Covid-19 နဲ႔ ပတ္သက္ျပီး တရုတ္ရဲ႕ လိမ္လည္ေျပာစကား ျပင္သစ္သမၼတ ဒဲ႔ရွင္းပီ

ျပင္သစ္သမၼတ အင္မန္ႏုရယ္ မာခ႐ြန္က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ့ပြားမႈ အေပၚ တ႐ုတ္ကိုင္ တြယ္ပုံ ကို ေမးခြန္း ထုတ္လိုက္ၿပီ အျခင္းအရာေတြ ျဖစ္ပ်က္သြားတာကို က်ေနာ္တို႔ မသိလိုက္ရဘူးလို႔ ေျပာၾကားခဲ့ ပါတယ္ ။

မစၥတာ မာခ႐ြန္က Financial Times ကို ေျပာၾကားရာ မွာေတာ့ တ႐ုတ္နိုင္ငံက ဒီအက်ပ္အတည္း ကို ေကာင္းေကာင္းကိုင္ တြယ္ခဲ့တယ္လို႔ ေျပာရင္ေတာ့ တုံးလြန္းရာက်တယ္လို႔ ဆို ပါတယ္။

Covid-19 နဲ႔ ပတ္သက္ျပီး တရုတ္ရဲ႕ လိမ္လည္ေျပာစကား ျပင္သစ္သမၼတ ဒဲ႔ရွင္းပီ

အေနာက္နိုင္ငံေတြဟာ သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္ေရးေဂဟာေတြမွာ ေသလိုရာေသေစ ပစ္ထားတယ္ဆိုတဲ့ တ႐ုတ္သံ႐ုံး၀ဘ္ဆိုက္က ေဆာင္းပါးတစ္ပုဒ္ေၾကာင့္ ေဝဖန္ကန႔္ကြက္သံေတြ ဆူညံလာၿပီးေနာက္မွာ မာခ႐ြန္က အခုလိုေျပာၾကားလိုက္တာပဲ ျဖစ္ပါတယ္။

ျပင္သစ္နိုင္ငံျခားေရး၀န္ႀကီးက တ႐ုတ္သံအမတ္ကို ေခၚၿပီး တရား၀င္ကန႔္ကြက္ခဲ့တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ဖက္ကေတာ့ နားလည္မႈလြဲျခင္းသာျဖစ္တယ္လို႔ ေျပာၾကားၿပီး အစိုးရေျပာခြင့္ရပုဂၢိဳလ္ ေက်ာင္းလီက်န္းကေတာ့ ကူးစက္ေရာဂါကို ျပင္သစ္ ကိုင္တြယ္ပုံနဲ႕ ပတ္သက္လို႔ အဆိုးျမင္မွတ္ခ်က္စကားကို ဘယ္တုန္းကမွ မေျပာခဲ့ဘူးလို႔လည္း ျငင္းဆန္ခဲ့ပါတယ္။

Covid-19 နဲ႔ ပတ္သက္ျပီး တရုတ္ရဲ႕ လိမ္လည္ေျပာစကား ျပင္သစ္သမၼတ ဒဲ႔ရွင္းပီ

ျပင္သစ္နိုင္ငံ မွာ Covid-19 ေရာဂါ ကူးစက္ခံရသူ ၁၄၁၀၀၀ရွိၿပီး ၁၈၀၀၀နီးပါး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။ တ႐ုတ္နိုင္ငံမွာေတာ့ ေသာၾကာေန႕က ေၾကညာခဲ့တဲ့ ဝူဟန္ၿမိဳ႕မွာ ေနာက္ထပ္ ၁၂၉၀ဦးအပါအ၀င္ ၄၆၃၂ေယာက္ ေသဆုံးခဲ့ပါတယ္။ ဝူဟန္ၿမိဳ႕ဟာ ကူးစက္ေရာဂါ စတင္တဲ့ေနရာျဖစ္ေပမယ့္လည္း မၾကာေသးမီကပဲ ပိတ္သိမ္းမႈကို ဖယ္ရွားလိုက္ၿပီ ျဖစ္ပါတယ္။

ေဒသအာဏာပိုင္ေတြက အေစာပိုင္းသတင္းေတြဟာ ၾကန႔္ၾကာေနခဲ့ၿပီး တိလည္းမတိက်ဘဴးလို႔ ဆိုပါ တယ္။

အေမရိကန္၊ ယူေကနဲ႕ ျပင္သစ္အပါအ၀င္ နိုင္ငံေတြကေတာ့ ကူးစက္ေရာဂါနဲ႕ ပတ္သက္တဲ့ တ႐ုတ္ရဲ႕ ပြင့္လင္းျမင္သာမႈကို ေမးခြန္းထုတ္ေနၾကပါတယ္။
ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ရာမွာ တ႐ုတ္အာဏာပိုင္စနစ္ရဲ႕ ထိေရာက္မႈက အေနာက္ဒီမိုကေရစီနိုင္ငံေတြရဲ႕ အားနည္းခ်က္ကို မီးေမာင္းထိုးျပသလိုမ်ားျဖစ္ေနသလားလို႔ ေမးျမန္းတဲ့အခါမွာေတာ့ မစၥတာမာခ႐ြန္က ပြင့္လင္းလူ႕အဖြဲ႕အစည္းေတြနဲ႕ အမွန္တရားကို ဖိႏွိပ္ထားတဲ့ လူ႕အဖြဲ႕အစည္းႏွစ္ရပ္ကို ႏွိုင္းယွဥ္စရာမဟုတ္ပါဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

Covid-19 နဲ႔ ပတ္သက္ျပီး တရုတ္ရဲ႕ လိမ္လည္ေျပာစကား ျပင္သစ္သမၼတ ဒဲ႔ရွင္းပီ

“အဲဒီလို မတူကြဲျပားမႈေတြ အရ ဒီေန႕တ႐ုတ္ျပည္က ဘာလဲ။ အက်ပ္အတည္းကို တ႐ုတ္နိုင္ငံက ပိုၿပီး ေကာင္းေကာင္းကိုင္တြယ္နိုင္ခဲ့တယ္လို႔ ေျပာရေလာက္ေအာင္ေတာ့ မတုံးသင့္ပါဘူး”လို႔ မာခ႐ြန္က ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ ဘာမွမသိၾကဘူး။ အျခင္းအရာေတြဟာ က်ေနာ္တို႔ မသိဘဲ ျဖစ္ပ်က္သြားခဲ့တယ္ဆိုတာ ထင္ရွားပါတယ္”လို႔လည္း မာခ႐ြန္က ထပ္ေလာင္းေျပာၾကားပါတယ္။

ကူးစက္ေရာဂါကို တိုက္ဖ်က္ဖို႔ လြတ္လပ္ခြင့္ေတြါကို လ်စ္လ်ဴရႈလိုက္တာက အေနာက္ဒီမိုကေရစီအတြက္ အႏၲရာယ္ရွိတယ္။ ဒါကို က်ေနာ္တို႔ လက္မခံနိုင္ပါဘူး။ က်န္းမာေရးအႏၲရာယ္ႀကဳံေနရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ေတာ့ အေျခခံဗီဇကို လ်စ္လ်ဴရႈလို႔မရပါဘူးလို႔လည္း မာခ႐ြန္က ေျပာၾကားသြားခဲ့ပါတယ္။

Writer_ေနဇင္ထြန္း ( XYZ News )
Source : BBC

Unicode

ပြင်သစ်သမ္မတ အင်မန်နုရယ် မာခရွန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု အပေါ် တရုတ်ကိုင် တွယ်ပုံ ကို မေးခွန်း ထုတ်လိုက်ပြီ အခြင်းအရာတွေ ဖြစ်ပျက်သွားတာကို ကျနော်တို့ မသိလိုက်ရဘူးလို့ ပြောကြားခဲ့ ပါတယ် ။

မစ္စတာ မာခရွန်က Financial Times ကို ပြောကြားရာ မှာတော့ တရုတ်နိုင်ငံက ဒီအကျပ်အတည်း ကို ကောင်းကောင်းကိုင် တွယ်ခဲ့တယ်လို့ ပြောရင်တော့ တုံးလွန်းရာကျတယ်လို့ ဆို ပါတယ်။

အနောက်နိုင်ငံတွေဟာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရေးဂေဟာတွေမှာ သေလိုရာသေစေ ပစ်ထားတယ်ဆိုတဲ့ တရုတ်သံရုံးဝဘ်ဆိုက်က ဆောင်းပါးတစ်ပုဒ်ကြောင့် ဝေဖန်ကန့်ကွက်သံတွေ ဆူညံလာပြီးနောက်မှာ မာခရွန်က အခုလိုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သံအမတ်ကို ခေါ်ပြီး တရားဝင်ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ဖက်ကတော့ နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ ပြောကြားပြီး အစိုးရပြောခွင့်ရပုဂ္ဂိုလ် ကျောင်းလီကျန်းကတော့ ကူးစက်ရောဂါကို ပြင်သစ် ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အဆိုးမြင်မှတ်ချက်စကားကို ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့လည်း ငြင်းဆန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ မှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၁၄၁၀၀၀ရှိပြီး ၁၈၀၀၀နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ သောကြာနေ့က ကြေညာခဲ့တဲ့ ဝူဟန်မြို့မှာ နောက်ထပ် ၁၂၉၀ဦးအပါအဝင် ၄၆၃၂ယောက် သေဆုံးခဲ့ပါတယ်။ ဝူဟန်မြို့ဟာ ကူးစက်ရောဂါ စတင်တဲ့နေရာဖြစ်ပေမယ့်လည်း မကြာသေးမီကပဲ ပိတ်သိမ်းမှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

ဒေသအာဏာပိုင်တွေက အစောပိုင်းသတင်းတွေဟာ ကြန့်ကြာနေခဲ့ပြီး တိလည်းမတိကျဘူးလို့ ဆိုပါ တယ်။

အမေရိကန်၊ ယူကေနဲ့ ပြင်သစ်အပါအဝင် နိုင်ငံတွေကတော့ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်နေကြပါတယ်။
ကူးစက်ရောဂါကို ထိန်းချုပ်ရာမှာ တရုတ်အာဏာပိုင်စနစ်ရဲ့ ထိရောက်မှုက အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြသလိုများဖြစ်နေသလားလို့ မေးမြန်းတဲ့အခါမှာတော့ မစ္စတာမာခရွန်က ပွင့်လင်းလူ့အဖွဲ့အစည်းတွေနဲ့ အမှန်တရားကို ဖိနှိပ်ထားတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကို နှိုင်းယှဉ်စရာမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

“အဲဒီလို မတူကွဲပြားမှုတွေ အရ ဒီနေ့တရုတ်ပြည်က ဘာလဲ။ အကျပ်အတည်းကို တရုတ်နိုင်ငံက ပိုပြီး ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောရလောက်အောင်တော့ မတုံးသင့်ပါဘူး”လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဘာမှမသိကြဘူး။ အခြင်းအရာတွေဟာ ကျနော်တို့ မသိဘဲ ဖြစ်ပျက်သွားခဲ့တယ်ဆိုတာ ထင်ရှားပါတယ်”လို့လည်း မာခရွန်က ထပ်လောင်းပြောကြားပါတယ်။

ကူးစက်ရောဂါကို တိုက်ဖျက်ဖို့ လွတ်လပ်ခွင့်တွေါကို လျစ်လျူရှုလိုက်တာက အနောက်ဒီမိုကရေစီအတွက် အန္တရာယ်ရှိတယ်။ ဒါကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ကျန်းမာရေးအန္တရာယ်ကြုံနေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အခြေခံဗီဇကို လျစ်လျူရှုလို့မရပါဘူးလို့လည်း မာခရွန်က ပြောကြားသွားခဲ့ပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : BBC

Add a Comment

Your email address will not be published. Required fields are marked *