ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းတြင္ ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ (၂) ဦး ေတြ႕ရွိ

ယ ခု သံသယ လူနာ ၂ ဦး ဟာ တစ္အိမ္တည္း အတူေနသူေတြ ျဖစ္ၿပီး ႏွစ္ဦး စလုံးက အသက္ ၆၀ ေက်ာ္အ႐ြ ယ္ေတြျဖစ္ကာ ေသြးတိုး ၊ ဆီးခ်ိဳ ေရာဂါအခံေတြ ရွိတယ္လို႔ သိရ ပါ တယ္။ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ မက်ည္းတန္းေတာင္( အေနာက္) ရပ္ကြက္ရွိ ပန္းပင္ႀကီး လမ္း မွာ COVID-19 ေရာဂါ လကၡာဏာႏွင့္ဆင္တူသည့္ လူနာ၂ဦး ေတြ႕ရွိရတယ္လို႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္စိုးမင္း က အတည္ျပဳေျပာ ပါ တယ္ ။

အဆိုပါ လူနာႏွစ္ဦး က ဖ်ားနာျခင္း ၊ေခ်ာင္းဆိုးျခင္း ၊ႏွာေစးျခင္းစ တဲ့ COVID-19 ေရာဂါလကၡဏာႏွင့္ ဆင္တူတဲ့ ေဝဒနာ ခံစားေနရ လို႔ အေနာက္ပိုင္းေဆး႐ုံႀကီးကို သြားေရာက္ျပသရာ မွာေတာ့ ေဆး႐ုံက COVID-19 ေရာဂါ ေၾကာင့္ ျဖစ္တာလား အျခားေရာဂါေၾကာင့္လားဆိုတာ အနီးကပ္ေစာင့္ၾကည့္ ကုသေပးလ်က္ရွိတယ္လို႔လည္း သိရ ပါတယ္ ။

“ေဆး႐ုံကေတာ့ ၿမိဳ႕နယ္ က်န္းမာေရးဌနကတဆင့္ ကြၽန္ေတာ္ဆီကို ဒီေန႔ ညေနေလာက္မွာ သံသယလူနာ ဟုတ္ မဟုတ္ အေၾကာင္းၾကားေပးမယ္လို႔ သိထားရပါတယ္။ေလာေလာဆယ္ေတာ့ သူတို႔ႏွစ္ဦးကို အေနာက္ပိုင္း ေဆး႐ုံ မွာ ထားရွိကုသေပးေနတယ္လို႔ သိရပါတယ္။”လို႔ ဦးေအာင္စိုးမင္းက ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ (၂) ဦး ေတြ႕ရွိ

တစ္အိမ္တည္း အတူေနသူေတြ ျဖစ္ၿပီး တစ္ဦးက အသက္ ၆၀ေက်ာ္အ႐ြယ္ အမ်ိဳးသားျဖစ္ကာ က်န္တစ္ဦး ကလည္း အသက္ ၆၀ေက်ာ္အ႐ြယ္ အမ်ိဳးသမီး ျဖစ္ပါတယ္။ လူနာ ၂ဦးစလုံးမွာ ေသြးတိုးႏွင့္ဆီခ်ိဳ ေရာဂါအခံ ရွိတယ္လို႔လည္း သိရပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ (၂) ဦး ေတြ႕ရွိ

“တစ္အိမ္တည္းအတူေနတဲ့မိသားစုဝင္ေတြပါ၊ အိမ္မွာ က်န္ခဲ့တဲ့ မိသားစုဝင္၃ဦးမွာ ကေလးတစ္ဦးပါပါတယ္၊က်န္ခဲ့တဲ့ မိသားစုဝင္‌ေတြမွာလည္း ေခ်ာင္းဆိုေနသူ ရွိ တယ္လို႔ သိရပါတယ္။ေဆးျဖန္းမႈေတြလည္း လုပ္ထားပါတယ္။”လို႔ ဦးေအာင္စိုးမင္းက ဆက္လက္ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာ (၂) ဦး ေတြ႕ရွိ

အိမ္မွာ က်န္ရွိခဲ့တဲ့ မိသားစုဝင္ ၃ဦးကိုလည္း လက္ရွိမွာ ေနအိမ္မွာပဲ ေနဖို႔ ၫႊန္ၾကားထားၿပီး သံသယလူနာ ၂ ဦးမွာ ေရာဂါပိုးေတြ႕ရွိပါက မိသားစုဝင္ ၃ဦးကိုလည္း Facility Quarantine ထားရွိသြားမယ္လို႔သိရပါတယ္။

ဗဟန္းၿမိဳ႕နယ္က အသက္ ၄၅ႏွစ္အ႐ြယ္ အမ်ိဳးသမီးကိုလည္း ရန္ကုန္အေနာက္ပိုင္းေဆး႐ုံးႀကီးမွာ ၿပီးခဲ့တဲ့ မတ္လ ၃၁ ရက္ေန႔က ေရာဂါပိုးေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္ထားတာရွိပါတယ္။

Unicode

ယ ခု သံသယ လူနာ ၂ ဦး ဟာ တစ်အိမ်တည်း အတူနေသူတွေ ဖြစ်ပြီး နှစ်ဦး စလုံးက အသက် ၆၀ကျော်အရွ ယ်တွေဖြစ်ကာ သွေးတိုး ၊ ဆီးချို ရောဂါအခံတွေ ရှိတယ်လို့ သိရ ပါ တယ်။ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်( အနောက်) ရပ်ကွက်ရှိ ပန်းပင်ကြီးလမ်းမှာ COVID-19 ရောဂါ လက္ခာဏာနှင့်ဆင်တူသည့် လူနာ၂ဦး တွေ့ရှိရတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်း က အတည်ပြုပြော ပါတယ် ။

အဆိုပါ လူနာနှစ်ဦး က ဖျားနာခြင်း ၊ချောင်းဆိုးခြင်း ၊နှာစေးခြင်းစ တဲ့ COVID-19 ရောဂါလက္ခဏာနှင့် ဆင်တူတဲ့ ဝေဒနာ ခံစားနေရ လို့ အနောက်ပိုင်းဆေးရုံကြီးကို သွားရောက်ပြသရာ မှာတော့ ဆေးရုံက COVID-19 ရောဂါ ကြောင့် ဖြစ်တာလား အခြားရောဂါကြောင့်လားဆိုတာ အနီးကပ်စောင့်ကြည့် ကုသပေးလျက်ရှိတယ်လို့လည်း သိရ ပါတယ် ။

“ဆေးရုံကတော့ မြို့နယ် ကျန်းမာရေးဌနကတဆင့် ကျွန်တော်ဆီကို ဒီနေ့ ညနေလောက်မှာ သံသယလူနာ ဟုတ် မဟုတ် အကြောင်းကြားပေးမယ်လို့ သိထားရပါတယ်။လောလောဆယ်တော့ သူတို့နှစ်ဦးကို အနောက်ပိုင်း ဆေးရုံ မှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။”လို့ ဦးအောင်စိုးမင်းက ပြောပါတယ်။

တစ်အိမ်တည်း အတူနေသူတွေ ဖြစ်ပြီး တစ်ဦးက အသက် ၆၀ကျော်အရွယ် အမျိုးသားဖြစ်ကာ ကျန်တစ်ဦး ကလည်း အသက် ၆၀ကျော်အရွယ် အမျိုးသမီး ဖြစ်ပါတယ်။ လူနာ ၂ဦးစလုံးမှာ သွေးတိုးနှင့်ဆီချို ရောဂါအခံ ရှိတယ်လို့လည်း သိရပါတယ်။

“တစ်အိမ်တည်းအတူနေတဲ့မိသားစုဝင်တွေပါ၊ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်၃ဦးမှာ ကလေးတစ်ဦးပါပါတယ်၊ကျန်ခဲ့တဲ့ မိသားစုဝင်‌တွေမှာလည်း ချောင်းဆိုနေသူ ရှိ တယ်လို့ သိရပါတယ်။ဆေးဖြန်းမှုတွေလည်း လုပ်ထားပါတယ်။”လို့ ဦးအောင်စိုးမင်းက ဆက်လက်ပြောပါတယ်။

အိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင် ၃ဦးကိုလည်း လက်ရှိမှာ နေအိမ်မှာပဲ နေဖို့ ညွှန်ကြားထားပြီး သံသယလူနာ ၂ ဦးမှာ ရောဂါပိုးတွေ့ရှိပါက မိသားစုဝင် ၃ဦးကိုလည်း Facility Quarantine ထားရှိသွားမယ်လို့သိရပါတယ်။

ဗဟန်းမြို့နယ်က အသက် ၄၅နှစ်အရွယ် အမျိုးသမီးကိုလည်း ရန်ကုန်အနောက်ပိုင်းဆေးရုံးကြီးမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *