တိုးတိုးတိတ်တိတ်လုပ်ခဲ့တဲ့ အင်းစိန်က တရားပွဲ နှင့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမှာပါ ဆိုတဲ့ အဆိုတော်မျိုးကြီး

အီတလီ ခံလိုက်ရတာလဲ ဘာသာရေး အခမ်းအနား တစ်ခုမှာ ၊ အခု မြန်မာပြည် တစ်ရက်ထဲ ဆယ်ယောက် ပိုးတွေ့တာ အများဆုံးက ဘာသာရေးပွဲ တစ်ခုက ၊ ဒီလိုတာ ရှေ့ဆက်သွားမယ် ဆိုရင် ကျွန်တော် တို့ ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေဒေါ ဖြစ်သွားနိုင်ပါတယ်…

Crd

ဒီအချိန်မှာ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ပိုင်းခြား ဆုံးဖြတ်သင့်သလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလည်း အဖြူအမည်းမခွဲခြားပဲ စည်းကမ်းပိုင်းဆိုင်ရာတွေကို တင်းကြပ်သင့်ပါတယ်၊ အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်က ဘယ်ဘာသာမှ မခွဲခြားသလို ချမ်းသာဆင်းရဲ အာဏာရှိမရှိ ခွဲခြားမှာမဟုတ်ပါဘူး၊ အသက်ရှိတဲ့ အရာအားလုံးကို တိုက်စားသွားမှာပါ၊ ရှေ့မှာလည်း နမူနာတွေရှိတာ သိသိကြီးနဲ့ ကျွန်တော်တို့ အခုထပ်ခံရပြန်ပါပြီ၊ မြန်မာတွေ ဘယ်တော့များမှ နောင်တရမလဲ…

ဒါ အင်းစိန် ရာဇဝင်လေးပါ.. အဆိုတော် မျိုးကြီး နဲ့ ကွာရန်တင်း…

မြန်မာနိုင်ငံ ရဲ့ နာမည်ကြီးရော့ခ် အဆိုတော် မျိုးကြီးဟာ လူနာအမှတ် ၃၇ ဆိုပြီး ကောလဟာလ အများကြီးထွက်ခဲ့ပါတယ်.. နောက်ပိုင်း မှာ မျိုးကြီးရဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင် က လူနာအမှတ် ၃၇ ဟာ အဆိုတော်မျိုးကြီး မဟုတ်ကြောင်း သူ့ရဲ့ ဖေ့စဘွတ်မှာ တရားဝင် ဖြေရှင်းအသိပေးခဲ့တယ်…

ညနေ့ပိုင်း မှာတော့ မလုံးလုံးလွင်ဟာ တနေ့က ကိုဗစ်ပိုးခဲ့တဲ့ တရားဟောပွဲက လူနာအချို့ နဲ့ နီးစပ်မူရှိတာကြောင့် နိုင်ငံတော်မှ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ အကောင့် မှာ ဖော်ပြပါတယ်..

အဆိုတော် မျိုးကြီး

အဲ့ဒီ ဓမ္မာတေးဝိုင်း, တရားဟော ပွဲမှာအယောက် ၁၀၀ ကျော်လောက် ပွဲနဲ့ ဆက်စပ်နေတယ်လို့လည်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမူးက ပြောသေးတယ်… ပရိသတ် အများစုနဲ့ မိတ်ဆွေ သူငယ်ချင်းကတော့ အားပေးစကားပြောကြတာတွေ့ရမှာပါ.. မျိုးကြီး နဲ့ မိသားစုက Quarantine ၂၁ ရက် ခံယူမယ်လို ဆိုလိုပုံရတယ်.. , အိမ်မှာလား.., အစိုးရထားမယ် နေရာလားဆိုတာတော့ အတိအကျမသိကြသေးပါ…

မျိုးကြီးရဲ့အမျိုးသမီး မလုံးလုံလွင်က သင်းအုပ်ဆရာတော် ဒေးဗစ်လားရဲ့ တပည့်အရင်းပါ။ ဒေးဗစ်လားရဲ့ တရားပွဲတိုင်း မလုံးလုံးလွင်တို့ ဇနီးမောင်နှံအမြဲလိုက်တယ်…

အဆိုတော် မျိုးကြီး

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က Dream Ministry International D.M.I ဓမ္မာသီချင်းဆိုတဲ့နေ့မှာ တီးဝိုင်းသား ၃ ယောက်နဲ့အတူ မျိုးကြီးသီချင်း ဆိုတယ်.. တီးဝိုင်းသားထဲမှာ ဒရမ် တီးတဲ့ ဝေထွန်းဟာ ပွဲ ၂ ရက်အကြာ ဖျားနာပြီး ၁၀.၄.၂၀၂၀ မှာ အင်စိန်ဆေးရုံသွားပြတယ်.. လူနာအမှတ် (၃၄) ဆိုသူ အသက် ၂၀ ဝန်းကျင်…

သင်းအုပ်ဆရာ ဒေးဗစ်လားနဲ့ ဒရမ်တီးသူက ပိုးတွေ့တာက အမှန်.. ၆ ရက်နေ့မှာ ပွဲဆိုတယ်.., ၈ ရက်နေ့မှာ ဖျားတယ်, ၁၀ ရက်နေ့မှာ ဆေးရုံပြပါတယ်.. ၁၁ မှာ အဖြေထွက်တယ်.. တရားဟောပွဲမှာ ပိုးတွေ့သူ ၅ ဦးတော့ရှိပြီ… အခြေအနေတော့ နည်းနည်းရူပ်မယ့်အနေအထားရှိမယ်။ ဒီအကြောင်းရာကို ကြည့်ရင် အိမ်မှာနေဖို့ လူစုလူဝေးမလုပ်ဖို့ ဒေသအမိန့်တွေ ထုတ်ပြီးတဲ့ အချိန်မှာ လုပ်သွားတာပါ…

post

အဆိုတော်တွေမို့ ဓမ္မတေးဝိုင်းမို့လို့ တရားပွဲမို့လို့ လာမပြောပါနဲ့၊ Virus က မင်းဘာကောင်ဖြစ်ဖြစ် အကုန်သေစေနိုင်သလို မင်းပတ်ဝန်းကျင်ကိုလည်း ကူးစက်စေအုံးမှာပါ၊ အခုချိန်မှာ ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ပဲ ကျွန်တော်တို့လူမျိုးတွေဟာ ထိုက်တန်ပါတယ်…

ဂျင်မီ

Add a Comment

Your email address will not be published. Required fields are marked *