အေမရိကန္ႏိုင္ငံ ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ ၂၄ နာရီအတြင္း လူ (၂၁၀၀)ေက်ာ္ ေသဆုံး။ အီတလီကိုေက်ာ္တက္ကာ ကမၻာ့ေသဆုံးမႈအမ်ားဆုံးနိုင္ငံျဖစ္လာ

Apr; 12 , 2020

COVID-19 ကိုရိုနာ ဗိုင္းရပ္ေၾကာင့္ ကမၻာ နိုင္ငံမ်ားအၾကားတြင္ အေမရိကန္သည္ လူေသဆုံးမႈ အမ်ားဆုံးနိုင္ငံျဖစ္လာခဲ့သည္ ။ ဂၽြန္ေဟာ့ကင္းတကၠသိုလ္ကျပဳစုသည့္ အခ်က္ အလက္ မ်ား အရ အေမရိကန္နိုင္ငံ တြင္ လူေပါင္း ၂၀၀၀၀ ေက်ာ္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသက္ဆုံးရႈံးခဲ့ၿပီျဖစ္သည္။အေမရိကန္နိုင္ငံက ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ တစ္ ရက္ အတြင္း လူ ၂၁၀၀ ေက်ာ္ ေသဆုံးသည့္ ကမၻာ့ပထမဆုံး တိုင္းျပည္ျဖစ္လာခဲ့ၿပီးေနာက္ ေသဆုံးမႈအျမင့္ဆုံး တိုင္းျပည္အျဖစ္ အီတလီနိုင္ငံ ကို ေက်ာ္တက္သြား ခဲ့ျခင္းျဖစ္ သည္ ။

P-1

န ယူးေယာက္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးမႈတည္ၿငိမ္သြားပုံေပၚေၾကာင္း ျပည္ နယ္အုပ္ခ်ဳပ္ေရးမႉး အန္ဒ႐ူးကူမိုက ေျပာသည္။ ၿပီးခဲ့သည့္တစ္ရက္အတြင္း နယူးေယာက္ျပည္နယ္၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ ရ၈၃ ဉီး ေသဆုံးခဲ့သည္ဟု သူကဆိုသည္။

P-1

န ယူးေယာက္ျပည္နယ္မွာ အေမရိကန္နိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ အဓိကျဖစ္ပြားရျပည္နယ္ျဖစ္ၿပီး ကူးစက္ မႈ ၅၂၀၀၀၀ အနက္ ၁၈၀၀၀၀ ေက်ာ္မွာ အ ဆိုပါျပည္နယ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ ဘာလအတြင္း တ႐ုတ္နိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ ကပ္ေရာဂါေၾကာင့္ ကမၻာတစ္ဝန္း လူေပါင္း တစ္သိန္းေက်ာ္ ေသ ဆုံးခဲ့ၿပီျဖစ္သည္။

P-1

ယ မန္ေန႔ ေန႔လည္ပိုင္းအထိ အီတလီနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ၁၉၄၆၈ ဉီး ေသဆုံးခဲ့ၿပီး အေမရိ ကန္နိုင္ငံတြင္ ၂၀၅၀၆ ဉီး ေသဆုံးခဲ့ေၾကာင္း ဂၽြန္ေဟာ့ကင္း တကၠသိုလ္၏ စာရင္းအရသိရသည္။ အေမရိကန္နိုင္ငံ တြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ၅၂၇၁၁၁ အထိ ျမင့္တက္လာခဲ့သည္။

Source : BBC

Unicode

Apr; 12 , 2020

COVID-19 ကိုရိုနာ ဗိုင်းရပ်ကြောင့် ကမ္ဘာ နိုင်ငံများအကြားတွင် အမေရိကန်သည် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာခဲ့သည် ။ ဂျွန်ဟော့ကင်းတက္ကသိုလ်ကပြုစုသည့် အချက် အလက် များ အရ အမေရိကန်နိုင်ငံ တွင် လူပေါင်း ၂၀၀၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးခဲ့ပြီဖြစ်သည်။အမေရိကန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ် ရက် အတွင်း လူ ၂၁၀၀ ကျော် သေဆုံးသည့် ကမ္ဘာ့ပထမဆုံး တိုင်းပြည်ဖြစ်လာခဲ့ပြီးနောက် သေဆုံးမှုအမြင့်ဆုံး တိုင်းပြည်အဖြစ် အီတလီနိုင်ငံ ကို ကျော်တက်သွား ခဲ့ခြင်းဖြစ် သည် ။

န ယူးယောက်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတည်ငြိမ်သွားပုံပေါ်ကြောင်း ပြည် နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက ပြောသည်။ ပြီးခဲ့သည့်တစ်ရက်အတွင်း နယူးယောက်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ရ၈၃ ဉီး သေဆုံးခဲ့သည်ဟု သူကဆိုသည်။

န ယူးယောက်ပြည်နယ်မှာ အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရပြည်နယ်ဖြစ်ပြီး ကူးစက် မှု ၅၂၀၀၀၀ အနက် ၁၈၀၀၀၀ ကျော်မှာ အ ဆိုပါပြည်နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလအတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်း တစ်သိန်းကျော် သေ ဆုံးခဲ့ပြီဖြစ်သည်။

ယ မန်နေ့ နေ့လည်ပိုင်းအထိ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၉၄၆၈ ဉီး သေဆုံးခဲ့ပြီး အမေရိ ကန်နိုင်ငံတွင် ၂၀၅၀၆ ဉီး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စာရင်းအရသိရသည်။ အမေရိကန်နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၅၂၇၁၁၁ အထိ မြင့်တက်လာခဲ့သည်။

Source : BBC

Add a Comment

Your email address will not be published. Required fields are marked *