ကိုရိုနာဗိုင်းရပ်စ် ၀ူဟန်ဓာတ်ခွဲခန်းက လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း ( WHO ) က ထုတ်ပြန် ဟု တရုတ်ပြော
ကိုရိုနာဗိုင်းရပ်စ် ၀ူဟန်ဓာတ်ခွဲခန်းက လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း ( WHO ) က ထုတ်ပြန် ဟု တရုတ်ပြော
ကိုရိုနာဗိုင်းရပ်စ် ၀ူဟန်ဓာတ်ခွဲခန်းက လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း ( WHO ) က ထုတ်ပြန် ဟု တရုတ်ပြော
ကိုရိုနာဗိုင်းရပ်စ် ၀ူဟန်ဓာတ်ခွဲခန်းက လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း ( WHO ) က ထုတ်ပြန် ဟု တရုတ်ပြော
ကိုရိုနာဗိုင်းရပ်စ် ၀ူဟန်ဓာတ်ခွဲခန်းက လူလုပ်ဗိုင်းရပ်စ် မဟုတ်ကြောင်း ( WHO ) က ထုတ်ပြန် ဟု တရုတ်ပြော
Source- CNA
Unicode
ကမ္ဘာတစ်ဝှမ်း လူပေါင်း ၂မီလီယံကျော်ကို ကူးစက်ခဲ့ပြီဖြစ်တဲ့ Covid-19 ဟာ တရုတ်နိုင်ငံတွင်း ဓါတ်ခွဲခန်းတစ်ခု မှာ ဖန်တီးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ကိုယ်တိုင်က သက်သေခိုင်လုံမှု မရှိတဲ့ အတွက် ပယ်ချခဲ့တယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဧပြီလ ၁၆ ရက်နေ့ မှာထုတ်ပြ န်ပါတယ် ။
ကျန်း မာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Zhao Lijian က ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ Covid-19 ဟာ တရုတ်နိုင်ငံ အလယ်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဝူဟန်ဓါတ်ခွဲခန်း တစ်ခု မှာ ဖန်တီးခဲ့တယ်ဆိုတဲ့ အဆိုကိုလည်း ငြင်းပယ်ခဲ့ ပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရန့် ကတော့ သူရဲ့ အစိုးရ ကို Covid-19 ရဲ့ ရင်းမြစ်နဲ့ပတ်သတ်ပြီးစုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားတယ်လိုပြောခဲ့ကာ Mike Pompeo ကတော့ ဘေဂျင်းအစိုးရအနေနဲ့ အမေရိကန်ရှာဖွေတွေ့ရှိလာမယ့် အချက်တွေအပေါ် ဖြေရှင်းချက်ပေးဖို့လိုအပ်လိမ့်မယ် လို့ဆိုခဲ့ပါတယ်။ အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစောပိုင်း ဖော်ပြချက်တွေ မှာတော့ Covid-19 ဟာ လူလုပ်ရောဂါပိုးတစ်ခုမဟုတ်ဘူးလို့ဆိုထားပေမယ့် ထပ်မံစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့တာပါ။ သမ္မတထရန့် ကတော့ ယခုလို ကမ္ဘာကပ်ကြီးဖြစ်ပေါ်စေ ခဲ့တဲ့ အဓိကရင်းမြစ်ကိုတော့ကျွန်တော်တို့ သေချာဆန်းစစ်ရလိမ့်မယ် လို့ ဆို ပါတယ် ။
ဒါ့အပြင် ကမ္ဘာ့ ကျန်မာရေးအဖွဲ့ကြီးရဲ့ လမ်းညွှန်မှုလိုအပ်ချက်တွေနဲ့ ရောဂါပိုးကို စောစီးစွာကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ယူဆချက်တွေကြောင့် အမေရိကန် သမ္မတဒေါ်နယ် ထရန့်က WHO ကိုရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းမယ် လို့ ကြေငြာခဲ့တာ သိပြီးသားဖြစ်မှာပါ ။ နောက် တစ်ချက်က WHO ရန်ပုံငွေရဲ့၁၅ ရာခိုင်နှုန်းလောက်ဟာ အမေရိကန် ရဲ့ထောက်ပံ့ငွေဖြစ်ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတင် ဒေါ်လာ ၄၀၀ မီလီယံလှူဒါန်းခဲ့ ပါတယ်။ ယခုဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲ Patrice Harris က ” ယခုလိုအချိန်မှာ ရန်ပုံငွေထောက်ပံ့မှုရပ်တန့်လိုက်ခြင်းဟာ မဖြစ်သင့်ပဲ Covid-19 ကိုတိုက်ဖျက်ဖို့လည်း အချိန်ပိုကြာသွားနိုင်တဲ့ အတွက်ကြောင့် ပြန်လည်စဉ်းစားဖို့ တိုက်တွန်းခဲ့ ပါတယ် ။ ”
WHO ဟာ United Nations ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အဖွဲ့ အစည်းတစ်ခုလဲဖြစ် ပါတယ် ။ ယခုရော ဂါကပ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ဖို့အတွက် WHO အနေဖြင့် ရန်ပုံငွေ ဒေါ်လာ ၁ဘီလီယံကျော် လို အပ်တယ်လို့ ကြေငြာခဲ့ ပါတယ် ။
WHO အကြီး အကဲ Mr. Antonio Guteeres ကလည်း “ ယခု အချိန်ဟာ WHO မှ မဟုတ်ပဲ ယခုရောဂါပိုး ကို ကူညီ တိုက်ထုတ်ပေးနေ တဲ့ အဖွဲ့အစည်းတွေ ရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ မသင့်လျော်ပါဘူး စည်းစည်းလုံးလုံးနဲ့ ရောဂါပိုးကြီးကို တိုက်ထုတ်ရမယ့်အချိန်ပါ” လို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။
Source- CNA
Add a Comment
Your email address will not be published. Required fields are marked *