( ၆ ) ပတ္ဆက္တိုက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏွဳန္း ျပန္လည္ျမင့္တက္လာ လာတဲ႔ တရုတ္..ဗိုင္းရပ္စ္ ဒုတိယလိႈင္း ရင္ဆိုင္ေနရ

တ ရုတ္ျပည္ မွာ ( ၆ ) ပတ္ဆက္တိုက္ ကူးစက္ႏႈန္း ျပန္လည္ျမင့္လာၿပီး ပင္လယ္ရပ္ျခား မွ ၀င္ေရာက္ လာ သူ မ်ားျပားလာျခင္းႏွင့္ အတူ တရုတ္ႏိုင္ငံ အတြက္ Covid-19 ကူး စက္ေရာ ဂါကပ္ ဒုတိယ လွိဳင္းႏွင့္ ရင္ဆိုင္ေန ရ

တရုတ္ျပည္မၾကီး အတြင္း ကိုရိုနာ ဗိုင္းရပ္စ္ပိုး စြဲကပ္ခံရသူ အေရအတြက္ မွာ သီတင္း ၆-ပတ္နီးပါး ဆက္တိုက္ ေန႔စဥ္တိုးျမင့္လွ်က္ ရွိသည္။ ပင္လယ္ရပ္ျခားမွ ႏိုင္ငံအတြင္း ၀င္ေရာက္လာသူမ်ားျပားလာျခင္းႏွင့္ အတူ ကူးစက္ခံရသူအေရအတြက္ တိုးျမင့္လွ်က္ တရုတ္ႏိုင္ငံ အတြက္ Covid-19 ကူးစက္ေရာဂါကပ္ က်ေရာက္မွဳ ဒုတိယလွိဳင္းႏွင့္ ရင္ဆိုင္ေနရ သည္ ဟု Reuters အား ကိုးကား ၍ Dhaka Tribune က ယေန႔ေရး သား သည္ ။

ဗိုင္းရပ္စ္ ဒုတိယလိႈင္း ရင္ဆိုင္ေနရ

တ နဂၤေႏြေန႔ တစ္ရက္တည္း တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ၁၀၈ ခုျဖစ္ပြားခဲ့သည္။ စေနေန႔ ၉၉-မွဳ ထက္ပိုမ်ားၿပီး မတ္လ ၅ ရက္ေန႔ ၁၄၃ မႈျဖစ္ပြားခဲ့သည့္ေနာက္ပိုင္း အျမင့္ဆုံးျဖစ္သည္ဆို၏။ အသစ္ထပ္မံ ေတြ႔ရွိရေသာ ကူးစက္ခံရသူမ်ားတြင္ ၉၈-ဦးမွာ အျခားႏိုင္ငံမ်ားမွ ၀င္ေရာက္လာသူမ်ားႏွင့္ ပတ္သက္လွ်က္ရွိေၾကာင္း သိရွိရသည္။

ေဖေဖာ္ဝါရီလ တြင္ ေန႔စဥ္ ကူးစက္ပ်ံ႕ႏွံ့မွဳ အေရအတြက္မွာ အျမင့္ဆုံးမွ သိသိသာသာက်ဆင္းသြားေသာ္လည္း မတ္လ ၁၂ ရက္တြင္ ႏိုင္ငံတကာ၌ ဗိုင္းရပ္စ္ပ်ံ႕ႏွံ့လာျခင္းႏွင့္အမွ် တ႐ုတ္နိုင္ငံ၌လည္း ျပန္လည္ျမင့္တက္လာသည္။ ဗိုင္းရပ္စ္စြဲကပ္ခံရသူ ဆက္တုိက္တိုးျမင့္လာျပီး ႏိုင္ငံအား သြက္ခ်ာပါဒအေျခအေနသို႔ ေရာက္ရွိသြားနိုင္သည့္ ကူးစက္ေရာဂါကပ္ ဒုတိယလွိဳင္္းရိုက္ခတ္မည္ကို တရုတ္အစိုးက စိုးရိမ္ပူပန္လွ်က္ရွိသည္။

ဗိုင္းရပ္စ္ ဒုတိယလိႈင္း ရင္ဆိုင္ေနရ

အေရွ႕ေျမာက္ပိုင္း ႐ုရွားႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ ေဟလံုရွန္ျပည္နယ္တြင္ ကူးစက္ခံရမွဳေပါင္း ၅၆-မႈ ရွိခဲ့ၿပီး ၄၉ ဦး မွာ ႐ုရွားမွျဖစ္သည္။ ထိုအတြက္ ႐ုရွားနယ္စပ္အနီးရွိ တ႐ုတ္ၿမိဳ႕ႀကီးမ်ား သို႔ ဆိုက္ေရာက္သူမ်ားအား ေဆးဝါးကုသမႈအစီအမံမ်ား ပိုမိုတင္းက်ပ္၍ နယ္စပ္ထိန္းခ်ဳပ္မႈတိုးျမွင့္မည္ျဖစ္ေၾကာင္း တ ရုတ္အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က တနဂၤေႏြေန႔၌ ေျပာၾကားခဲ့သည္။

တ ရုတ္ျပည္ နယ္စပ္ေဒသ ေဟလံုရွန္ျပည္နယ္ရွိ ေဆြ႔ဖန္ႏွင့္ ဟာဘင္ၿမိဳ႕ႀကီး ၂ ၿမိဳ႕သို႔ ျပည္ပမွ ေရာက္ရွိလာသူအားလံုးတို႔ကို ၂၈-ရက္ၾကာ ေရာဂါေျခခ်ဳပ္ခ်ထား၍ Nucleic Acid န်ဴးကလစ္အက္ဆစ္ႏွင့္ Antibody Test ကိုယ္ခံအား ပဋိပစၥည္းစမ္းသပ္မွဳ ခံယူၾကရမည္ျဖစ္သည္။

ဗိုင္းရပ္စ္ ဒုတိယလိႈင္း ရင္ဆိုင္ေနရ

Asymptomatic ေခၚ ဗိုင္း ရပ္စ္ ပိုးစြဲကပ္လွ်က္ရွိေသာ္လည္း ေရာဂါလကၡဏာ ျပသျခင္း ရွိ-မရွိ အတည္ျပဳသည္အထိ ဟာဘင္ျမိဳ႔ ေနအိမ္အေဆာက္အအုံမ်ားကိုလည္း ၁၄ ရက္ၾကာ တားဆီးပိတ္ ဆို႔ ထားလိမ့္မည္ျဖစ္သည္။

တ႐ုတ္နိုင္ငံ ၀ူဟန္ၿမိဳ႕မွ ပထမ ဆုံး အႀကိမ္ စတင္ျဖစ္ပြားခဲ့သည့္ Covid-19 ကိုရိုနာဗိုင္းရပ္စြဲ ကူးစက္ကပ္ေရာဂါမွာ အျပည္ျပည္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရး ၂-ခုမွတစ္ဆင့္ ကမၻာ တစ္ဝွမ္းနိုင္ငံ မ်ားႏွင့္နယ္ေၿမ ၂၁၀ ခုရွိ လူေပါင္း ၁-သန္း ၈-သိန္းေက်ာ္တို႔အား ကူးစက္ပ်႔ံႏွ႔ံသြားခဲ့ရာ ၄သိန္း ၂-ေသာင္းေက်ာ္တို႔မွာ ကုသေပ်ာက္ကင္းခဲ့ၿပီး ၁-သိန္း ၁-ေသာင္းေက်ာ္ ေသဆံုး ခဲ့သည္။

Htay Oung (Oung Marine)

Unicode

တရုတ်ပြည်မှာ ( ၆ ) ပတ်ဆက်တိုက် ကူးစက်နှုန်း ပြန်လည်မြင့်လာပြီး ပင်လယ်ရပ်ခြား မှ ဝင်ရောက် လာ သူ များပြားလာခြင်းနှင့် အတူ တရုတ်နိုင်ငံ အတွက် Covid-19 ကူးစက်ရော ဂါကပ် ဒုတိယ လှိုင်းနှင့် ရင်ဆိုင်နေ ရ

တရုတ်ပြည်မကြီး အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး စွဲကပ်ခံရသူ အရေအတွက် မှာ သီတင်း ၆-ပတ်နီးပါး ဆက်တိုက် နေ့စဉ်တိုးမြင့်လျှက် ရှိသည်။ ပင်လယ်ရပ်ခြားမှ နိုင်ငံအတွင်း ဝင်ရောက်လာသူများပြားလာခြင်းနှင့် အတူ ကူးစက်ခံရသူအရေအတွက် တိုးမြင့်လျှက် တရုတ်နိုင်ငံ အတွက် Covid-19 ကူးစက်ရောဂါကပ် ကျရောက်မှု ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရ သည် ဟု Reuters အား ကိုးကား ၍ Dhaka Tribune က ယနေ့ရေး သား သည် ။

တ နင်္ဂနွေနေ့ တစ်ရက်တည်း တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၈ ခုဖြစ်ပွားခဲ့သည်။ စနေနေ့ ၉၉-မှု ထက်ပိုများပြီး မတ်လ ၅ ရက်နေ့ ၁၄၃ မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဆို၏။ အသစ်ထပ်မံ တွေ့ရှိရသော ကူးစက်ခံရသူများတွင် ၉၈-ဦးမှာ အခြားနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ပတ်သက်လျှက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ တွင် နေ့စဉ် ကူးစက်ပျံ့နှံ့မှု အရေအတွက်မှာ အမြင့်ဆုံးမှ သိသိသာသာကျဆင်းသွားသော်လည်း မတ်လ ၁၂ ရက်တွင် နိုင်ငံတကာ၌ ဗိုင်းရပ်စ်ပျံ့နှံ့လာခြင်းနှင့်အမျှ တရုတ်နိုင်ငံ၌လည်း ပြန်လည်မြင့်တက်လာသည်။ ဗိုင်းရပ်စ်စွဲကပ်ခံရသူ ဆက်တိုက်တိုးမြင့်လာပြီး နိုင်ငံအား သွက်ချာပါဒအခြေအနေသို့ ရောက်ရှိသွားနိုင်သည့် ကူးစက်ရောဂါကပ် ဒုတိယလှိုင်းရိုက်ခတ်မည်ကို တရုတ်အစိုးက စိုးရိမ်ပူပန်လျှက်ရှိသည်။

အရှေ့မြောက်ပိုင်း ရုရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဟေလုံရှန်ပြည်နယ်တွင် ကူးစက်ခံရမှုပေါင်း ၅၆-မှု ရှိခဲ့ပြီး ၄၉ ဦး မှာ ရုရှားမှဖြစ်သည်။ ထိုအတွက် ရုရှားနယ်စပ်အနီးရှိ တရုတ်မြို့ကြီးများ သို့ ဆိုက်ရောက်သူများအား ဆေးဝါးကုသမှုအစီအမံများ ပိုမိုတင်းကျပ်၍ နယ်စပ်ထိန်းချုပ်မှုတိုးမြှင့်မည်ဖြစ်ကြောင်း တ ရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။

တ ရုတ်ပြည် နယ်စပ်ဒေသ ဟေလုံရှန်ပြည်နယ်ရှိ ဆွေ့ဖန်နှင့် ဟာဘင်မြို့ကြီး ၂ မြို့သို့ ပြည်ပမှ ရောက်ရှိလာသူအားလုံးတို့ကို ၂၈-ရက်ကြာ ရောဂါခြေချုပ်ချထား၍ Nucleic Acid နျူးကလစ်အက်ဆစ်နှင့် Antibody Test ကိုယ်ခံအား ပဋိပစ္စည်းစမ်းသပ်မှု ခံယူကြရမည်ဖြစ်သည်။

Asymptomatic ခေါ် ဗိုင်း ရပ်စ် ပိုးစွဲကပ်လျှက်ရှိသော်လည်း ရောဂါလက္ခဏာ ပြသခြင်း ရှိ-မရှိ အတည်ပြုသည်အထိ ဟာဘင်မြို့ နေအိမ်အဆောက်အအုံများကိုလည်း ၁၄ ရက်ကြာ တားဆီးပိတ် ဆို့ ထားလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပထမ ဆုံး အကြိမ် စတင်ဖြစ်ပွားခဲ့သည့် Covid-19 ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ကပ်ရောဂါမှာ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ၂-ခုမှတစ်ဆင့် ကမ္ဘာ တစ်ဝှမ်းနိုင်ငံ များနှင့်နယ်မြေ ၂၁၀ ခုရှိ လူပေါင်း ၁-သန်း ၈-သိန်းကျော်တို့အား ကူးစက်ပျံ့နှံ့သွားခဲ့ရာ ၄သိန်း ၂-သောင်းကျော်တို့မှာ ကုသပျောက်ကင်းခဲ့ပြီး ၁-သိန်း ၁-သောင်းကျော် သေဆုံး ခဲ့သည်။

Htay Oung (Oung Marine)

Add a Comment

Your email address will not be published. Required fields are marked *