ေရႊတိဂံုေစတီေတာ္ၾကီးအား ေနာက္ထပ္ေၾကျငာခ်က္မထြက္မျခင္း ဆက္လက္ ပိတ္ထားမည္

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ရဲ႕အမိန႔္ ထုတ္ျပန္ခ်က္ ( အမိန႔္အမွတ္ ၃၇ / ၂၀၂၀ ) အရ ေ႐ႊတိဂုံ ေစတီေတာ္ျမတ္ႀကီးကို ယာယီဆက္လက္ ပိတ္ထားမယ္ လို႔ဘဏၰာေတာ္ထိန္းေဂါပ က အဖြဲ႕ က ထုတ္ျပန္ထား ပါ တယ္ ။

ကမာၻလုံး ဆိုင္ရာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကပ္ေရာဂါဆိုး ကိုဗစ္နဲ႔ ရန္ကုန္ၿမိဳ႕တြင္းျဖစ္ေပၚေနတဲ့အေျခအေနေၾကာင့္လို႔လည္း ဆိုထားပါတယ္။ ျပန္ၿပီးဖြင့္မယ့္ရက္ကို ႀကိဳတင္အသိေပး ေၾကညာသြားမယ္ လို႔လည္း‌ ထည့္သြင္းေျပာၾကားထား ပါတယ္။

ေရႊတိဂံုေစတီေတာ္ၾကီးအား ေနာက္ထပ္ေၾကျငာခ်က္မထြက္မျခင္း ဆက္လက္ ပိတ္ထားမည္

ေရႊတိဂံု ေစတီေတာ္ျမတ္ႀကီး တြင္ ဌာပနာထားေသာ ဓာတ္ေတာ္ျမတ္ ၄-ပါး

ဥကၠလာပမင္းႀကီး တည္ထား ကိုးကြယ္ေတာ္မူေသာ ေ႐ႊတိဂုံ ေစတီေတာ္ႀကီး၌ ဘုရား ၄-ဆူ၏ ဓာတ္ေတာ္ျမတ္ေလးဆူကို ဌာပနာထားသည္ဟု အဆိုရွိသည္။ ဗုဒၶျမတ္စြာတို႔၏ ဆံေတာ္ျမတ္၊ ဓာတ္ေတာ္ျမတ္တို႔အား ရန္သူတို႔ အလြယ္တကူ မဖ်က္ဆီးႏိုင္ရန္အတြက္ နတ္တို႔သည္ ဌာပနာ တိုက္ထည့္သြင္းတည္ရန္ ႀကံ႐ြယ္ၿပီး သိဂၤုတၱရကုန္းေတာ္ အလယ္တည့္တည့္ ၌ ေဇာက္ ၄၀၄ေတာင္၊ အနံ ၄၄ ေတာင္ရွိသည့္ ဥမင္လိုဏ္ေခါင္းတစ္ခုတူးခဲ့ ၏ ။ ထိုဥမင္ လိုဏ္ေခါင္းအတြင္း ၌

(၁) ဆူးေလနတ္ႀကီးထံမွ ရရွိေသာ ကကုႆန္ျမတ္စြာဘုရားရွင္၏ ေတာင္ေဝွးေတာ္၊ (၂) ေရာဟဏီမည္ေသာ ဗိုလ္တေထာင္နတ္ႀကီးထံမွ ရရွိသည့္ ေကာဏာဂမန ျမတ္စြာဘုရားရွင္၏ ေရစစ္ေတာ္၊ (၃) ဒကၡိဏ မည္ေသာ သကၤန္းကြၽန္း က်ိဳကၠဆံ နတ္ႀကီးထံမွ ရရွိသည့္ ကႆပျမတ္စြာဘုရားရွင္၏ ေရသႏုပ္သကၤန္းေတာ္ျမတ္၊ (၄) တဖုႆႏွင့္ ဘလႅိက ညီေနာင္တို႔ထံမွ ရရွိေသာ ေဂါတမျမတ္စြာဘုရားရွင္ ၏ ဆံေတာ္ျမတ္ (၄) ဆူအား

မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ တေပါင္း လျပည့္ေန႔၌ ေက်ာက္ဖ်ာအခင္းအကာမ်ား ျပဳလုပ္၍ ဌာပနာတိုက္ ထည့္သြင္းေတာ္မူခဲ့သည္။ ထိုဆံေတာ္ဓာတ္တို႔ကို ‘အၿမိႆရ’ မည္ေသာ ေမွာ္ဘီနတ္ႀကီးက ေစာင့္ရသည္ဟု ေမာ္ေဓာ ရာဇာဝင္သမိုင္းႏွင့္ ေ႐ႊတိဂုံသမိုင္း၊ အျခား ပညာရွိတို႔ကဆိုၾကသည္။

Unicode

ရွှေတိဂုံစေတီတော်ကြီးအား ထပ်မံမကြေညာသရွေ့ ဆက်လက် ပိတ်ထားမည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့အမိန့် ထုတ်ပြန်ချက် ( အမိန့်အမှတ် ၃၇ / ၂၀၂၀ ) အရ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ယာယီဆက်လက် ပိတ်ထားမယ် လို့ဘဏ္ဏာတော်ထိန်းဂေါပက အဖွဲ့က ထုတ်ပြန်ထား ပါတယ် ။

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါဆိုး ကိုဗစ်နဲ့ ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေတဲ့အခြေအနေကြောင့်လို့လည်း ဆိုထားပါတယ်။ ပြန်ပြီးဖွင့်မယ့်ရက်ကို ကြိုတင်အသိပေး ကြေညာသွားမယ် လို့လည်း‌ ထည့်သွင်းပြောကြားထား ပါတယ်။

ရွှေတိဂုံ စေတီတော်မြတ်ကြီး တွင် ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး

ဥက္ကလာပမင်းကြီး တည်ထား ကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိင်္ဂုတ္တရကုန်းတော် အလယ်တည့်တည့် ၌ ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့ ၏ ။ ထိုဥမင် လိုဏ်ခေါင်းအတွင်း ၌

(၁) ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ (၂) ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဏာဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်၊ (၃) ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်၊ (၄) တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင် ၏ ဆံတော်မြတ် (၄) ဆူအား

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။

Add a Comment

Your email address will not be published. Required fields are marked *