ဂ်ာမဏီက ဟိုတယ္ၾကီးမွာ ကိုလုပ္ေတာ္ ၂၀ နဲ႔ ကိုဗစ္ စေတးေရွာင္ေနတဲ႔ ထိုင္းဘုရင္ lockdown စည္းမ်ဥ္းကိုခ်ိဳးေဖာက္ကာ မိုင္ေပါင္း ၁၂၀၀၀ ေဝးသည့္ ဘန္ေကာက္သို႔ ျပန္ျပီး ပါတီတက္

ထိုင္း ဘုရင္ မဟာဝိဇယေလာင္ကြန္း သည္ ကိုရိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈ ေပၚေပါက္ၿပီးေနာက္ပိုင္း ၿပိးခဲ့ေသာ မတ္လ ကုန္ပို င္းက ဂ်ာမနီ နိုင္ငံေတာင္ပိုင္း၊ ဘာေဘးရီးယားျပည္ နယ္ ရွိ Grand Hotel Sonnenbichi အမည္ ရွိ ဟိုတယ္ႀကီး တစ္ခုလုံး ကို ငွားရမ္းကာ ယ္လုပ္ေတာ္ ေမာင္းမ ၂၀ ဦးႏွင့္ အတူ သီးျခားေနထိုင္ေန ခဲ့သည္။

ဘုရင္ မဟာ ဝိဇယေလာင္ကြန္း

အသက္ ၆၇ ႏွစ္ရွိၿပီျဖစ္ေသာ ဘုရင္ မဟာ ဝိဇယေလာင္ကြန္း သည္ lockdown စည္းမ်ဥ္းကို ခ်ိဳးေဖာက္ကာ ၂၄ နာရီအတြင္း ထိုင္းႏွင့္ ဂ်ာမနီ အသြားအျပန္ခရီးႏွင္ခဲ့ျခင္း ျဖစ္သည္။ ဘန္ေကာက္ ရွိ ပါတီပြဲ တက္ၿပီးေနာက္ ဂ်ာမနီသို႔ ျပန္ခဲ့ျခင္းျဖစ္ၿပီး အသြားအျပန္ခရီးမိုင္ေပါင္း ၁၂၀၀၀ ေက်ာ္ရွိသည္။

Grand Hotel Sonnenbichi

ရာမ (၁၀) ဟုလည္း လူသိမ်ားေသာ ထိုင္း ဘုရင္သည္ ထိုင္းသို႔ အသြားခရီးတြင္ ဆြစ္ဇာလန္၌ သီးျခားေနထိုင္ (self-isolation) ေနေသာ မိဘုရား ဆုသီဒါကို ဝင္ေခၚရန္ ဇူးရစ္ၿမိဳ႕တြင္ ခရီးတစ္ေထာက္ရပ္နား ခဲ့ၿပီး အျပန္ခရီးတြင္လည္း ဇူးရစ္တြင္ ရပ္နားကာ ဆုသီဒါကို ခ်ထားေပးခဲ့သည္။ယင္းေနာက္ ဘာေဘးရီးယားရွိ ေဆာင္းရာသီအားကစားအပန္းေျဖစခန္းလည္းျဖစ္ေသာ ၎ငွား ရမ္းထားသည့္ Grand Hotel Sonnenbichi သို႔ ျပန္သြား ခဲ့သည္။

ဘုရင္ မဟာ ဝိဇယေလာင္ကြန္း

ထိုင္းအမ်ိဳးသားႏွစ္စဥ္ အားလပ္ရက္ တစ္ခုျဖစ္ေသာ ခ်ကၠရေန႕ အခမ္းအနားက်င္းပရန္ ထိုင္းေလေၾကာင္းလိုင္းျဖင့္ ၿပီးခဲ့ေသာ တနလၤာေန႕က ထိုင္းသို႔ျပန္သြားခဲ့ျခင္းျဖစ္သည္။ခ်ကၠရေန႕ သည္ ၎တို႔ ၏ ေတာ္ဝင္မင္းဆက္ ကို ၁၇၈၂ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည့္ အထိမ္းအမွတ္ေန႕ တစ္ခုလည္း ျဖစ္သည္။ဘန္ေကာက္တြင္ မဟာဝိဇယေလာင္ကြန္းသည္ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယု ခ်န္အိုခ်ာ၊ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ Apirat Kongsompong တို႔ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ဂုဏ္ျပဳစားပြဲတစ္ခု က်င္းပခဲ့ၾကေသး သည္ ။

Grand Hotel Sonnenbichi

ထို႔ေနာက္ ဘုရင္ ရာမ (၁) ၏ ဂူဗိမာန္သို႔ သြားေရာက္ကာ မိဖုရား ဆုသီဒါ၊ မင္းသမီး ဘက္ဂ်္ရာကီတီရာဘ၊ မင္းသမီး သီရိဝဏၰဗာရီ နာရီယတနတို႔ႏွင့္အတူ ဂါရဝျပဳခဲ့သည္။Lockdown စည္းမ်ဥ္းကို ခ်ိဳးေဖာက္ကာ မိုင္ေပါင္း ၁၂၀၀၀ ခရီးသြားခဲ့ေသာ ထိုင္းဘုရင္မင္းျမတ္က ပါတီပြဲတြင္ ေျပာၾကားခဲ့ရာ၌ ယခုကပ္ေရာဂါႀကီးသည္ မည္သူ၏အမွားေၾကာင့္မွ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။

အစိုးရက ျပႆနာ၏ရင္းျမစ္ကို သိနားလည္မႈျဖင့္ ေျဖရွင္းရမည္ျဖစ္ေၾကာင္း ထိုင္းဘုရင္က ေျပာၾကားသည္။ထိုင္းဘုရင္သည္ အခက္အခဲရင္ဆိုင္ရခ်ိန္တြင္ ျပည္သူမ်ားႏွင့္အတူေနရမည့္အစား ဂ်ာမနီတြင္ သီးျခားသြားေရာက္ေနထိုင္ေနမႈအတြက္ ေဝဖန္မႈမ်ားစြာႏွင့္ ရင္ဆိုင္ေနရသည္။လက္ရွိထိုင္းဥပေဒအရ ဘုရင္ကို ေဝဖန္ပါက ေထာင္ဒဏ္ ၃၅ ႏွစ္ က်ခံရမည္ျဖစ္ေသာေၾကာင့္ ထိုင္းနိုင္ငံတြင္းတြင္မူ ေဝဖန္သူမရွိဘဲ တိတ္ဆိတ္ေနသည္။

ဘုရင္ မဟာ ဝိဇယေလာင္ကြန္း ေမာင္းမမ်ား

မဟာဝိဇယေလာင္ကြန္းသည္ ဖခမည္းေတာ္နတ္႐ြာစံၿပီးေနာက္ ယခင္ႏွစ္ ေမလအတြင္း ခ်က္ကရီမင္းဆက္၏ ၁၂ ဆက္ေျမာက္အျဖစ္ နန္းတက္ခဲ့ျခင္းျဖစ္သည္။၆ နာရီခန႔္ ၾကာျမင့္သည့္ အဆိုပါနန္းတက္ပြဲ က်င္းပခဲ့သည့္ ကုန္က်စရိတ္မွာ ဘတ္ေငြ ၁ ဘီလီယံ (ကန္ေဒၚလာ ၃၁ ဒသမ ၂ သန္း) ခန႔္ ကုန္က်ခဲ့သည္။

ဘန္ေကာက္ၿမိဳ႕ရွိ လမ္းမ်ားေပၚတြင္ ျပည္သူေပါင္း ၂၀၀၀၀၀ ေက်ာ္က နန္းတက္ပြဲကို ေစာင့္ဆိုင္းၾကည့္ရႈခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၄၀၀၀၀ ေက်ာ္ ခ်ထားခဲ့သည္။နိုင္ငံတစ္ဝန္းရွိ ဘုန္းေတာ္ႀကီး ၄၁၀၀၀ က ဘုရင္မင္းျမတ္အတြက္ ဆုမြန္ေကာင္းေတာင္းကာ ေမတၱာပို႔ေပးခဲ့ၾကသည္။ၾကည္းတပ္၊ ေရတပ္ႏွင့္ ေလတပ္တို႔က အေျမာက္ ၇၉၅ ခ်က္ ပစ္ေဖာက္ကာ ဂုဏ္ျပဳခဲ့ၾက၏။

Credit: iMyanmarHouse.com
Ref: Thai king breaks lockdown to travel 12,000 miles to go to a party (Metro)

UNicode

ထိုင်း ဘုရင် မဟာဝိဇယလောင်ကွန်း သည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ပေါ်ပေါက်ပြီးနောက်ပိုင်း ပြိးခဲ့သော မတ်လ ကုန်ပို င်းက ဂျာမနီ နိုင်ငံတောင်ပိုင်း၊ ဘာဘေးရီးယားပြည် နယ် ရှိ Grand Hotel Sonnenbichi အမည် ရှိ ဟိုတယ်ကြီး တစ်ခုလုံး ကို ငှားရမ်းကာ ယ်လုပ်တော် မောင်းမ ၂၀ ဦးနှင့် အတူ သီးခြားနေထိုင်နေ ခဲ့သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော ဘုရင် မဟာ ဝိဇယလောင်ကွန်း သည် lockdown စည်းမျဉ်းကို ချိုးဖောက်ကာ ၂၄ နာရီအတွင်း ထိုင်းနှင့် ဂျာမနီ အသွားအပြန်ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက် ရှိ ပါတီပွဲ တက်ပြီးနောက် ဂျာမနီသို့ ပြန်ခဲ့ခြင်းဖြစ်ပြီး အသွားအပြန်ခရီးမိုင်ပေါင်း ၁၂၀၀၀ ကျော်ရှိသည်။

ရာမ (၁၀) ဟုလည်း လူသိများသော ထိုင်း ဘုရင်သည် ထိုင်းသို့ အသွားခရီးတွင် ဆွစ်ဇာလန်၌ သီးခြားနေထိုင် (self-isolation) နေသော မိဘုရား ဆုသီဒါကို ဝင်ခေါ်ရန် ဇူးရစ်မြို့တွင် ခရီးတစ်ထောက်ရပ်နား ခဲ့ပြီး အပြန်ခရီးတွင်လည်း ဇူးရစ်တွင် ရပ်နားကာ ဆုသီဒါကို ချထားပေးခဲ့သည်။ယင်းနောက် ဘာဘေးရီးယားရှိ ဆောင်းရာသီအားကစားအပန်းဖြေစခန်းလည်းဖြစ်သော ၎င်းငှား ရမ်းထားသည့် Grand Hotel Sonnenbichi သို့ ပြန်သွား ခဲ့သည်။

ထိုင်းအမျိုးသားနှစ်စဉ် အားလပ်ရက် တစ်ခုဖြစ်သော ချက္ကရနေ့ အခမ်းအနားကျင်းပရန် ထိုင်းလေကြောင်းလိုင်းဖြင့် ပြီးခဲ့သော တနင်္လာနေ့က ထိုင်းသို့ပြန်သွားခဲ့ခြင်းဖြစ်သည်။ချက္ကရနေ့ သည် ၎င်းတို့ ၏ တော်ဝင်မင်းဆက် ကို ၁၇၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အထိမ်းအမှတ်နေ့ တစ်ခုလည်း ဖြစ်သည်။ဘန်ကောက်တွင် မဟာဝိဇယလောင်ကွန်းသည် ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာ၊ ထိုင်းကာကွယ်ရေးဦးစီးချုပ် Apirat Kongsompong တို့နှင့် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပခဲ့ကြသေး သည် ။

ထို့နောက် ဘုရင် ရာမ (၁) ၏ ဂူဗိမာန်သို့ သွားရောက်ကာ မိဖုရား ဆုသီဒါ၊ မင်းသမီး ဘက်ဂျ်ရာကီတီရာဘ၊ မင်းသမီး သီရိဝဏ္ဏဗာရီ နာရီယတနတို့နှင့်အတူ ဂါရဝပြုခဲ့သည်။Lockdown စည်းမျဉ်းကို ချိုးဖောက်ကာ မိုင်ပေါင်း ၁၂၀၀၀ ခရီးသွားခဲ့သော ထိုင်းဘုရင်မင်းမြတ်က ပါတီပွဲတွင် ပြောကြားခဲ့ရာ၌ ယခုကပ်ရောဂါကြီးသည် မည်သူ၏အမှားကြောင့်မှ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ပြဿနာ၏ရင်းမြစ်ကို သိနားလည်မှုဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ထိုင်းဘုရင်က ပြောကြားသည်။ထိုင်းဘုရင်သည် အခက်အခဲရင်ဆိုင်ရချိန်တွင် ပြည်သူများနှင့်အတူနေရမည့်အစား ဂျာမနီတွင် သီးခြားသွားရောက်နေထိုင်နေမှုအတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။လက်ရှိထိုင်းဥပဒေအရ ဘုရင်ကို ဝေဖန်ပါက ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင်းတွင်မူ ဝေဖန်သူမရှိဘဲ တိတ်ဆိတ်နေသည်။

မဟာဝိဇယလောင်ကွန်းသည် ဖခမည်းတော်နတ်ရွာစံပြီးနောက် ယခင်နှစ် မေလအတွင်း ချက်ကရီမင်းဆက်၏ ၁၂ ဆက်မြောက်အဖြစ် နန်းတက်ခဲ့ခြင်းဖြစ်သည်။၆ နာရီခန့် ကြာမြင့်သည့် အဆိုပါနန်းတက်ပွဲ ကျင်းပခဲ့သည့် ကုန်ကျစရိတ်မှာ ဘတ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၁ ဒသမ ၂ သန်း) ခန့် ကုန်ကျခဲ့သည်။

ဘန်ကောက်မြို့ရှိ လမ်းများပေါ်တွင် ပြည်သူပေါင်း ၂၀၀၀၀၀ ကျော်က နန်းတက်ပွဲကို စောင့်ဆိုင်းကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော် ချထားခဲ့သည်။နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီး ၄၁၀၀၀ က ဘုရင်မင်းမြတ်အတွက် ဆုမွန်ကောင်းတောင်းကာ မေတ္တာပို့ပေးခဲ့ကြသည်။ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့က အမြောက် ၇၉၅ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြ၏။

Ref: Thai king breaks lockdown to travel 12,000 miles to go to a party (Metro)

Add a Comment

Your email address will not be published. Required fields are marked *