ရန္ကုန္တိုင္း အတြင္း လက္ရွိေနထိုင္သည့္ STAY HOME ကာလ ကို ထပ္မံ တိုးျမႇင့္မႈ ဦးျဖိဳးမင္းသိန္း ညႊန္ၾကားမည္

COVID -19 ေရာဂါႏွင့္ ပတ္သက္ၿပီး ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ ကူညီပံပိုးေထာက္ပံေရး လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူ မ်ားမွအပ ျပည္သူမ်ား အေနျဖင့္ သၾကၤန္ ကာလ ႐ုံးပိတ္ရက္မ်ားျဖစ္သည့္ ဧၿပီ ၁၀ ရက္မွ ၁၉ရက္အထိ မျဖစ္မေန ေဆာင္႐ြက္ရမည့္ က်န္း မာေရးကိစၥရပ္မ်ားႏွင့္ အစားအေသာက္ ဝယ္ယူျခင္း ကိစၥရပ္မွလြဲၿပီး ေနအိမ္ျပင္ပ သို႔ ထြက္ခြာ သြားလာျခင္းမ်ား မျပဳလုပ္ဘဲ မိမိေနအိမ္ ၌ ( Stay Home )ေနထိုင္ရန္ အစိုးရမွ ေမတၱာရပ္ခံထားျခင္း ျဖစ္သည္။

ထို႔ျပင္ ရပ္ကြက္မ်ားအတြင္း အျပင္ ထြက္ရာတြင္ ကဒ္ျပားမ်ား ထုတ္ေဝေနသည့္ ဆိုေသာ သတင္းမ်ားမွာ မဟုတ္ေၾကာင္း ဝန္ႀကီး ဦး ႏိုင္ငံလင္းက ေျပာၾကားသည္။”အဲ့ဒါက လုံးဝမဟုတ္ပါဘူး။ ပုံမွန္က ကြၽန္ေတာ္တို႔ ကဒ္ေပးတယ္ဆိုတာက လူတိုင္းကိုေပးတယ္ဆိုတာက Quarantine နဲ႔ပတ္သက္ၿပီး ထမ္းေဆာင္တဲ့သူေတြ လိုအပ္သူေတြကို ‌ေပးထားတာပါ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အဲ့ဒါေတာင္မလိုအပ္ ဘူး။ ကြၽန္ေတာ္တို႔ ေမတၱာရပ္ခံထားတာ stay at home ပဲ လုပ္ထားတာ။

ရန္ကုန္တိုင္း အတြင္း လက္ရွိေနထိုင္သည့္ STAY HOME ကာလ ကို ထပ္မံ တိုးျမႇင့္မႈ ဦးျဖိဳးမင္းသိန္း ညႊန္ၾကားမည္

အမိန႔္လဲ ထုတ္ထားတာမဟုတ္ဘူး။ Lockdown လုပ္ထားတာလည္း မဟုတ္ဘူး”ဟု ဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကားသည္။ ရန္ကုန္ တိုင္းအတြင္း သတ္မွတ္ထားသည့္ Stay Home ကာလကို ထပ္မံ တိုးျမႇင့္ရန္ ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ဥကၠ႒ ၊လူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ဧၿပီ ၁၅ ရက္တြင္ ေျပာၾကားသည္။ လက္ရွိတြင္ ရန္ကုန္တိုင္းအတြင္း Stay Home ကာလကို ဧၿပီ ၁၀ ရက္မွ ဧၿပီ ၁၉ ရက္ အထိ သတ္မွတ္ထားသည္။

ရန္ကုန္တိုင္းအတြင္း သတ္မွတ္ထားသည့္ Stay Home ကာလကို ထပ္မံ တိုးျမႇင့္ရန္ ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ဥကၠ႒ ၊လူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ဧၿပီ ၁၅ ရက္တြင္ ေျပာ ၾကားသည္။အဲ့ဒါက ေကာ္မတီအစည္းအေဝးမွာ ဝန္ႀကီးခ်ဳပ္ႀကီး ၫြန္ၾကားမွျဖစ္မွာပါ။ကြၽန္ေတာ္ကေတာ့ တင္ျပထားတယ္ ။ျပည္ေထာင္ စုကလည္း ထပ္ၫြန္ၾကားမွ လုပ္လို႔ရမွာပါ”ဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကားသည္။

သၾကၤန္ ႐ုံးပိတ္ရက္ ဧၿပီ ၁၀ ရက္ မွ ၁၉ရက္ထိ က်န္းမာေရး ကိစၥႏွင့္ အစားအေသာက္ ဝယ္ယူရန္မွအပ မိမိအိမ္တြင္သာေနထိုင္ရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းေကာ္မတီ အတြင္းေရးမႉး ဦးမိုးဟိန္းလက္မွတ္ျဖင့္ ဧၿပီ ၂ ရက္ ရက္စြဲျဖင့္ ၫႊန္ၾကားစာတစ္ေစာင္ ထုတ္ျပန္ထားသည္။

REF: ELEVEN MEDIA

Unicdoe

COVID -19 ရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီပံပိုးထောက်ပံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူ များမှအပ ပြည်သူများ အနေဖြင့် သင်္ကြန် ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ရက်အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်း မာရေးကိစ္စရပ်များနှင့် အစားအသောက် ဝယ်ယူခြင်း ကိစ္စရပ်မှလွဲပြီး နေအိမ်ပြင်ပ သို့ ထွက်ခွာ သွားလာခြင်းများ မပြုလုပ်ဘဲ မိမိနေအိမ် ၌ ( Stay Home )နေထိုင်ရန် အစိုးရမှ မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

ထို့ပြင် ရပ်ကွက်များအတွင်း အပြင် ထွက်ရာတွင် ကဒ်ပြားများ ထုတ်ဝေနေသည့် ဆိုသော သတင်းများမှာ မဟုတ်ကြောင်း ဝန်ကြီး ဦး နိုင်ငံလင်းက ပြောကြားသည်။”အဲ့ဒါက လုံးဝမဟုတ်ပါဘူး။ ပုံမှန်က ကျွန်တော်တို့ ကဒ်ပေးတယ်ဆိုတာက လူတိုင်းကိုပေးတယ်ဆိုတာက Quarantine နဲ့ပတ်သက်ပြီး ထမ်းဆောင်တဲ့သူတွေ လိုအပ်သူတွေကို ‌ပေးထားတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါတောင်မလိုအပ် ဘူး။ ကျွန်တော်တို့ မေတ္တာရပ်ခံထားတာ stay at home ပဲ လုပ်ထားတာ။

အမိန့်လဲ ထုတ်ထားတာမဟုတ်ဘူး။ Lockdown လုပ်ထားတာလည်း မဟုတ်ဘူး”ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ ရန်ကုန် တိုင်းအတွင်း သတ်မှတ်ထားသည့် Stay Home ကာလကို ထပ်မံ တိုးမြှင့်ရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ဧပြီ ၁၅ ရက်တွင် ပြောကြားသည်။ လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း Stay Home ကာလကို ဧပြီ ၁၀ ရက်မှ ဧပြီ ၁၉ ရက် အထိ သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထားသည့် Stay Home ကာလကို ထပ်မံ တိုးမြှင့်ရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ဧပြီ ၁၅ ရက်တွင် ပြော ကြားသည်။အဲ့ဒါက ကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကြီး ညွန်ကြားမှဖြစ်မှာပါ။ကျွန်တော်ကတော့ တင်ပြထားတယ် ။ပြည်ထောင် စုကလည်း ထပ်ညွန်ကြားမှ လုပ်လို့ရမှာပါ”ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

သင်္ကြန် ရုံးပိတ်ရက် ဧပြီ ၁၀ ရက် မှ ၁၉ရက်ထိ ကျန်းမာရေး ကိစ္စနှင့် အစားအသောက် ဝယ်ယူရန်မှအပ မိမိအိမ်တွင်သာနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးဟိန်းလက်မှတ်ဖြင့် ဧပြီ ၂ ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားသည်။

REF: ELEVEN MEDIA

Add a Comment

Your email address will not be published. Required fields are marked *