ကိုဗစ္ ကာကြယ္ေရး အစီအမံမ်ား ေစာေစာစီးစီး ရုပ္သိမ္းပါက လူအေသအေပ်ာက္မ်ားေသာ ကူးစက္မႈ အသစ္တဖန္ျပန္ေပၚလာႏိုင္ဟု WHO ေျပာ

၂၀၂၀ ခုႏွစ္ , ဧျပီ ၁၁ ရက္

Covid 19ဗိုင္းရပ္စ္ ေလာ့ေဒါင္း အစီအမံေတြကို ေစာေစာစီးစီး ႐ုပ္သိမ္းလိုက္ပါက လူအ ေသအ ေပ်ာက္မ်ား တဲ့ ကူးစက္္မႈ တဖန္ျပန္ ေပၚလာနိုင္တယ္္ လို႔ ကမၻာ့ က်န္းမာေရး အဖြဲ႕ ( WHO ) အႀကီးအကဲ က ဧၿပီလ ( ၁၀ ) ရက္ မွာ သတိေပးလိုက္ ပါတယ္ ။ ကမၻာ့ နိုင္ငံေတြအေနနဲ႔ စီးပြားေရး သက္ေရာက္မႈကို ရ င္ဆိုင္ေျဖရွင္းေနရခ်ိန္ မွာ ပဲ ကန႔္သတ္ခ်က္ေတြ ကို ေျဖေလၽွာ့ရာမွာ သတိႀကီးႀကီးထား ဖို႔ လိုအပ္တယ္ လို႔ WHO အႀကီးအကဲ ဂတ္ဘေရအီးဆပ္စ္ က ေျပာခဲ့ ပါတယ္္။

55

ဥ ေရာပ မွာ ကိုရိုနာ ဗိုင္းရပ္စ္ အဆိုးဆုံးခံစားရတဲ့ အီတလီနဲ႔ ၿဗိတိန္ ႏွစ္နိုင္ငံစလုံးက ေလာ့ေဒါင္းအစီအမံကို ဆက္လုပ္ေနခ်ိန္မွာပဲ တခ်ိဳ႕အစီအမံေတြကို ေျဖ ေလၽွာ့ေပးေန တာပါ။ ဂ်နီဗာ မွာ ျပဳလုပ္တဲ့ ဗြီဒီယိုကြန္ဖရင့္အတြင္း ေဒါက္တာ ဂတ္ဘရီအီးဆပ္စ္က ဥေရာပနိုင္ငံတခ်ိဳ႕မွာ ကူးစက္မႈ ေႏွးေကြးလာတယ္လို႔ ေျပာခဲ့ပါ တယ္။

ကန ႔္္သတ္ မႈေတြ ေျဖေလၽွာ့ ေပးတဲ့ မဟာဗ်ဴ ဟာကို ေဖာ္ေဆာင္ရာမွာ WHO အေနနဲ႔ ကမၻာ့နိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ေျပာခဲ့ၿပီး ေျဖ ေလၽွာ့ တာကို အ ေဆာတ လ်င္ မလုပ္သင့္ဘူးလို႔ WHO အႀကီးအကဲက ေျပာခဲ့ပါတယ္။ကူးစက္မႈ က်ဆင္းတာကို မွန္မွန္ကန္ကန္ မစီမံနိုင္ရင္ ကူးစက္မႈ ျမင့္တက္ သလိုပဲ အႏၲရာယ္ရွိ တယ္လို႔ ေဒါက္တာ ဂတ္ဘရီအီးဆပ္စ္က ေျပာခဲ့ပါတယ္။ဧၿပီလ ၁၀ ရက္အထိ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာတဝွမ္းေသဆုံးသူ တစ္သိန္း တစ္ေထာင္ရွိလာၿပီး ကူးစက္သူ တစ္သန္းေျခာက္ သိန္းေက်ာ္ ရွိတယ္လို႔ ရိုက္တာ သတင္းအရ သိရပါတယ္္။

crd:dvb news

Unicode

၂၀၂၀ ခုနှစ် , ဧပြီ ၁၁ ရက်

Covid 19ဗိုင်းရပ်စ် လော့ဒေါင်း အစီအမံတွေကို စောစောစီးစီး ရုပ်သိမ်းလိုက်ပါက လူအ သေအ ပျောက်များ တဲ့ ကူးစက်မှု တဖန်ပြန် ပေါ်လာနိုင်တယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) အကြီးအကဲ က ဧပြီလ ( ၁၀ ) ရက် မှာ သတိပေးလိုက် ပါတယ် ။ ကမ္ဘာ့ နိုင်ငံတွေအနေနဲ့ စီးပွားရေး သက်ရောက်မှုကို ရ င်ဆိုင်ဖြေရှင်းနေရချိန် မှာ ပဲ ကန့်သတ်ချက်တွေ ကို ဖြေလျှော့ရာမှာ သတိကြီးကြီးထား ဖို့ လိုအပ်တယ် လို့ WHO အကြီးအကဲ ဂတ်ဘရေအီးဆပ်စ် က ပြောခဲ့ ပါတယ်။

ဥ ရောပ မှာ ကိုရိုနာ ဗိုင်းရပ်စ် အဆိုးဆုံးခံစားရတဲ့ အီတလီနဲ့ ဗြိတိန် နှစ်နိုင်ငံစလုံးက လော့ဒေါင်းအစီအမံကို ဆက်လုပ်နေချိန်မှာပဲ တချို့အစီအမံတွေကို ဖြေ လျှော့ပေးနေ တာပါ။ ဂျနီဗာ မှာ ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်အတွင်း ဒေါက်တာ ဂတ်ဘရီအီးဆပ်စ်က ဥရောပနိုင်ငံတချို့မှာ ကူးစက်မှု နှေးကွေးလာတယ်လို့ ပြောခဲ့ပါ တယ်။

ကန့်သတ် မှုတွေ ဖြေလျှော့ ပေးတဲ့ မဟာဗျူ ဟာကို ဖော်ဆောင်ရာမှာ WHO အနေနဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပြီး ဖြေ လျှော့ တာကို အ ဆောတ လျင် မလုပ်သင့်ဘူးလို့ WHO အကြီးအကဲက ပြောခဲ့ပါတယ်။ကူးစက်မှု ကျဆင်းတာကို မှန်မှန်ကန်ကန် မစီမံနိုင်ရင် ကူးစက်မှု မြင့်တက် သလိုပဲ အန္တရာယ်ရှိ တယ်လို့ ဒေါက်တာ ဂတ်ဘရီအီးဆပ်စ်က ပြောခဲ့ပါတယ်။ဧပြီလ ၁၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းသေဆုံးသူ တစ်သိန်း တစ်ထောင်ရှိလာပြီး ကူးစက်သူ တစ်သန်းခြောက် သိန်းကျော် ရှိတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

crd:dvb news

Add a Comment

Your email address will not be published. Required fields are marked *