ကိုးကွယ်ယုံကြည်မူ့ အပေါ်.. အပြစ်မတင်ရက်ပါ..သို့သော် .ကောင်းကင်နိုင်ငံ ရောက်မရောက် မသေချာသော်လည်း…ဝေဘာဂီဆေးရုံကတော့ သေချာပေါက်ရောက်ရပါလိမ့်မည်.













Thiha Lwinmoe..

Unicode

ကိုးကွယ် ယုံကြည်မူ့ အပေါ်.. အပြစ်မတင်ရက်ပါ….သို့သော်…မိမိ၏ တဇောက်ကန်းယုံကြည်မူ့သည်….သူတပါး၏ေ သတွင်း ကို ကျရောက်စေနိုင်သည် ဆိုသော အချက် ကို မမေ့သင့်ပေ…

ယခု.. ဘာသာရေး အခမ်းအနား သည်..တဆက်တည်း..လူပေါင်းများစွာ ကို covid ရောဂါပိုး ကူးစက်စေခဲ့ပြီဖြစ် သည်…အင်းစိန်တောင် သူကုန်း..ကြို့ကုန်း..နံသာကုန်း တို့တွင် ကရင် လူမျိုး နှစ်ချင်း ခရစ်ယာန်များစွာနေကြ ပါသည်..

ဘာသာရေးပွဲများကို မကျင်းပရန် အစိုးရက တင်းကြပ်စွာ တားမြစ်နေသည့်အချိန်တွင် လူစုလူဝေးနှင့်ဘုရားရှိခိုးခြင်းကို ယခုလို ဇွတ်တရွတ်လုပ်ခဲ့ခြင်းသည်…မြန်မာပြည်အတွက် အထူး သဖြင့် အင်းစိန် အတွက် ရန်ကုန်အတွက် ကောင်းသော အလားအလာမဟုတ်ပါ…သို့သော် အချိန်မှီကျန်းမာရေးအဖွဲ့ အစည်းမှ အုပ်လိုက်နိုင်သည့်အတွက်…ထိုဝတ်ပြုကိုးကွယ်သူများနှင့် ပါတ်သတ်သည့် ပါတ်ဝန်းကျင်ကို စောင့်ကြည့် စာရင်းထဲ ထည့်သွင်းလိုက်နိုင်ခြင်းဖြစ်သည်….

ကိုဗစ်သည်…ကုသရန်ဆေးမရှိပါ…ကူးစက်အလွန်လွယ်ပြီး…မိမိ၏ မိသားစုများကလေးငယ်များ…အတွက် အလွန်အန္တရာယ်ရှိသော ဗိုင်းရပ်စ်ဖြစ်ပါသည်..

ဘုရားသခင်ကို ယုံကြည် ခြင်းကို အပြစ်မပြောလိုပါ…သို့သော်…ယခုအချိန်တွင် ဘုရားသခင်သည် သင်တို့ လူစု လူဝေးလုပ်နေခြင်းကို သေချာပေါက် နှစ်သက်မည်မဟုတ်ပါ…..

လုပ်ပါက….ကောင်းကင်နိုင်ငံ ရောက်မရောက် မသေချာသော် လည်း…ဝေဘာဂီဆေးရုံကတော့ သေချာပေါက်ရောက်ရပါလိမ့်မည်….

ထိုအခါမှ…ဤမြေကြီးသားတို့ ထုံးစံအရတို့ဘာတို့ နူတ်ဆက်သီချင်း လည်း..ဘယ်သူမှ လာဆိုပေးကြမည်မဟုတ်ပါ….

ဘာသာရေးအဖွဲ့ အစည်းတိုင်းကို လေးစားပါသည်…ဤpostသည် ကျန်းမာရေးအမြင် အရ ဖြစ်ပြီး..မည်သူ၏ကိုးကွယ်ယုံကြည်မူ့ကို စော်ကားလိုစိတ်ဖြင့်ရေးသားခြင်းမဟုတ်ကြောင်း…အသိပေးလိုပါသည်.အသက်ကို ဉာဏ်စောင့်သည်…ဥစ္စာကို ကံစောင့်ပါသည်….

မိတ်ဆွေတို့..ကိုယ့်အိမ်ကိုယ်နေကြပါခင်ဗျာ

Thiha Lwinmoe..

Add a Comment

Your email address will not be published. Required fields are marked *