ မရေးတော့ဖူး ဆိုပြီး ဆုံးဖြတ်ထားတာ.. ဘာလို့လဲ ဆိုရင် ဒီနေ့ သံသယလူနာ လို့ သတ်မှတ်ရမယ့် လူနာနှစ်ယောက် ဆေးခန်းရောက်လာ တယ်… တယောက် နဲ့ တေ ယာက် နာရီ ဝက်လောက်ဘဲခြား တယ်.. ဆေးရုံ ကို လွှဲတာ လုံးဝမသွား ဘဲ အိမ်ပြန်ပြေး တယ်.. အခု ကိုယ့်ကိုကိုယ် self quarantine လုပ်ထားရတယ်…



Photo-Credit






ုမြိတ်မှာ…




Source;…Kyaw Thu Ya.
Credit: Dr Shwe Tun

ဒီပို့ကို ရေးသားဝေမျှသော ဆရာတို့ အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ခင်ဗျာ

Unicode

ခံစစ်..

ပထမ မရေးတော့ဖူး ဆိုပြီး ဆုံးဖြတ်ထားတာ.. ဘာလို့လဲ ဆိုရင် ဒီနေ့ သံသယလူနာ လို့ သတ်မှတ်ရမယ့် လူနာနှစ်ယောက် ဆေးခန်းရောက်လာ တယ်… တယောက် နဲ့ တယောက် နာရီဝက်လောက်ဘဲခြားတယ်.. ဆေးရုံ ကို လွှဲတာလုံးဝမသွားဘဲ အိမ်ပြန်ပြေး တယ်.. အခု ကိုယ့်ကိုကိုယ် self quarantine လုပ်ထားရတယ်…

ကဲ.. ခံစစ်အကြောင်း ဆက်ပြောရအောင်၊ ကျွန်တော်တို့ နိုင်ငံက ဆောက်ရမ်းဆင်းရဲတော့ quarantine ကို ခံစစ်အနေနဲ့ သေချာပြင်ဆင်ခဲ့တယ်… quarantine ကိုဘဲ အဓိကထားပြီး ပြင်ဆင်ခဲ့တာ…. ယိုပေါက်တွေ ၊ စိမ့်ပေါက်တွေရှိနေတာ သိနေပေ မယ့် ၁၄ ရက် quarantine ကို ကျွန်တော်တို့ ခံစစ်အနေ နဲ့ ကျင့်သုံးခဲ့ကြ တယ်…

ကဲ… ဒါဆို ခံစစ်ပေါက် တယ် ဆိုတာဘာလဲ.. WHO ရဲ့ အတည်မပြုတဲ့ ပြောကြားချက် အရ ၁၄ ရက် quarantine က မလုံလောက်ပါဖူးတဲ့လေ.. ၃၇ ရက် လောက်မှ စိတ်ချရမယ်ပြောတယ်..

တကယ်လက်တွေ့မှာလဲ တီးတိန်က လူနာ အမှတ် ၁ နဲ့ထိတွေ့ခဲ့တဲ့ လူနာအမေက ၁၄ ရက်ကျော်မှ စစ်လိုက်တော့ positive ထွက်တယ်..

ဒီနေ့ထပ်တွေ့တယ်ဆိုတဲ့လူနာလဲ..ဆယ့်လေးရက် အတွင်းမှာဘဲ စစ်လိုက်တယ်လို့ ထားလိုက်ပါတော့ဗျာ.. စစ်လိုက်တော့ ပိုးတွေ့တယ်..

တကယ့်မြေပြင်မှာက ၁၄ ရက် quarantine ပြည့် လို့ အိမ်ပြန်ခိုင်း လိုက်တဲ့သူတွေ အများကြီးရှိနေပြီဗျ..သူတို့ကို swab test လုပ်သင့်ပေမယ့် တိုင်းပြည်က မွဲနေတော့ swab test မလုပ်နိုင်ဘဲ..၁၄ ရက်အတွင်း ဘာလက္ခဏာမှ မပြရင် အိမ်ပြန်လွှတ်လိုက်ကြပြီ…..

ကျွန်တော်တို့က မိုင်းကို စနက်တံဖြုတ်ပြီး မြို့ထဲထည့်လိုက် သလိုဖြစ်သွားပြီ…ဒီနေ့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာကလူနာနဲ့ ထိတွေ့တဲ့သူတွေ ကို ၃၇ ရက် quarantine စလုပ်ဖြစ်ကြ တယ်…၁၄ ရက် quarantine ပြည့်လို့ အိမ်ပြန်ခိုင်းလိုက်တဲ့လူနာတွေ မှာ….

ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တာဘဲ.. ..အဖြေက မနေ့က မြိတ်က မင်္ဂလာဆောင်ကိုသွားရောက်ပြီး ပြန်လာခဲ့တဲ့သူဆီမှာ ပိုးတွေ့တယ်…

ုမြိတ်မှာ…

အဲ့ဒီ မင်္ဂလာဆောင်ကို..ကော့သောင်းမြို့က လူတွေလဲ လာတက်ခဲ့တယ်ပြောကြတယ်….

ဒါဆို ၁၄ ရက် quarantine…အခုတရုတ်ကလှူတဲ့ အမြန်စစ် rapid test တွေနဲ့ စပြီး စစ်နေကြပြီ…ကျွန်တော်တို့ ခံစစ်ကျိုးပေါက်သွားခဲ့ပြီ…ကျွန်တော်တို့ အကြီးအကျယ် ပြင်ဆင်ထားမှ ဖြစ်တော့မယ်…စိတ်ဓာတ်ကျနေလို့ အစအဆုံးရေးပြီး မတင်ခဲ့တာကို တောင်းပန်ပါတယ်ဗျာ…ကျွန်တော်လဲ ကျွန်တော့် မိသားစုတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းချင်သေးတယ်လေဗျာ..

တကယ်လို့ ကျွန်တော်မှာ အခွင့်အရေးရှိသေးရင်ပေါ့…

Source;…Kyaw Thu Ya.
Credit: Dr Shwe Tun

Add a Comment

Your email address will not be published. Required fields are marked *