ကိုရိုနာဗိုင္းရပ္ျဖင့္ ေသဆံုးခဲ႔ေသာ အေလာင္းထံမွ ဗိုင္းရပ္စ္ကူးစက္ကာ ေသဆံုးမႈ ပထမဆံုးအၾကိမ္ ျဖစ္ပြား

Covid-19 သည္ ရုပ္အေလာင္း မွ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ သျဖင့္ အသက္ ဆံုးရွံဳးသူ ပထမဆံုးအၾကိမ္ေတြ႔ ရွိေၾကာင္း ထိုင္းသိပၸံ ပညာရွင္မ်ား ေျပာဆို။ ေသဆံုးသူ၏ ကိုယ္တြင္း အရည္မ်ားႏွင့္ တစ္ရႉးမ်ား တြင္ ေရာဂါပိုးရွိႏိုင္ သျဖင့္ ကူးစက္မွဳ အႏၱရာယ္ ကို သတိျပဳသင့္။

ထိုင္းႏိုင္ငံ တြင္ Covid-19 ေရာဂါျဖစ္ပြားျပီး ေသဆံုးသူရုပ္ အေလာင္း မွ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သျဖင့္ လူတစ္ဦး အသက္ဆံုးရွံဳးရသည္ကို ပထမဆံုး ၾကိမ္ေတြ႔ရွိရေၾကာင္း၊ ထိုင္းသိပၸံပညာရွင္ မ်ားအေနျဖင့္ Covid-19 ေရာဂါပိုးမွာ လူေသဆံုးျပီးေနာက္ အခ်ိန္ မည္မွ်ၾကာေအာင္ ရွင္သန္ႏိုင္သည္ ကို အေသးစိတ္မသိရွိရေသးေၾကာင္း ေျပာဆိုသည္ဟု Dhaka Tribune က ယေန႔ေရးသားထားပါတယ္။

ကိုရိုနာဗိုင္းရပ္ျဖင့္ ေသဆံုးခဲ႔ေသာ အေလာင္းထံမွ ဗိုင္းရပ္စ္ကူးစက္ကာ ေသဆံုးမႈ ပထမဆံုးအၾကိမ္ ျဖစ္ပြား

Covid-19 ေရာဂါျဖင့္ ေသဆုံးသူတစ္ဦး ၏ ရုပ္အေလာင္း မွ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္သည္ကို ပထမဆံုးအၾကိမ္ေတြ ႔ရွိရသည္ ဟု စေနေန႔ “မွဳခင္းေဆးပညာႏွင့္ေဆးဘက္ဆိုင္ရာ ” ဂ်ာနယ္တြင္ ထိုင္းနိုင္ငံမွ သိပၸံပညာရွင္မ်ား က ေရးသားေၾကာင္း Business Standard မီဒီယာက ေဖာ္ျပခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္မွာ ေသဆံုးျပီးေနာက္ ခႏၶာကိုယ္ထဲ တြင္ အခ်ိန္မည္မွ်ၾကာၾကာရွင္သန္ေနႏိုင္သည္ဆိုျခင္း ကို မည္သည့္ ႏိုင္ငံသိပၸံပညာရွင္မွ် မသိရွိၾကေသးေခ်။ သို႔ေသာ္ ေသဆံုးျပီး ကိုရိုနာဗိုင္းရပ္စ္လူနာအား စစ္ေဆးသည္ဆိုျခင္းမွာ ထိုင္းနိုင္ငံ တြင္ လုပ္ရိုးလုပ္စဥ္ မဟုတ္ေပ။ ဤအခ်က္မ်ားက အျပီးသတ္ ေကာက္ခ်က္ခ်ရန္ ခက္ခဲပါတယ္။

ထိုင္းနိုင္ငံတြင္ Covid-19 ေရာဂါျဖင့္ ေသဆံုးျပီးသူ တို႔၏ ရုပ္အေလာင္းမ်ားအား စစ္ေဆးရန္ မွာ ပုံမွန္ အစဥ္အလာမရွိခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္ ေသဆံုးရုပ္အေလာင္းတို ႔၌ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ဆက္ႏြယ္သည္ဟု အေရအတြက္အတိအက်ႏွင့္ အခ်က္အလက္မ်ား မရွိခဲ့ေၾကာင္း၊ ေရွ႔တန္းက်န္းမာေရးေစာင့္ေရွာက္သူ လုပ္သားမ်ားကဲ့သို႔ လူေသမ်ားအား ကိုင္တြယ္ အလုပ္လုပ္ရသူတို႔အေနျဖင့္ ပိုးသတ္ေဆး လုပ္ထုံးလုပ္နည္းမ်ားကို အသုံးျပဳသင့္ေၾကာင္း ထိုင္းပညာရွင္မ်ားက အႀကံျပဳေရးသားထားသည္ဟု သိရွိရ ပါတယ္။

ကိုရိုနာဗိုင္းရပ္ျဖင့္ ေသဆံုးခဲ႔ေသာ အေလာင္းထံမွ ဗိုင္းရပ္စ္ကူးစက္ကာ ေသဆံုးမႈ ပထမဆံုးအၾကိမ္ ျဖစ္ပြား

ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) မွ ထုတ္ျပန္ထား သည့္ လမ္းညႊန္ခ်က္တြင္ လူေသအေလာင္းမ်ားမွ ဗိုင္းရပ္စ္ ပိုးကူးစက္ျခင္းသည္ရွားပါးၿပီး၊ ေသဆံုးၿပီးသူ၏ ခႏၶာကိုယ္၌ ဗိုင္းရပ္စ္ပိုးမွာ အခ်ိန္ၾကာၾကာ မရွင္သန္နိုင္ေၾကာင္း ေဖာ္ျပထား ပါတယ္။

လြန္ခဲ့သည့္ မတ္လ ၃၁-ရက္ေန႔ ျဗိတိန္ႏိုင္ငံ က်န္းမာေရးေစာင္ေရွာက္မွဳ အၾကံေပးအဖြဲ႔က ေျပာၾကားရာတြင္မူ ကိုရိုနာဗိုင္းရပ္စ္ကူးစက္လွ်က္ရွိေသာ ေသဆံုးသူ၏ ကိုယ္တြင္းအရည္မ်ားႏွင့္ တစ္ရႉးမ်ား၌ ေရာဂါပိုးရွိႏိုင္သျဖင့္ ရုပ္အေလာင္းအား ထိေတြ႔ ကိုင္တြယ္ရသူတို႔ အေနျဖင့္ ကူးစက္မွဳအႏၱရာယ္ကို သတိျပဳသင့္ေၾကာင္း ေျပာၾကားခဲ့ ပါတယ္ ။

Oung Marine

Unicode

Covid-19 သည် ရုပ်အလောင်း မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက် သဖြင့် အသက် ဆုံးရှုံးသူ ပထမဆုံးအကြိမ်တွေ့ ရှိကြောင်း ထိုင်းသိပ္ပံ ပညာရှင်များ ပြောဆို။ သေဆုံးသူ၏ ကိုယ်တွင်း အရည်များနှင့် တစ်ရှူးများ တွင် ရောဂါပိုးရှိနိုင် သဖြင့် ကူးစက်မှု အန္တရာယ် ကို သတိပြုသင့်။

ထိုင်းနိုင်ငံ တွင် Covid-19 ရောဂါဖြစ်ပွားပြီး သေဆုံးသူရုပ် အလောင်း မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သဖြင့် လူတစ်ဦး အသက်ဆုံးရှုံးရသည်ကို ပထမဆုံး ကြိမ်တွေ့ရှိရကြောင်း၊ ထိုင်းသိပ္ပံပညာရှင် များအနေဖြင့် Covid-19 ရောဂါပိုးမှာ လူသေဆုံးပြီးနောက် အချိန် မည်မျှကြာအောင် ရှင်သန်နိုင်သည် ကို အသေးစိတ်မသိရှိရသေးကြောင်း ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားထားပါတယ်။

Covid-19 ရောဂါဖြင့် သေဆုံးသူတစ်ဦး ၏ ရုပ်အလောင်း မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ကို ပထမဆုံးအကြိမ်တွေ့ရှိရသည် ဟု စနေနေ့ “မှုခင်းဆေးပညာနှင့်ဆေးဘက်ဆိုင်ရာ ” ဂျာနယ်တွင် ထိုင်းနိုင်ငံမှ သိပ္ပံပညာရှင်များ က ရေးသားကြောင်း Business Standard မီဒီယာက ဖော်ပြခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မှာ သေဆုံးပြီးနောက် ခန္ဓာကိုယ်ထဲ တွင် အချိန်မည်မျှကြာကြာရှင်သန်နေနိုင်သည်ဆိုခြင်း ကို မည်သည့် နိုင်ငံသိပ္ပံပညာရှင်မျှ မသိရှိကြသေးချေ။ သို့သော် သေဆုံးပြီး ကိုရိုနာဗိုင်းရပ်စ်လူနာအား စစ်ဆေးသည်ဆိုခြင်းမှာ ထိုင်းနိုင်ငံ တွင် လုပ်ရိုးလုပ်စဉ် မဟုတ်ပေ။ ဤအချက်များက အပြီးသတ် ကောက်ချက်ချရန် ခက်ခဲပါတယ်။

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါဖြင့် သေဆုံးပြီးသူ တို့၏ ရုပ်အလောင်းများအား စစ်ဆေးရန် မှာ ပုံမှန် အစဉ်အလာမရှိခဲ့ကြောင်း၊ ယခုအချိန်တွင် သေဆုံးရုပ်အလောင်းတို့၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဆက်နွယ်သည်ဟု အရေအတွက်အတိအကျနှင့် အချက်အလက်များ မရှိခဲ့ကြောင်း၊ ရှေ့တန်းကျန်းမာရေးစောင့်ရှောက်သူ လုပ်သားများကဲ့သို့ လူသေများအား ကိုင်တွယ် အလုပ်လုပ်ရသူတို့အနေဖြင့် ပိုးသတ်ဆေး လုပ်ထုံးလုပ်နည်းများကို အသုံးပြုသင့်ကြောင်း ထိုင်းပညာရှင်များက အကြံပြုရေးသားထားသည်ဟု သိရှိရ ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်တွင် လူသေအလောင်းများမှ ဗိုင်းရပ်စ် ပိုးကူးစက်ခြင်းသည်ရှားပါးပြီး၊ သေဆုံးပြီးသူ၏ ခန္ဓာကိုယ်၌ ဗိုင်းရပ်စ်ပိုးမှာ အချိန်ကြာကြာ မရှင်သန်နိုင်ကြောင်း ဖော်ပြထား ပါတယ်။

လွန်ခဲ့သည့် မတ်လ ၃၁-ရက်နေ့ ဗြိတိန်နိုင်ငံ ကျန်းမာရေးစောင်ရှောက်မှု အကြံပေးအဖွဲ့က ပြောကြားရာတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသော သေဆုံးသူ၏ ကိုယ်တွင်းအရည်များနှင့် တစ်ရှူးများ၌ ရောဂါပိုးရှိနိုင်သဖြင့် ရုပ်အလောင်းအား ထိတွေ့ ကိုင်တွယ်ရသူတို့ အနေဖြင့် ကူးစက်မှုအန္တရာယ်ကို သတိပြုသင့်ကြောင်း ပြောကြားခဲ့ ပါတယ် ။

Oung Marine

Add a Comment

Your email address will not be published. Required fields are marked *