နိုင္ဂ်ီးရီးယားသမၼတ ၏ ထိပ္တန္း လက္ေထာက္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ကယ္လြန္

နိုင္ဂ်ီးရီးယားနိုင္ငံသမၼတ Muhammadu Buhari ၏ ဝန္ထမ္းအဖြဲ႕အႀကီးအကဲ Mallam Abba Kyari သည္ COVID-19 ေရာဂါ အား ကုသမႈခံယူေနစဥ္ ကြယ္လြန္သြားေၾကာင္း သမၼတ႐ုံး ၏ ဧၿပီ ၁၈ ရက္ အေစာပိုင္း ေၾကညာခ်က္တြင္ အတည္ျပဳခဲ့သည္။

အသက္ ၇၀ ေက်ာ္အ႐ြယ္ရွိ Kyari သည္ ေရာဂါအခံလည္း ရွိသျဖင့္ ဧၿပီ ၁၈ ရက္ တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။ ၎သည္ သမၼတ Buhari ႏွင့္ အနီးကပ္ဆုံး လူမ်ားအနက္လည္း တစ္ဦးျဖစ္သည္။

နိုင္ဂ်ီးရီးယားသမၼတ ၏ ထိပ္တန္း လက္ေထာက္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ကယ္လြန္

သမၼတ ၏ ထိပ္တန္း လက္ေထာက္ျဖစ္သူ Kyari သည္ မတ္လ တြင္ ဂ်ာမနီနိုင္ငံ သို႔တရားဝင္ ခရီးစဥ္ သြားေရာက္ခဲ့ရာ မွ ျပန္လာၿပီးေနာက္ COVID-19 ဗိုင္းရပ္ ကူးစက္ခံထားရေၾကာင္း စမ္းသပ္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္ ။

မတ္လ ၂၉ ရက္ တြင္ COVID-19 ေရာဂါ ကူးစက္ခံရေၾကာင္း ၎ကိုယ္တိုင္ေၾကညာခ်က္တြင္အတည္ျပဳခဲ့ၿပီး ၎ကစီးပြားေရးအခ်က္အခ်ာၿမိဳ႕ ျဖစ္ေသာလားဂို႔စ္ရွိ က်န္းမာေရးဌာနသို႔ကုသခံရန္သြားေရာက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့ သည္။

Kyari က ၎အေနျဖင့္ ေရာဂါကူးစက္ခံရေသာ္လည္း က်န္းမာေရးေကာင္းလ်က္ ရွိေၾကာင္းႏွင့္ COVID-19 ေရာဂါလကၡဏာမ်ား၎တြင္ မျပသေသးေၾကာင္း ထိုေၾကညာခ်က္ထဲတြင္ ေျပာခဲ့သည္ ။

နိုင္ဂ်ီးရီးယားေရာဂါ ထိန္းခ်ဳပ္ေရးဌာန က ဧၿပီ ၁၇ ရက္အထိ တစ္နိုင္ငံလုံးတြင္ COVID-19 ေရာဂါျဖစ္ပြားသူ ၄၉၃ ဦးႏွင့္ ေသဆုံးသူ ၁၇ ဦးရွိေၾကာင္း အတည္ျပဳခဲ့သည္။

ref;ALJAZEERA

Unicode

နိုင်ဂျီးရီးယားနိုင်ငံသမ္မတ Muhammadu Buhari ၏ ဝန်ထမ်းအဖွဲ့အကြီးအကဲ Mallam Abba Kyari သည် COVID-19 ရောဂါ အား ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သမ္မတရုံး ၏ ဧပြီ ၁၈ ရက် အစောပိုင်း ကြေညာချက်တွင် အတည်ပြုခဲ့သည်။

အသက် ၇၀ ကျော်အရွယ်ရှိ Kyari သည် ရောဂါအခံလည်း ရှိသဖြင့် ဧပြီ ၁၈ ရက် တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ ၎င်းသည် သမ္မတ Buhari နှင့် အနီးကပ်ဆုံး လူများအနက်လည်း တစ်ဦးဖြစ်သည်။

သမ္မတ ၏ ထိပ်တန်း လက်ထောက်ဖြစ်သူ Kyari သည် မတ်လ တွင် ဂျာမနီနိုင်ငံ သို့တရားဝင် ခရီးစဉ် သွားရောက်ခဲ့ရာ မှ ပြန်လာပြီးနောက် COVID-19 ဗိုင်းရပ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည် ။

မတ်လ ၂၉ ရက် တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ၎င်းကိုယ်တိုင်ကြေညာချက်တွင်အတည်ပြုခဲ့ပြီး ၎င်းကစီးပွားရေးအချက်အချာမြို့ ဖြစ်သောလားဂို့စ်ရှိ ကျန်းမာရေးဌာနသို့ကုသခံရန်သွားရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ သည်။

Kyari က ၎င်းအနေဖြင့် ရောဂါကူးစက်ခံရသော်လည်း ကျန်းမာရေးကောင်းလျက် ရှိကြောင်းနှင့် COVID-19 ရောဂါလက္ခဏာများ၎င်းတွင် မပြသသေးကြောင်း ထိုကြေညာချက်ထဲတွင် ပြောခဲ့သည် ။

နိုင်ဂျီးရီးယားရောဂါ ထိန်းချုပ်ရေးဌာန က ဧပြီ ၁၇ ရက်အထိ တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ ၄၉၃ ဦးနှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း အတည်ပြုခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *