ျပည္သူမ်ား ကိုဗစ္ေၾကာင့္ စိုးရိမ္စိတ္ေထြျပားေနခ်ိန္ သတင္းမွားမ်ား လုပ္ၾကံဖန္တီးကာ ျပည္ခိုင္ၿဖိဳးေခါင္းေဆာင္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနဟု ေဒါက္တာနႏၵာလွျမင့္ေျပာ

April 12 , 2020

COVID-19 ေၾကာင့္ ျပည္သူမ်ား စိုးရိမ္ေထြးျပား စိတ္မ်ား ျဖစ္ေပၚေနခ်ိန္ တြင္ ႏိုင္ငံေရး ပါတီ အခ်ိဳ႕မွ ပါတီဝင္မ်ား၊ ေထာက္ခံအားေပးၾက သူမ်ား အခ်င္းခ်င္း လုပ္ႀကံသတင္း ျဖန႔္မႈမ်ား၊ အခ်က္ အလက္ မပါပဲ ကဲ့ရဲ႕႐ူတ္ခ်မႈ မ်ားကို အြန္လိုင္းစာမ်က္ႏွာမ်ားတြင္ ျပန္လည္ေတြ႕ ျမင္ေနရသည္မွာ ျပည္သူမ်ားအတြက္ အကူအညီမရသည့္အျပင္ Covid 19 ကာကြယ္ေရး အတြက္ စုေပါင္းလုပ္ေဆာင္ေနမႈမ်ားကို အ ေႏွာင့္ အယွက္ျဖစ္ေစ ႏိုင္ေၾကာင္း ေထာက္ျပေဝဖန္ေနၾကေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ မွ ေဒါက္တာနႏၵာလွျမင့္ က ေျပာ ဆို လိုက္ သည္ ။

Covid 19 ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံတဝွမ္း ျပည္သူမ်ား စိုးရိမ္ပူပန္ေနရခ်ိန္တြင္ ႏိုင္ငံေရးအရ သတင္းမွား ဖန္တီး လုပ္ႀကံ ျဖန႔္ခ်ိမႈ မ်ား ဆက္တိုက္ေပၚေပါက္ေနၿပီး ယင္းလုပ္ႀကံမႈမ်ား ကို ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ေခါင္းေဆာင္မ်ားကို အထူးပစ္မွတ္ ထား တိုက္ခိုက္ေနေၾကာင္း ယင္းပါတီ၏ ေျပာေရးဆိုခြင့္ ပုဂၢိဳလ္ ေဒါက္တာနႏၵာလွျမင့္ က ေျပာလိုက္သည္ ။ အဆိုပါလုပ္ႀကံ သတင္း ျဖန႔္မႈ မ်ားတြင္ Covid 19 ေရာဂါႏွင့္ပတ္သက္ၿပီး ျပည္သူမ်ား ထင္ေယာင္ထင္မွားျဖစ္ေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းဟု ဆို သည္ ။

လတ္ တေလာ ျဖစ္ေပၚေနသာ ရာဇဝတ္မႈအခ်ိဳ႕ တြင္ ျပည္ခိုင္ၿဖိဳးပါတီမွေခါင္းေဆာင္မ်ား ဝင္ေရာက္ ပတ္သက္ မွတ္ခ်က္ျပဳသည့္ သတင္း မွားပုံစံ ဖန္တီးျခင္းမ်ားပင္ ပါဝင္ေနေၾကာင္း ၎ကပင္ ထပ္ေလာင္း ေျပာသည္ ။ ထိုကဲ့သို႔ လုပ္ႀကံ ဖန္တီးမႈမ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ႏိုင္ ငံေရး အဖြဲ႕အစည္း အခ်ိဳ႕မွ အဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ေနသည္ ကို ျမင္ေတြ႕ေနရၿပီး အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား တြင္ က်ယ္ က်ယ္ျပန႔္ျပန႔္ ျဖန႔္ေဝေနၾကေၾကာင္း ေျပာဆိုသည္ ။

ႏိုင္ငံ အတြက္ အေရးႀကီးေနေသာ အခ်ိန္တြင္ ထိုလုပ္ႀကံမႈမ်ားအတြက္ ျပည္ခိုင္ၿဖိဳး ပါတီ အေနျဖင့္ မည္သို႔မွ် တုန႔္ျပန္လို စိတ္မရွိေသာ္ လည္း အေျခအေန မ်ား ေအးေဆးသြားသည့္အခ်ိန္တြင္ ဥပေဒအရ အေရးယူမႈမ်ားေဆာင္႐ြက္ႏိုင္ရန္ ေစာင့္ၾကည့္ သြားမည္ျဖစ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္ က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

REF: THE FIFTH WAVE NEWS

Unicode

April 12 , 2020

COVID-19 ကြောင့် ပြည်သူများ စိုးရိမ်ထွေးပြား စိတ်များ ဖြစ်ပေါ်နေချိန် တွင် နိုင်ငံရေး ပါတီ အချို့မှ ပါတီဝင်များ၊ ထောက်ခံအားပေးကြ သူများ အချင်းချင်း လုပ်ကြံသတင်း ဖြန့်မှုများ၊ အချက် အလက် မပါပဲ ကဲ့ရဲ့ရူတ်ချမှု များကို အွန်လိုင်းစာမျက်နှာများတွင် ပြန်လည်တွေ့ မြင်နေရသည်မှာ ပြည်သူများအတွက် အကူအညီမရသည့်အပြင် Covid 19 ကာကွယ်ရေး အတွက် စုပေါင်းလုပ်ဆောင်နေမှုများကို အ နှောင့် အယှက်ဖြစ်စေ နိုင်ကြောင်း ထောက်ပြဝေဖန်နေကြကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ ဒေါက်တာနန္ဒာလှမြင့် က ပြော ဆို လိုက် သည် ။

Covid 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူများ စိုးရိမ်ပူပန်နေရချိန်တွင် နိုင်ငံရေးအရ သတင်းမှား ဖန်တီး လုပ်ကြံ ဖြန့်ချိမှု များ ဆက်တိုက်ပေါ်ပေါက်နေပြီး ယင်းလုပ်ကြံမှုများ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များကို အထူးပစ်မှတ် ထား တိုက်ခိုက်နေကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့် က ပြောလိုက်သည် ။ အဆိုပါလုပ်ကြံ သတင်း ဖြန့်မှု များတွင် Covid 19 ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဟု ဆို သည် ။

လတ် တလော ဖြစ်ပေါ်နေသာ ရာဇဝတ်မှုအချို့ တွင် ပြည်ခိုင်ဖြိုးပါတီမှခေါင်းဆောင်များ ဝင်ရောက် ပတ်သက် မှတ်ချက်ပြုသည့် သတင်း မှားပုံစံ ဖန်တီးခြင်းများပင် ပါဝင်နေကြောင်း ၎င်းကပင် ထပ်လောင်း ပြောသည် ။ ထိုကဲ့သို့ လုပ်ကြံ ဖန်တီးမှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် နိုင် ငံရေး အဖွဲ့အစည်း အချို့မှ အဖွဲ့ဝင်များက လုပ်ဆောင်နေသည် ကို မြင်တွေ့နေရပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာများ တွင် ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြကြောင်း ပြောဆိုသည် ။

နိုင်ငံ အတွက် အရေးကြီးနေသော အချိန်တွင် ထိုလုပ်ကြံမှုများအတွက် ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် မည်သို့မျှ တုန့်ပြန်လို စိတ်မရှိသော် လည်း အခြေအနေ များ အေးဆေးသွားသည့်အချိန်တွင် ဥပဒေအရ အရေးယူမှုများဆောင်ရွက်နိုင်ရန် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားလိုက်ကြောင်း သိရသည်။

REF: THE FIFTH WAVE NEWS

Add a Comment

Your email address will not be published. Required fields are marked *