ဟိုတယ္ဝန္ထမ္းျဖစ္သူ လူနာအမွတ္ ( ၇၉ ) ၏ ေနအိမ္ႏွင့္ ၎ အလုပ္လုပ္သည့္ ရန္ကုန္ျမို႕လယ္ေကာင္မွ ဟိုတယ္ကို Lockdown ခ်

COVID- 19 ကူးစက္ခံရေၾကာင္း အတည္ျပဳလူနာ အမွတ္ ၇၉ ႏွင့္ ဆက္စပ္ထိေတြ႕မႈ ရွိခဲ့ျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕ ပန္းဘဲတန္း ၿမိဳ႕နယ္ ေ႐ႊတိဂုံဘုရားလမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္ရွိ Pan Pacific ဟိုတယ္ ကို ဧၿပီ ၁၆ ရက္ ယေန႔ညေနပိုင္းက စတင္ ၍ Lockdown ခ်ထားၿပီးျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားလာေရး ၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးအဆင့္ရွိ အရာရွိတစ္ဦးက အတည္ျပဳေျပာၾကားလုိက္ ပါတယ္။

လူနာအမွတ္ ၇၉ သည္ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ေ႐ႊတိဂုံဘုရားလမ္းေထာင့္ရွိ ဟိုတယ္အရက္ဘားမွ ဝန္ထမ္းျဖစ္ၿပီး ၎၏ေနအိမ္ႏွင့္ အလုပ္လုပ္သည့္ ဟိုတယ္ကို Lockdown ခ်ထားေၾကာင္း ဗဟန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာၾကားသည္။

Junction City ကပ္ရက္ PanPacificHotel

ယင္းလူနာသည္ မိခင္အိမ္တြင္လည္း မၾကာခဏ သြားအိပ္ေလ့ရွိ၍ ဗဟန္းၿမိဳ႕နယ္ စမ္းေရတြင္းလမ္းရွိ ၎မိခင္ေနထိုင္ရာအိမ္ႏွင့္ ဗဟန္းၿမိဳ႕နယ္၊ က်ိဳကၠဆံရပ္ကြက္၊ ျမလမ္းမွ ၎၏ေနအိမ္တို႔ကို အသြားအလာကန့္သတ္ထားေၾကာင္း ဦးထြန္းျမင့္က ေျပာသည္။

“သူက အဲ့ဒီဟိုတယ္က ဘားမွာ လုပ္တာ။ ၁၄ ရက္ေန႕က ေဆးခန္းသြားျပၿပီး အဖ်ားႀကီးၿပီး ေခ်ာင္းဆိုးလို႔ ေဆး႐ုံကို လႊတ္လိုက္တာ။ စစ္လိုက္ေတာ့ ပိုးေတြ႕တာ” ဟု ဦးထြန္းျမင့္က ဆိုသည္။

Junction City ကပ္ရက္ PanPacificHotel

၎အလုပ္လုပ္သည့္ ဟိုတယ္ႏွင့္ ျပသခဲ့သည့္ေဆးခန္း မွာ ပန္းဘဲတန္းၿမိဳ႕နယ္တြင္ျဖစ္ ၍ ၎ႏွင့္ ထိေတြ႕ခဲ့သူမ်ားကို အဆိုပါၿမိဳ႕နယ္မွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ရွာေဖြမည္ျဖစ္ေၾကာင္း ဦးထြန္းျမင့္က ဆက္ေျပာသည္ ။

” ကြၽန္ေတာ္ တို႔ကို ေျဖဖို႔ ခြင့္မေပးထားပါဘူး ။ အခု လူႀကီးေတြ အစည္းအေဝးလုပ္ေနၾက ပါတယ္။ ၿပီးရင္ေတာ့ ထုတ္ျပန္စရာရွိတာေတြ ထုတ္ျပန္ေပးသြား မွာပါ ” ဟု အဆိုပါ ဟိုတယ္မွ တာဝန္ရွိသူတစ္ဦး က ဖုန္းျဖင့္ ျပန္လည္ေျဖၾကားသည္ ။

Junction City ကပ္ရက္ PanPacificHotel

လူနာအမွတ္ ၇၉ ၏ အမ်ိဳးသမီးႏွင့္ ကေလး မွာ ၎ဖ်ားေနခ်ိန္ တြင္ ၿပီးခဲ့သည့္ သုံးရက္ခန့္ က ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ ႐ြာသာယာ႐ြာ သို႔ ျပန္သြားသည့္အတြက္ အဆိုပါေနရာကိုပါ Lockdown လုပ္ရန္ အေၾကာင္းၾကားထားေၾကာင္း ဗဟန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္သားလွယ္ ဦးထြန္းျမင့္က ေျပာသည္ ။

အဆိုပါ လူနာအမွတ္ ၇၉ သည္ ေရာဂါပိုးရွိသူႏွင့္ ထိေတြ႕ခဲ့ျခင္းမရွိသလို ခရီးသြားရာဇဝင္လည္း မရွိဘဲ ေရာဂါကူးစက္ခံရျခင္းျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယေန႕ ( ဧၿပီလ ၁၆ရက္ ) တြင္ သတင္းထုတ္ျပန္ ထားသည္။

Junction City ကပ္ရက္ PanPacificHotel

ဧၿပီ ၁၆ ရက္ ယေန႔ညပိုင္း ထုတ္ျပန္ခဲ့သည့္ Pan Pacific Yangon ၏ ထုတ္ျပန္ခ်က္အရ က်န္းမာေရးႏွင့္ အားကစား‌ဝန္းႀကီးဌာန၏ လမ္းၫႊန္ အႀကံျပဳခ်က္အရ ဟိုတယ္ကို ဧၿပီ လ ၁၆ ရက္က စတင္ၿပီ ၂၁ ရက္ၾကာယာယီ ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း၊ လိုအပ္ေသာ က်န္းမာေရး လိုက္နာ ေဆာင္႐ြက္မႈမ်ားအတြက္ ေဒသဆိုင္ရာ တာဝန္ရွိသူမ်ား၏ ၫႊန္ၾကားခ်က္ႏွင့္ ကမာၻ႔ က်န္းမားေရးအဖြဲ႕၏ လမ္းၫႊန္ခ်က္မ်ားကို လိုက္နာသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

Junction City ကပ္ရက္ PanPacificHotel

ျမန္မာႏိုင္ငံတြင္ ယခုအခ်ိန္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၈၅) ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန၏ ယေန႔ေခၚယူေတြ႕ဆုံမႈအရ COVID- 19 ကူးစက္ခံရမႈ အတည္ျပဳ လူနာသည္ ဟိုတယ္ႏွင့္ ဆက္စပ္သူျဖစ္‌ေၾကာင္း သိရၿပီး ဟိုတယ္အေနျဖင့္ ၎ႏွင့္ ၎၏ မိသားစု အတြက္ လိုအပ္ေသာ ပံ့ပိုးမႈမ်ားကို ျပဳလုပ္ေပးသြားရန္ရွိေၾကာင္း ဟိုတယ္၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။

Unicode

COVID- 19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ အမှတ် ၇၉ နှင့် ဆက်စပ်ထိတွေ့မှု ရှိခဲ့ခြင်းကြောင့် ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Pan Pacific ဟိုတယ် ကို ဧပြီ ၁၆ ရက် ယနေ့ညနေပိုင်းက စတင် ၍ Lockdown ချထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိတစ်ဦးက အတည်ပြုပြောကြားလိုက် ပါတယ်။

လူနာအမှတ် ၇၉ သည် ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ဟိုတယ်အရက်ဘားမှ ဝန်ထမ်းဖြစ်ပြီး ၎င်း၏နေအိမ်နှင့် အလုပ်လုပ်သည့် ဟိုတယ်ကို Lockdown ချထားကြောင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောကြားသည်။

ယင်းလူနာသည် မိခင်အိမ်တွင်လည်း မကြာခဏ သွားအိပ်လေ့ရှိ၍ ဗဟန်းမြို့နယ် စမ်းရေတွင်းလမ်းရှိ ၎င်းမိခင်နေထိုင်ရာအိမ်နှင့် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ မြလမ်းမှ ၎င်း၏နေအိမ်တို့ကို အသွားအလာကန့်သတ်ထားကြောင်း ဦးထွန်းမြင့်က ပြောသည်။

“သူက အဲ့ဒီဟိုတယ်က ဘားမှာ လုပ်တာ။ ၁၄ ရက်နေ့က ဆေးခန်းသွားပြပြီး အဖျားကြီးပြီး ချောင်းဆိုးလို့ ဆေးရုံကို လွှတ်လိုက်တာ။ စစ်လိုက်တော့ ပိုးတွေ့တာ” ဟု ဦးထွန်းမြင့်က ဆိုသည်။

၎င်းအလုပ်လုပ်သည့် ဟိုတယ်နှင့် ပြသခဲ့သည့်ဆေးခန်း မှာ ပန်းဘဲတန်းမြို့နယ်တွင်ဖြစ် ၍ ၎င်းနှင့် ထိတွေ့ခဲ့သူများကို အဆိုပါမြို့နယ်မှ သက်ဆိုင်ရာအဖွဲ့အစည်းများက ရှာဖွေမည်ဖြစ်ကြောင်း ဦးထွန်းမြင့်က ဆက်ပြောသည် ။

” ကျွန်တော် တို့ကို ဖြေဖို့ ခွင့်မပေးထားပါဘူး ။ အခု လူကြီးတွေ အစည်းအဝေးလုပ်နေကြ ပါတယ်။ ပြီးရင်တော့ ထုတ်ပြန်စရာရှိတာတွေ ထုတ်ပြန်ပေးသွား မှာပါ ” ဟု အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦး က ဖုန်းဖြင့် ပြန်လည်ဖြေကြားသည် ။

လူနာအမှတ် ၇၉ ၏ အမျိုးသမီးနှင့် ကလေး မှာ ၎င်းဖျားနေချိန် တွင် ပြီးခဲ့သည့် သုံးရက်ခန့် က ကြို့ပင်ကောက်မြို့နယ် ရွာသာယာရွာ သို့ ပြန်သွားသည့်အတွက် အဆိုပါနေရာကိုပါ Lockdown လုပ်ရန် အကြောင်းကြားထားကြောင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်သားလှယ် ဦးထွန်းမြင့်က ပြောသည် ။

အဆိုပါ လူနာအမှတ် ၇၉ သည် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့ခြင်းမရှိသလို ခရီးသွားရာဇဝင်လည်း မရှိဘဲ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ( ဧပြီလ ၁၆ရက် ) တွင် သတင်းထုတ်ပြန် ထားသည်။

ဧပြီ ၁၆ ရက် ယနေ့ညပိုင်း ထုတ်ပြန်ခဲ့သည့် Pan Pacific Yangon ၏ ထုတ်ပြန်ချက်အရ ကျန်းမာရေးနှင့် အားကစား‌ဝန်းကြီးဌာန၏ လမ်းညွှန် အကြံပြုချက်အရ ဟိုတယ်ကို ဧပြီ လ ၁၆ ရက်က စတင်ပြီ ၂၁ ရက်ကြာယာယီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော ကျန်းမာရေး လိုက်နာ ဆောင်ရွက်မှုများအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့် ကမ္ဘာ့ ကျန်းမားရေးအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ခေါ်ယူတွေ့ဆုံမှုအရ COVID- 19 ကူးစက်ခံရမှု အတည်ပြု လူနာသည် ဟိုတယ်နှင့် ဆက်စပ်သူဖြစ်‌ကြောင်း သိရပြီး ဟိုတယ်အနေဖြင့် ၎င်းနှင့် ၎င်း၏ မိသားစု အတွက် လိုအပ်သော ပံ့ပိုးမှုများကို ပြုလုပ်ပေးသွားရန်ရှိကြောင်း ဟိုတယ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *