ကိုဗစ္-၁၉ ကူးစက္ခံရသူ တစ္ေယာက္ ရဲ႕ ကိုယ္ေတြ႕ ႏွင့္ အထင္မေသးသင့္တဲ့ တုိင္းရင္းေဆး

ယုံခ်င္ယုံ မယုံခ်င္ေန က်မ Page မွာ မဟုတ္တာ မမွန္တာ အထူးသျဖင့္ က်မ မိတ္ေဆြေတြ ကို အက်ိဳးမဲ့ျဖစ္ေစမယ့္ Post ဘယ္ေတာ့ မွ မတင္ဘူး အဲဒါက်မရဲ႕ စည္းကမ္းပဲ ။ အခုလည္း ကိုဗစ္ေရာဂါနဲ႔ ပတ္သက္လို႔ က်မ မိသားစု ရဲ႕ကိုယ္ေတြ႕ကိုမွ်ေဝမယ္ ယုံတာ မယုံတာ က်မဂ႐ု မစိုက္ဘူး ဒါေပမယ့္ ဒါတကယ္ျဖစ္ခဲ့ တယ္ ။

က်မ မွာေသြး သား အရင္း ဆိုလို႔ မိသားစုထဲက အငယ္ဆုံး ေမာင္ေလးရယ္ က်မသမီးရယ္စုစုေပါင္းမွ၂ေယာက္ပဲရွိတာ အဲ့ဒီႏွစ္ေယာက္လုံးက အေမရိကားမွာ ။ သိတဲ့အတိုင္း USမွာ ကိုဗစ္ေရာဂါနဲ႔ေသႏႈန္းကလည္း ေၾကာက္ခမန္း လိလိ ။ သမီးရဲ႕ေက်ာင္းရွိတဲ့ ကန္တာကီျပည္နယ္က သိပ္မဆိုးတဲ့အျပင္ ေရာဂါစျဖစ္တာနဲ႔ သူ႔တကၠသိုလ္က ပိတ္လိုက္ၿပီး Online ကစာသင္ေတာ့ သူ႔ အတြက္က မပူရေတာ့ဘူး ။ ပူရတာက ေမာင္ေလး ။ သူတို႔မိသားစုေနတဲ့ နယူးေယာက္ ကအဆိုးဆုံးျဖစ္ေနတာ ။

ကိုဗစ္-၁၉ ကူးစက္ခံရသူ တစ္ေယာက္ ရဲ႕ ကိုယ္ေတြ႕ ႏွင့္ အထင္မေသးသင့္တဲ့ တုိင္းရင္းေဆး

ထင္တဲ့အတိုင္းပါပဲ က်မေမာင္ကို ကိုဗစ္ကူးပါေလေရာ ။ သူကစျဖစ္ကတည္းကဖုန္းပိတ္ထားတာတစ္ပတ္တိတိ ရင္ေတြပူတာဆိုတာ ဘာေျပာေကာင္းမလဲ ။ ငါ့ေမာင္ေလးနဲ႔ငါ ဒီတစ္သက္ျပန္ေတြ႕ရပါေတာ့မလား ဆိုတဲ့အထိကိုေတြးၿပီး ေသာကျဖစ္ရတာ ။ မေန႔ကမွ အဆက္အသြယ္ျပန္ရၿပီး သူျပန္သက္သာတာသိရလို႔ စိတ္ခ်မ္းသာတာ ။ ဒါနဲ႔ သူ႔အေတြ႕အႀကဳံကို ဒီ Post နဲ႔မွ်ေဝတယ္ ။ နယူးေယာက္မွာ ကူးစက္ႏႈန္းေတြျမင့္မွန္းသိလို႔ အိမ္မွာပဲေနတာ ဘယ္မွမထြက္ဘူး တဲ့ ။ ဧၿပီ၁ရက္ေန႔က ၁ရက္ထဲေဈးထြက္ဝယ္တာ ေဈးမွာလူကနဲနဲမ်ားတာသတိထားမိတယ္ ႏွာေခါင္းစည္း လက္အိပ္အကုန္စြပ္သြားတာတဲ့ ။ ညလည္းေရာက္ေရာ ေခ်ာင္းစဆိုး ေနာက္လည္ေခ်ာင္းနာ အဖ်ားေငြ႕ေငြ႕ကေန ဝမ္းေတြသြားပါေလေရာတဲ့ ။

ပါးစပ္ႀကီး က ထုံေနၿပီး ဘာစားစားအရသာမရ ၊ ႏွာေခါင္းကလည္းဘာနံ႔မွမရေတာ့တာတဲ့ ။ ၃ရက္ေလာက္အတြင္းမွာကိုအဲ့လို‌ေတြျဖစ္တာတဲ့ ။ အဲဒါနဲ႔သူ႔ကို ကိုဗစ္19 ကူးၿပီဆိုတာ သိလိုက္ လို႔ ဆရာဝန္ဆီေျပာေတာ့ ဒီေရာဂါျဖစ္တာ ေသခ်ာတယ္အိမ္မွာပဲေနပါ ေဆးေသာက္ပါ ဆိုၿပီးေဆးေတြ On တယ္တဲ့ ။ ဒီမွာလို ေပါ့စတစ္ ၊ နက္ကတစ္ ဘာမွေ ခၚစစ္မေနဘူး ကြာရတင္းထားစရာေနရာလည္းမရွိဘူးတဲ့ ။ အသက္ရႈရခက္လာရင္ေတာ့ ေဆး႐ုံကိုဖုန္းဆက္ပါ လူနာတင္ကားလႊတ္ေပးမယ္လို႔ ေျပာသတဲ့ ။

ကိုဗစ္-၁၉ ကူးစက္ခံရသူ တစ္ေယာက္ ရဲ႕ ကိုယ္ေတြ႕ ႏွင့္ အထင္မေသးသင့္တဲ့ တုိင္းရင္းေဆး

ဘာေဆးေတြနင့္ ကို On လဲဆိုေတာ့ ပိုးသတ္ေဆး အဖ်ားက်ေဆးနဲ႔ ဝမ္းပိတ္ေဆးေတြျဖစ္မွာ‌ေပါ့တဲ့ ။ ကိုဗစ္အတြက္ ကုစရာေဆးမွမေပၚေသးတာတဲ့ ။ သူေနတဲ့လမ္းထဲ ကိုလည္း ေဆး႐ုံကားေတြက ဝင္လိုက္ ထြက္လိုက္ နဲ႔ NY ဟာေသြးပ်က္စရာႀကီးတဲ့ ။ သူလည္းဝမ္းေတြသြားေတာ့ လူလည္းအားယုတ္လာတာကိုေၾကာက္တာနဲ႔ ျမန္ျမန္အဖ်ားက်ေအာင္ ဂ်င္းျပဳတ္ေရပူပူ‌ေသာက္ ေနာက္ေတာ့ သံပုရာသီးညႇစ္ထည့္ အခြံေတြပါထည့္ျပဳတ္ပူပူေလးေသာက္ ။ ၂နာရီတစ္ခါေလာက္ ဆားရည္ေႏြးေႏြးနဲ႔အာလုတ္က်င္းေပး ။ ေရေအးလုံးဝမေသာက္ပဲ လဘက္ေျခာက္ခတ္ထားတဲ့ေရေႏြးၾကမ္းပဲေသာက္တယ္တဲ့ ။

ဗိုက္ဆာတိုင္းၾကက္ စြပ္ျပဳတ္ရည္ ပဲေန႔တိုင္းေသာက္တာ၂ရက္ေလာက္ေနေတာ့ ဝမ္းရပ္သြားတယ္ ၃ရက္ေလာက္ေနေတာ့ အဖ်ားက်စျပဳလာတယ္ ပါးစပ္က အရသာျပန္သိတာ တယ္ တဲ့ ႏွာေခါင္းကေတာ့ အနံ႔ေတြမရေသးဘူး အခုအဖ်ားမရွိေတာ့လို႔ အမကိုဖုန္းေခၚတာ လူကေတာ့ တအားႏုန္းေနလို႔မထခ်င္ဘူး ေဆးဆက္ေသာက္ရင္း အားျပည့္ေအာင္ျပန္စားေနရတယ္ ။ ေတာ္ပါေသးရဲ႕ကိုဗစ္ကပ္က ကြၽန္ေတာ္ ေက်ာ္ႏိုင္လို႔ အမရယ္ တဲ့ က်မလည္း အခုမွအသက္ရႉႏိုင္တယ္ က်မေမာင္ဟာ အင္မတန္ က်မ္းမာေရးေကာင္းတဲ့သူေနာ္ ေတာ္႐ုံေနမေကာင္းမျဖစ္ဘူး သူေတာင္ေျမာ့သြားသတဲ့ အေတာ္ကံေကာင္းတာ ။

ကိုဗစ္-၁၉ ကူးစက္ခံရသူ တစ္ေယာက္ ရဲ႕ ကိုယ္ေတြ႕ ႏွင့္ အထင္မေသးသင့္တဲ့ တုိင္းရင္းေဆး

ေျပာခ်င္တာ က တမာ႐ြက္ျပဳတ္ တို႔ ဂ်င္းျပဳတ္တို႔ ေသာက္တယ္ဆားရည္ေႏြးနဲ႔ အာလုပ္က်င္းတယ္ ဆိုတာေတြကို အထင္မေသးသင့္ မႏွိမ္သင့္ပါဘူး ။ ဆရာဝန္ေတြကိုအားမကိုးလို႔ေျပာတာ မဟုတ္ဘူးေနာ္ က်မတို႔တိုင္းျပည္ကို အေနာက္တိုင္းေဆးပညာ ေရာက္မလာခင္ က်မတို႔ျမန္မာ့တိုင္းရင္းေဆးဆရာႀကီးေတြကို အားကိုးၾကရတာပါ ။ ျပည္တြင္းက သစ္ဥ သစ္ဖုေတြနဲ႔ေဖာ္တဲ့ေဆးေတြကိုလည္း အားမကိုးခ်င္ရင္ေနပါ အထင္မေသးပါနဲ႔။ ဇာဏ္ခီ႐ိုက္တဲ့ မုျဒာေခၚသံကားထဲမွာ ေႁမြကိုက္လူနာကို ေဆး႐ုံပို႔ဖို႔ အခြင့္မသာတဲ့ အခါ အသက္ရွင္ဖို႔အတြက္ရွမ္းတိုင္းရင္းေဆးဆရာႀကီးလက္ထဲပုံအပ္လိုက္ရတာၾကည့္ဖူးပါတယ္ ။ ဒါဟာ တကယ္ေပ်ာက္သူရွိလို႔ သူ႐ိုက္ျပရဲ တာေပါ့ ။ အဲဒီ႐ုပ္ရွင္ကို ႏိုင္ငံတကာကဆုေတြခ်တယ္ေလ ႏိုင္ငံတိုင္းမွာတိုင္းရင္းေဆးပညာရွိပါတယ္ ။

အခုက်မေမာင္ေလးလည္း ဒီသေဘာ ပါပဲ ။ ကိုဗစ္ကိုကုသဖို႔ တိက်တဲ့ေဆးမရွိဘူး ဆရာဝန္ေတြၫႊန္တဲ့ေဆးကိုေသာက္ရင္း ေပ်ာက္တဲ့သူရွိသလို ေသတဲ့သူေတြလည္းျမင္ေနရေတာ့ သူေသမွာေၾကာက္တယ္ အဲ့ေတာ့ ဆရာဝန္ေပးတဲ့ေဆးလည္းေသာက္ ၊ ကိုယ့္ျမန္မာ့နည္း ျမန္မာ့ဟန္ နဲ႔ ျမန္ျမန္အဖ်ားက်ေအာင္ လည္ေခ်ာင္းထဲက ခြၽဲေတြက်ေအာင္ လည္ေခ်ာင္းထဲက ပိုးေသေအာင္ အပူဓါတ္ပါတာေတြ က်ိဳေသာက္တာ ခႏၵာကိုယ္ကိုေခြၽးထြက္ေအာင္ လုပ္ရတာ ။

လူတိုင္းေသမွာေၾကာက္ပါတယ္ ကုရာနတၳိေဆးမရွိေသး တဲ့ ကိုဗစ္19 ကို တိုက္ဖို႔ လက္ႏွက္ႀကီးမေပၚေသးခင္ ပစၥတိုနဲ႔ပစ္ပစ္ မွ်ားနဲ႔ပစ္ပစ္ ဓါးနဲ႔ပဲခုခံခုခံ အေရးႀကီးတာက ကိုယ့္နားကခြာသြားဖို႔ ကိုယ့္ကိုသူ မသတ္ႏိုင္ဖို႔ ကာကြယ္ၾကရမွာ ပါပဲ ။ ဂ်င္းေတြ ဆိုၿပီး ယုံခ်င္ယုံ မယုံခ်င္ေန ဂ်င္းျပဳတ္ရည္ နဲ႔ ေခြၽးစုံ အဖ်ားက်ၿပီး ကိုဗစ္ေတာင္ကို ေက်ာ္ႏိုင္ခဲ့တာေတာ့ အမွန္ပါပဲ ။

ေဂ်လွသင္
13.4.2020 8 : 30 pm

Unicode

ယုံချင်ယုံ မယုံချင်နေ ကျမ Page မှာ မဟုတ်တာ မမှန်တာ အထူးသဖြင့် ကျမ မိတ်ဆွေတွေ ကို အကျိုးမဲ့ဖြစ်စေမယ့် Post ဘယ်တော့ မှ မတင်ဘူး အဲဒါကျမရဲ့ စည်းကမ်းပဲ ။ အခုလည်း ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ကျမ မိသားစု ရဲ့ကိုယ်တွေ့ကိုမျှဝေမယ် ယုံတာ မယုံတာ ကျမဂရု မစိုက်ဘူး ဒါပေမယ့် ဒါ တကယ်ဖြစ်ခဲ့ တယ် ။

ကျမ မှာသွေး သား အရင်း ဆိုလို့ မိသားစုထဲက အငယ်ဆုံး မောင်လေးရယ် ကျမသမီးရယ်စုစုပေါင်းမှ၂ယောက်ပဲရှိတာ အဲ့ဒီနှစ်ယောက်လုံးက အမေရိကားမှာ ။ သိတဲ့အတိုင်း USမှာ ကိုဗစ်ရောဂါနဲ့သေနှုန်းကလည်း ကြောက်ခမန်း လိလိ ။ သမီးရဲ့ကျောင်းရှိတဲ့ ကန်တာကီပြည်နယ်က သိပ်မဆိုးတဲ့အပြင် ရောဂါစဖြစ်တာနဲ့ သူ့တက္ကသိုလ်က ပိတ်လိုက်ပြီး Online ကစာသင်တော့ သူ့ အတွက်က မပူရတော့ဘူး ။ ပူရတာက မောင်လေး ။ သူတို့မိသားစုနေတဲ့ နယူးယောက် ကအဆိုးဆုံးဖြစ်နေတာ ။

ထင်တဲ့အတိုင်းပါပဲ ကျမမောင်ကို ကိုဗစ်ကူးပါလေရော ။ သူကစဖြစ်ကတည်းကဖုန်းပိတ်ထားတာတစ်ပတ်တိတိ ရင်တွေပူတာဆိုတာ ဘာပြောကောင်းမလဲ ။ ငါ့မောင်လေးနဲ့ငါ ဒီတစ်သက်ပြန်တွေ့ရပါတော့မလား ဆိုတဲ့အထိကိုတွေးပြီး သောကဖြစ်ရတာ ။ မနေ့ကမှ အဆက်အသွယ်ပြန်ရပြီး သူပြန်သက်သာတာသိရလို့ စိတ်ချမ်းသာတာ ။ ဒါနဲ့ သူ့အတွေ့အကြုံကို ဒီ Post နဲ့မျှဝေတယ် ။ နယူးယောက်မှာ ကူးစက်နှုန်းတွေမြင့်မှန်းသိလို့ အိမ်မှာပဲနေတာ ဘယ်မှမထွက်ဘူး တဲ့ ။ ဧပြီ၁ရက်နေ့က ၁ရက်ထဲဈေးထွက်ဝယ်တာ ဈေးမှာလူကနဲနဲများတာသတိထားမိတယ် နှာခေါင်းစည်း လက်အိပ်အကုန်စွပ်သွားတာတဲ့ ။ ညလည်းရောက်ရော ချောင်းစဆိုး နောက်လည်ချောင်းနာ အဖျားငွေ့ငွေ့ကနေ ဝမ်းတွေသွားပါလေရောတဲ့ ။

ပါးစပ်ကြီး က ထုံနေပြီး ဘာစားစားအရသာမရ ၊ နှာခေါင်းကလည်းဘာနံ့မှမရတော့တာတဲ့ ။ ၃ရက်လောက်အတွင်းမှာကိုအဲ့လို‌တွေဖြစ်တာတဲ့ ။ အဲဒါနဲ့သူ့ကို ကိုဗစ်19 ကူးပြီဆိုတာ သိလိုက် လို့ ဆရာဝန်ဆီပြောတော့ ဒီရောဂါဖြစ်တာ သေချာတယ်အိမ်မှာပဲနေပါ ဆေးသောက်ပါ ဆိုပြီးဆေးတွေ On တယ်တဲ့ ။ ဒီမှာလို ပေါ့စတစ် ၊ နက်ကတစ် ဘာမှေ ခါ်စစ်မနေဘူး ကွာရတင်းထားစရာနေရာလည်းမရှိဘူးတဲ့ ။ အသက်ရှုရခက်လာရင်တော့ ဆေးရုံကိုဖုန်းဆက်ပါ လူနာတင်ကားလွှတ်ပေးမယ်လို့ ပြောသတဲ့ ။

ဘာဆေးတွေနင့် ကို On လဲဆိုတော့ ပိုးသတ်ဆေး အဖျားကျဆေးနဲ့ ဝမ်းပိတ်ဆေးတွေဖြစ်မှာ‌ပေါ့တဲ့ ။ ကိုဗစ်အတွက် ကုစရာဆေးမှမပေါ်သေးတာတဲ့ ။ သူနေတဲ့လမ်းထဲ ကိုလည်း ဆေးရုံကားတွေက ဝင်လိုက် ထွက်လိုက် နဲ့ NY ဟာသွေးပျက်စရာကြီးတဲ့ ။ သူလည်းဝမ်းတွေသွားတော့ လူလည်းအားယုတ်လာတာကိုကြောက်တာနဲ့ မြန်မြန်အဖျားကျအောင် ဂျင်းပြုတ်ရေပူပူ‌သောက် နောက်တော့ သံပုရာသီးညှစ်ထည့် အခွံတွေပါထည့်ပြုတ်ပူပူလေးသောက် ။ ၂နာရီတစ်ခါလောက် ဆားရည်နွေးနွေးနဲ့အာလုတ်ကျင်းပေး ။ ရေအေးလုံးဝမသောက်ပဲ လဘက်ခြောက်ခတ်ထားတဲ့ရေနွေးကြမ်းပဲသောက်တယ်တဲ့ ။

ဗိုက်ဆာတိုင်းကြက် စွပ်ပြုတ်ရည် ပဲနေ့တိုင်းသောက်တာ၂ရက်လောက်နေတော့ ဝမ်းရပ်သွားတယ် ၃ရက်လောက်နေတော့ အဖျားကျစပြုလာတယ် ပါးစပ်က အရသာပြန်သိတာ တယ် တဲ့ နှာခေါင်းကတော့ အနံ့တွေမရသေးဘူး အခုအဖျားမရှိတော့လို့ အမကိုဖုန်းခေါ်တာ လူကတော့ တအားနုန်းနေလို့မထချင်ဘူး ဆေးဆက်သောက်ရင်း အားပြည့်အောင်ပြန်စားနေရတယ် ။ တော်ပါသေးရဲ့ကိုဗစ်ကပ်က ကျွန်တော် ကျော်နိုင်လို့ အမရယ် တဲ့ ကျမလည်း အခုမှအသက်ရှူနိုင်တယ် ကျမမောင်ဟာ အင်မတန် ကျမ်းမာရေးကောင်းတဲ့သူနော် တော်ရုံနေမကောင်းမဖြစ်ဘူး သူတောင်မြော့သွားသတဲ့ အတော်ကံကောင်းတာ။

ပြောချင်တာ က တမာရွက်ပြုတ် တို့ ဂျင်းပြုတ်တို့ သောက်တယ်ဆားရည်နွေးနဲ့ အာလုပ်ကျင်းတယ် ဆိုတာတွေကို အထင်မသေးသင့် မနှိမ်သင့်ပါဘူး ။ ဆရာဝန်တွေကိုအားမကိုးလို့ပြောတာ မဟုတ်ဘူးနော် ကျမတို့တိုင်းပြည်ကို အနောက်တိုင်းဆေးပညာ ရောက်မလာခင် ကျမတို့မြန်မာ့တိုင်းရင်းဆေးဆရာကြီးတွေကို အားကိုးကြရတာပါ ။ ပြည်တွင်းက သစ်ဥ သစ်ဖုတွေနဲ့ဖော်တဲ့ဆေးတွေကိုလည်း အားမကိုးချင်ရင်နေပါ အထင်မသေးပါနဲ့။ ဇာဏ်ခီရိုက်တဲ့ မုဒြာခေါ်သံကားထဲမှာ မြွေကိုက်လူနာကို ဆေးရုံပို့ဖို့ အခွင့်မသာတဲ့ အခါ အသက်ရှင်ဖို့အတွက်ရှမ်းတိုင်းရင်းဆေးဆရာကြီးလက်ထဲပုံအပ်လိုက်ရတာကြည့်ဖူးပါတယ် ။ ဒါဟာ တကယ်ပျောက်သူရှိလို့ သူရိုက်ပြရဲ တာပေါ့ ။ အဲဒီရုပ်ရှင်ကို နိုင်ငံတကာကဆုတွေချတယ်လေ နိုင်ငံတိုင်းမှာတိုင်းရင်းဆေးပညာရှိပါတယ် ။

အခုကျမမောင်လေးလည်း ဒီသဘော ပါပဲ ။ ကိုဗစ်ကိုကုသဖို့ တိကျတဲ့ဆေးမရှိဘူး ဆရာဝန်တွေညွှန်တဲ့ဆေးကိုသောက်ရင်း ပျောက်တဲ့သူရှိသလို သေတဲ့သူတွေလည်းမြင်နေရတော့ သူသေမှာကြောက်တယ် အဲ့တော့ ဆရာဝန်ပေးတဲ့ဆေးလည်းသောက် ၊ ကိုယ့်မြန်မာ့နည်း မြန်မာ့ဟန် နဲ့ မြန်မြန်အဖျားကျအောင် လည်ချောင်းထဲက ချွဲတွေကျအောင် လည်ချောင်းထဲက ပိုးသေအောင် အပူဓါတ်ပါတာတွေ ကျိုသောက်တာ ခန္ဒာကိုယ်ကိုချွေးထွက်အောင် လုပ်ရတာ ။

လူတိုင်းသေမှာကြောက်ပါတယ် ကုရာနတ္ထိဆေးမရှိသေး တဲ့ ကိုဗစ်19 ကို တိုက်ဖို့ လက်နှက်ကြီးမပေါ်သေးခင် ပစ္စတိုနဲ့ပစ်ပစ် မျှားနဲ့ပစ်ပစ် ဓါးနဲ့ပဲခုခံခုခံ အရေးကြီးတာက ကိုယ့်နားကခွာသွားဖို့ ကိုယ့်ကိုသူ မသတ်နိုင်ဖို့ ကာကွယ်ကြရမှာ ပါပဲ ။ ဂျင်းတွေ ဆိုပြီး ယုံချင်ယုံ မယုံချင်နေ ဂျင်းပြုတ်ရည် နဲ့ ချွေးစုံ အဖျားကျပြီး ကိုဗစ်တောင်ကို ကျော်နိုင်ခဲ့တာတော့ အမှန်ပါပဲ ။

ဂျေလှသင်
13.4.2020 8 : 30 pm

Add a Comment

Your email address will not be published. Required fields are marked *